Showing posts with label Movie. Show all posts
Showing posts with label Movie. Show all posts
Monday, October 29, 2018
Sunday, October 28, 2018
Friday, September 21, 2018
The Shining - 1980
၁၉၈၀ ခုနှစ်က အရမ်းအောင်မြင်ခဲ့တဲ့ Drama/ Horror
ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားဟာ နာမည်ကျော် The Shawshank Redemption ဇာတ်ကားရဲ့
မူရင်းစာရေးဆရာ Steven King ရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ကို
ရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။
Rating အရ IMDb 8.4/10 နဲ့ RT 88% ရရှိခဲ့တာပါ။
Old but Gold ပါပဲ….

ဇာတ်လမ်းကတော့………..
ဘဝမှာ အောင်မြင်မှုမရခဲ့တဲ့ ကျောင်းဆရာလူထွက် ဖခင်တစ်ယောက်…
ခင်ပွန်းနဲ့သားကို ချစ်တတ်လွန်းတဲ့မိခင်တစ်ယောက်….
ထူးခြားတဲ့ပါရမီတစ်ခုကို ပိုင်ဆိုင်ထားပြီး
ချစ်ရာကောင်းတဲ့ ကောင်လေးတစ်ယောက်…..
အဲဒီသုံးယောက်ပေါင်းစပ်ထားပြီး မပြည့်စုံတဲ့ မိသားစုတစ်ခုဟာ
မကြာသေးမီအချိန်ကပဲ ဆိုးရွားတဲ့
လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တဲ့၊ ရာသီဥတုဆိုးတဲ့ဆောင်းတွင်း ကာလမှာ
ပိတ်ထားရပြီး အင်ဒီးယန်းတွေရဲ့ သုဿန်မြေဟောင်းပေါ်မှာ
တည်ဆောက်ထားတဲ့ ကော်လိုရာဒိုက
ရှေးဟောင်းဟိုတယ်တစ်ခုမှာ ဆောင်းတွင်းဘက် ဟိုတယ်အစောင့်
အလုပ်ကို လက်ခံခဲ့ပြီးတဲ့နောက်မှာတော့……..
ဒီဇာတ်ကားမှာ အော်စကာဆုအတွက်
ရာထားခံရမှုအများဆုံးနဲ့၊ အော်စကာဆု ၃ ဆု ဆွတ်ခူးခဲ့သူဖြစ်တဲ့
Jack Nicholson က ခေါင်းဆောင်ပါဝင်ထားပြီး ထိပ်တန်း
Horror Movies List မှာပါဝင်တဲ့ ဇာတ်ကားကောင်း
ဇာတ်ကားဟောင်းဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။
Tuesday, September 18, 2018
The Blind Side - 2009
IMDb….7.7
Imdb (7.7) အထိရရှိခဲ့သော ဇာတ်ကားဖြစ်ပါသည်။Michael Oher ၏ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားသည့်
Biography , Drama , Sport ဇာတ်ကားတစ်ကားဖြစ်သည်။
Michael Oher (Quinton Aaron) သည် အိမ်ခြေမဲ့ လူမည်းကလေးငယ်တစ်ဦးဖြစ်သည်။မိဘမဲ့ကျောင်းမှခေါ်ယူခြင်းခံရပြီး
မွေးစားမိဘအိမ်များမှလည်း ထွက်ပြေးလာသည်။ အကြိမ်ပေါင်းများစွာ လမ်းဘေးတွင် နေထိုင်ပြီး အိမ်ယာမဲ့ဘဝနှင့်ရှင်သန်သည်။
သူငယ်ချင်း၏ အဖေဖြစ်သူသည် ကျောင်းတစ်ကျောင်းမှ ဘောလုံးအသင်းနည်းပြဖြစ်ပြီး Michael ၏ လှုပ်ရှားမှူ့များကိုမြင်တွေ့ကာ
ကျောင်းအသင်းအတွက်ခေါ်ယူသွားခြင်းခံရသည်။ကျောင်းသင်ခန်းစာများတွင်လည်း ဆရာများက စာသင်မရသော
ကလေးဟုမှတ်ချက်ပြုခံရသည်။
Michael အတွက် နွေးထွေးသောမိသားစုတွင် နေထိုင်ခွင့်ရခဲ့သည်။ ပညာသင်ခွင့်ရခဲ့သည်။
ကစားပွဲများတွင်
