နေပြည်တော် ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ (၁၇)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို သတ်၍
လက်ဝတ်ရတနာပစ္စည်းများ ယူဆောင်သွားသူအား ဧပြီ ၅ ရက်က ဖမ်းဆီးရမိခဲ့ ကြောင်း
သိရသည်။
ဖြစ်စဉ်မှာ ဖျာပုံမြို့ (၁၇)ရပ်ကွက်နေ မသန္တာဝင်း (၃၁ နှစ်)မှာ ပျောက်ဆုံးနေ
သဖြင့် ၄င်း၏အစ်မဖြစ်သူ ဒေါ်ခင်ခင်ထွန်း(၃၉ နှစ်)က ဧပြီ ၁ ရက် နံနက် ၇
နာရီက ဖျာပုံမြို့မရဲစခန်းသို့ အကြောင်းကြားထားရှိခဲ့သည်။
ဧပြီ ၄ ရက် ညနေ ၅ နာရီခွဲက ဖျာပုံမြို့နယ် ဗန်ဒါပင်ကျေးရွာ
ပင်လယ်သောင်ကမ်းစပ်ရှိ ခရာတော၌ အမျိုးသမီး တစ်ဦးအလောင်း တွေ့ရှိကြောင်း
သတင်းအရ ဒေါ်ညိမ်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးပြီး
ဒေါ်ခင်ခင်ထွန်းအား ခေါ်ယူပြသခဲ့ရာ ¤င်း၏ ညီမဖြစ်သူ မသ္တာဝင်း၏
အလောင်းဖြစ်ကြောင်း အတည်ပြုသဖြင့် ဒေါ်ညိမ်းနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်
စစ်ဆေးခဲ့သည်။
တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းခဲ့စဉ် ဧပြီ ၅ ရက်က မသင်္ကာဖွယ်တွေ့ရှိသူ
ဉာဏ်လင်း(၂၂ နှစ်)အား စစ်ဆေးရာ ဧပြီ ၁ ရက် နံနက် ၇ နာရီခွဲက
ဗန်ဒါပင်ကျေးရွာ နေ ဆိုင်ကယ် ကယ်ရီမောင်းဉာဏ်လင်း(၂၂ နှစ်)မှ မသ္တာဝင်းအား
ငါးခြောက် ရောင်းရန်ရှိကြောင်းပြောဆို၍ ခေါ်ဆောင်သွားကြောင်း၊ ထို့နောက်
ဗန်ဒါပင်ကျေးရွာ သောင်ကမ်းစပ် ခရာတောအရောက်၌ ဆိုင်ကယ်ရပ်ကာ ဉာဏ်လင်းမှ
မသ္တာဝင်း အားဆွဲ၍ ခရာတောအတွင်းဆွဲခေါ်စဉ် ရုန်းကန်သောကြောင့်
လည်ပင်းညစ်သတ်ခဲ့ပြီး မသ္တာဝင်းထံမှ ဆွဲကြိုး တစ်ကုံး၊ ကျောက်ဆွဲသီးတစ်ခု၊
နားကွင်းတစ်ရန်၊ လက်စွပ် တစ်ကွင်းနှင့် ငွေကျပ် ၆ဝ၉ဝဝဝ တို့အား
ယူဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ဉာဏ်လင်းအား
ဒေါ်ညိမ်းနယ်မြေရဲစခန်းက ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ကိုရဲ
Myanmaalinn
No comments:
Post a Comment
thanks for visiting