မိုးကောင်း ဧပြီ ၆
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဧပြီ၆ရက် ညနေ၄နာရီခွဲက
လက်တွန်းလယ်ထွန်စက်ဖြင့် သဲတိုက်လာသူအား အရက်မူးနေသူက ဓားဖြင့်ခုတ်ရာမှ
ဓားခုတ်ခံရသူ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်နေ မောင်ရီ(၃၃)နှစ်သည်
လက်တွန်းလယ်ထွန်စက်ဖြင့် သဲများတင်ဆောင်၍ နေအိမ်သို့မောင်းနှင်လာစဉ်
တစ်ရပ်ကွက်တည်းနေ ဆံဖေ(၅၆)နှစ်မှ အရက်မူးပြီး အရိုး/အသွား ၂ ပေ ၈
လက်မခန့်ရှိ ကိုင်းခုတ်ဓားမဖြင့်ခုတ်ရာမှ မောင်ရီတွင်
ယာဘက်ရင်အုံနှင့်လက်ဖျံအတွင်းပိုင်း၌ ပြတ်ရှဒါဏ်ရာတစ်ချက်စီရရှိပြီး
မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသခံယူစဉ်
သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှုကျူးလွန်သူ ဆံဖေအား
မိုးကောင်းမြို့မရဲစခန်းတွင်
(ပ)၇၂/၂၀၁၈၊အမှုကြီးအမှတ်စဉ်(၆/၂၀၁၈)ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ
No comments:
Post a Comment
thanks for visiting