ဝင်ရောက်ကစားရန်အခွင့်အရေးများရခဲ့သည်။
ဝင်ရောက်ကစားရန်အခွင့်အရေးများရခဲ့သည်။
The Blind Side ဇာတ်ကားထဲတွင် Michael သည် မည်သို့မည်ပုံ ကြီးပြင်းရင့်ကျက်လာမည်နည်း ၊
ကစားပွဲများကြားထဲမှ
အခက်အခဲများ ၊ တစ်ဘဝလုံးတွင်ရရှိသော ဒုတိယအခွင့်အရေးဖြစ်သည့် ကျောင်းအသင်းကရွေးချယ်ခံရမည်လား။
အမေရိကန်နိုင်ငံ၏ လူဖြူ လူမည်း ခွဲခြားမှူ့များကို Michael တစ်ယောက်မည်ကဲ့သို့ ကြံ့ကြံ့ခံမည် ၊
မျှော်လင့်ချက်မဲ့နေသော အိမ်ယာမဲ့ လူမည်းကလေးငယ် ဘဝမှ မည်ကဲ့သို့အောင်မြင်အောင် ပြောင်းလဲပစ်ခဲ့သည်များကိုThe Blind Side ရုပ်ရှင်တွင် ဆက်လက်ရှူ့ စားပါ ခင်ဗျာအခက်အခဲများ ၊ တစ်ဘဝလုံးတွင်ရရှိသော ဒုတိယအခွင့်အရေးဖြစ်သည့် ကျောင်းအသင်းကရွေးချယ်ခံရမည်လား။
အမေရိကန်နိုင်ငံ၏ လူဖြူ လူမည်း ခွဲခြားမှူ့များကို Michael တစ်ယောက်မည်ကဲ့သို့ ကြံ့ကြံ့ခံမည် ၊
Jungle (2017)
ဒီကားလေးကတော့ စာရေးဆရာ Yossi Ghinsberg ရဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ပြန်လည်ပုံဖော်ပြီးအသက်သွင်းထားတာဖြစ်ပါတယ်
ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ ( Daniel Radcliffe ) ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ်နဲ့ ဓာတ်ပုံဆရာ ကယ်ဗင်တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်
၃ယောက်အတူခရီးရှေ့ဆက်ကြရင်း La Puz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်
ကားလ်က ယိုစီ့ကို တောနက်ထဲက အင်ဒီးယန်းလူမျိုးစုတွေရှိတဲ့နေရာကိုသူခေါ်သွားပေးနိုင်ကြောင်းပြောခဲ့တယ် သူကရွှေတွေလိုက်ရှာသူဖြစ်ကြောင်းလဲပြောခဲ့တယ်
ကားလ်ခေါ်တဲ့တောနက်ထဲကို ယိုစီ ကယ်ဗင် နဲ့ မားကပ်စ်တို့ ၃ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ်ခြေထောက်မှာဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေဖြစ်ခဲ့ပါတယ်
အချင်းချင်း စိတ်အခန့်မသင့်တွေဖြစ်ကာ လမ်းကိုယ်စီခွဲပြီး ခရီးဆက်ကြရင်း ဒုက္ခတွေတွေ့ကြုံရပြီး ယိုစီတစ်ယောက်ထဲ တောနက်ထဲမှာ ဘယ်လိုအသက်ရှင်ရမလဲ သူ့သူငယ်ချင်းတွေကရော ဘာတွေဖြစ်သွားလဲ သူ့ကိုပြန်လာကယ်မလားဆိုတာကိုကြည့်ရမဲ့ Survivor movie လေးပါ
The Meg - 2018
2018 ထဲက ရှားရှားပါးပါး ရုံတင်ထားတဲ့ ငါးမန်းရုပ်ရှင်
The Meg ကို CM ကနေ HD Rip အဆင့် နဲ့ တင်ဆက်ပေးလိုက်ပါပြီ
ဒီရုပ်ရှင်ကားဟာ မကြာသေးခင် လ ကမှ ရုံချခဲ့တာ ဖြစ်ပြီး အစောဆုံး HD rip အဖြင့် ကြည့်နိုင်တာပါ
ရုပ်ရှင်တွင် ကိုရီးယား စာသားများ ပါရှိသဖြင့် မြန်မာစာကို နောက်ခံ အမဲ ဖြင့် တင်ဆက်ပေးထားလို့
မျက်စိနောက် သက်သာကြမှာပါ
The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဟာ
ရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်
လူတိုင်းချစ်ကြတဲ့ အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး
တရုတ်မင်းသမီးချောလေး Bingbing Li လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇတ်လမ်း ပုံစံကတော့ မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာ
ရေအောက် အနက်ဆုံးကြမ်းပြင်သို့ လေ့လာရေး အဖွဲ့ကို စေလွှတ်ပြီး
မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်…
ဒါပေမယ့် ကြောက်မက်ဖွယ်ကောင်းတဲ့ အနက်ဆုံးရေအောက်ကြမ်းပြင်မှာ
နှစ်ချို့ သတ္တ၀ါကြီးတွေ ကျတ်စားရာ ဒေသ ဖြစ်ပြီး အမျိုးအမည်မသိ
သတ္တ၀ါ အချို့ ရဲ့ တိုက်ခိုက်မှုကို ခံရပြီး ရေငုတ်ယဉ်ငယ် ဟာ
လေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်
ဒီနောက်မှာတော့ အားလုံးကို အဆက်ဖြတ်ပြီး
ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူ
ဂျိုးနက်စ် ကို သွားပင့်ရပါတော့တယ်
အင်မတန် ချေနေတဲ့ ဂျိုးနက်စ် က ပိုက်ဆံဘယ်လောက်ပေးပေး
မလိုက်ဘူးဆိုပေမယ့် အဲ့ဒီ ပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယဉ်ငယ် တွင်
သူ့ Ex ပါ ပါသွားတာကို သိခဲ့ရပြီး ကယ်ဆယ်ဖို့ လိုက်သွားပါတော့တယ်…
ဂျိုးနက်စ် တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင် မှာ ဒုက္ခရောက်နေတဲ့သူတွေကို
ဘယ်လို ကယ်တင်နိုင်မလဲ မမြင်ရတဲ့ သတ္တ၀ါကြီးတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့
ဆက်လက်ကြည့်ရှုလိုက်ကြပါစို့လား….
Mandy (2018)
နာမည်ကျော် မင်းသားကြီး နီကိုးလက်စ် ကေ့ဂ်ျ အကြာကြီးပျောက်နေပြီးမှ
ပြန်ပေါ်လာတဲ့ ရုပ်ရှင်ကားလို့ပဲ ပြောရမလား
မင်းသားကြီးကို လွမ်းနေတဲ့သူတွေ အတွက်
အကောင်းဆုံး သရုပ်ဆောင်ထားပေးပါတယ်
ဒီ Mandy ဆိုတဲ့ ရုပ်ရှင်ကားဟာ ဘာသာရေး အစွန်းရောက် တဲ့
ပုံစံမျိုးကို ပြသထားပြီး သွေးထွက်သံယို အခန်းတွေ ၊ ညစ်ညမ်းတဲ့ အခန်းတွေ
အတော်များများ ပါဝင်လို့ နှလုံးရောဂါ ရှိသူများ ကလေးသူငယ်များ မကြည့်သင့်ပါ
မိသားစု အတူ ကြည့်ရှုရန် မသင့်တော်ပါ
ဇတ်လမ်းကို ၁၉၈၃ ခုနှစ် ၀န်းကျင် ပုံစံဖန်တီးထားပြီး
ရဒ် နဲ့ မန်ဒီ ဆိုတဲ့ လင်မယား ၂ ယောက် ဟာ
လူတွေ နဲ့ ဝေးတဲ့ နေရာတစ်ခုမှာ အိမ်လေး ဆောက်ပြီး
ပျော်ပျော်ရွှင်ရွှင် နေကြတာပေါ့…
ဒါပေမယ့် တစ်ရက်မှာတော့ ရဒ် ရဲ့ အမျိုးသမီး မန်ဒီ ကို
ဘာသာရေးအစွန်းရောက် ခေါင်းဆောင် တစ်ဦးက လမ်းတစ်နေရာမှာ
ဖြတ်ခနဲ မြင်ပြီးနောက် မနေနိုင် မထိုင်နိုင်တွေ ဖြစ်ပြီး သူ့ အနား
ခေါ်ထားချင်တာနဲ့ လူသတ် သမား အုပ်စု ကို ရဒ် နဲ့ မန်ဒီ တို့ဆီ
လွှတ်ပြီး ဖမ်းခိုင်းပါတော့တယ်…
ရဒ် နဲ့ မန်ဒီ တို့ဟာ ငရဲခန်း တမျှ ဆိုးရွားလှတဲ့
ဘာသာရေး အရူးတွေလက်က လွတ်မလား
သေပဲ သွားကြမလား ဆိုတာတော့
Subscribe to:
Posts (Atom)