မိမိနှစ်သက်ရာ Games Software လေးများ တောင်းဆိုနိုင်ပါတယ်
Showing posts with label Local news. Show all posts
Showing posts with label Local news. Show all posts

Wednesday, August 6, 2014

၁၁နှစ်အရွယ်အိမ်နီးချင်း မိန်းကလေးကို အဓမ္မ ပြုကျင့်ခဲ့တဲ့ ၁၄နှစ်သား

မြောက်ကယ်လိုရိုင်းနား မှာတော့ထိတ်လန့်ဖွယ် ဖြစ် ရပ်တစ်ခု ယမန်နှစ်က ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အသက် ၁၄နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ သူ့ရဲ့ အိမ်နီးချင်းဖြစ်သူ အသက် ၁၁နှစ်အရွယ် မိန်းကလေး ငယ်ကို သူမရဲ့အိပ်ယာထဲမှာအဓမ္မပြုကျင့်ခဲ့ပြီး နိုင်ထက် စီးနင်း ပြုခဲ့ပါတယ်။

McKenzie Mae Sessoms လို့ အမည်ရတဲ့ ငါးတန်းကျောင်းသူလေးကို သူမရဲ့အိပ်ယာမှာ ခေါင်းအုံးနဲ့ ဖိသတ်ခံထားရတာကို ယမန်နှစ် စက်တင်ဘာလ ၆ရက်နေ့ မနက်မှာ တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ဆယ်ကျော်သက်အ ရွယ် ယောက်ျားလေး တစ်ဦးကို မုဒိမ်းမှုနဲ့ လူသတ်မှုတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ကြေငြာခဲ့ပေမယ့် ဘယ်သူ ဘယ်ဝါ ဆိုတာကိုတော့ ထုတ်ဖော်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် မိသားစုတွေနဲ့ အိမ်နီးချင်းတွေကတော့ သူဟာ Antonio Trey Jones ဖြစ်ပြီး အခုဆိုရင် အသက် ၁၅နှစ်ပြည့်တော့မယ့်သူ ဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။

အဆိုပါ ကျူးလွန်မှု ဖြစ်ခဲ့စဉ်က Jones ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ ဘိုးအေ ဖြစ်သူ Howard Jones နဲ့အ တူ အသတ်ခံရတဲ့ မိန်းကလေးရဲ့ အိမ်နားမှာရှိတဲ့ အိမ်တစ်အိမ်မှာ အတူနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

ကောင်လေးရဲ့ ဘိုးအေ ဖြစ်သူကတော့ အကယ်၍ ဒီပြစ်မှုကို သူကျူးလွန်ခဲ့တယ်ဆိုရင် အခုလို သူ့ကို ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော်ကတော့ ဒါပဲပြောနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရဲမှတ်တမ်းများအရ မိန်းကလေးငယ်ကို ခေါင်းအုံးနဲ့ဖိထားပြီး အဲဒီအတွက်ကြောင့် အသက်ရှူရပ်သွား တာဖြစ်ကြောင်း မှတ်တမ်းမှာရေးသားထားပါတယ်။ ဒါ့အပြင် သူမရဲ့ အတွင်းခံဘောင်း ဘီဟာ လည်း အောက်ကို လျောကျနေပြီး သူမကိုတော့ စောင်နဲ့ အုပ်ထားတယ်လို့ ရဲမှတ်တမ်းများ အရ သိရပါတယ်။

သူမအသတ်ခံရပြီး နောက်တစ်နေ့မနက်မှာတော့ ကျောင်းသွားဖို့အတွက် သူမရဲ့ ဖခင်က လာနှိုးတဲ့အခါမှ သူမသေဆုံးနေကြောင်း တွေ့ရှိရတာ ဖြစ်ပါတယ်။ သူမတို့နေအိမ်မှာတော့ သူမအဖေ၊ အရွယ်ရောက်နေပြီ ဖြစ်တဲ့ သူမရဲ့အစ်ကို နဲ့ သူမတို့ သုံးဦးသာ နေထိုင်ကြောင်း သိရပါတယ်။ သူမရဲ့ အကိုဖြစ်သူဟာလည်း အဲဒီနေ့မနက်မှ မိသားစုအိမ်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲကနေ ပြန်လာခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Jones ဆိုတဲ့ ကောင်လေးကိုတော့ မိန်းကလေးရဲ့ ကိုယ်ပေါ်မှာ ကျန်နေခဲ့တဲ့ DNA နဲ့ တိုက်စစ်ပြီး ရလာတဲ့ အဖြေများအရ ပြစ်မှုကျူးလွန်သူ ဖြစ်ကြောင်း ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ် မတိုင်ခင်က ကောင်လေးကို မိန်းကလေးရဲ့အိမ်ကို ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့ဖူးတယ် လို့ ပြောပါတယ်။ အကြောင်းကတော့ သူဟာ မိန်းကလေးကို ရုတ်ရင်းကြမ်းကြုတ်တဲ့ သဘောပါတဲ့ ထင်မြင်ချက်တွေ ပေးတဲ့အတွက်လို့ မိန်းကလေးရဲ့ မိသားစုကပြောပါတယ်။

ဒါပေမယ့်လည်း Jones မိသားစုရဲ့ အသိမိတ်ဆွေတွေကတော့ ကောင်လေးဟာ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေသူ တစ်ဦးဖြစ်ပြီး အာရုံကြောဆိုင်ရာ ရောဂါခံစားနေရတဲ့အတွက် ဒီလို ဖြစ်ရပ်မျိုး ကျူးလွန်မယ့်သူ မဖြစ်နိုင်ကြောင်းနဲ့ သူဟာ အခြားကလေးနဲ့ မတူဘဲ ခွဲခြားထားပြီး ပညာသင်ကြားနေရသူ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

ကောင်လေးရဲ့ အဘိုးကတော့ Jones ဟာ သူ့မိခင်နဲ့ အတူနေထိုင်ဖို့ သူ့ဆီကနေ ပြောင်းသွားခဲ့ ဖူးကြောင်း ပြောပါတယ်။ ပတ်ဝန်းကျင်မှ သူတွေကတော့ ကောင်လေးဟာ ချစ်စရာကောင်းပြီး ဒီလို အပြုအမှုမျိုးကို ကျူးလွန်မယ့်သူ မဖြစ်နိုင်ကြောင်းနဲ့ ရဲများက မှားယွင်းနေတာ ဖြစ်နိုင်ကြောင်း ထင်မြင်ယူ ဆချက်တွေ ကွဲလွဲနေကြပါတယ်။

မိန်းကလေးရဲ့ မိဘများကတော့ သူတို့လည်း ကောင်လေးဟာ ယခုလို ပြုလုပ်လိမ့်မယ်လို့ မထင် ထားကြောင်းနဲ့ သူတို့ရဲ့ သမီးကို ယခုလို သူတို့နဲ့ အဝေးဆုံးခွဲသွားလိမ့်မယ်သူ လို့ မယုံ ကြည်ကြောင်း ပြောပြပါတယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ယခုလို ပြစ်မှု ကျူးလွန်ခဲ့တဲ့ ကောင်လေးကို ဖမ်းဆီးပေးနိုင်ခဲ့တဲ့အတွက် တာဝန်ရှိသူများနဲ့ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ကောင်လေးကိုတော့ ဘယ်လို အပြစ်ဒဏ်ချမှတ်မယ် ဆိုတာ မသိရသေးပါဘူး။

World-Myanmar News

မင်းသားရဲ့ ပါး၊ နှုတ်ခမ်း၊ နားနဲ့ ရင်ဘတ်ကို နမ်းရမည့်အခန်းပါ၍ သက်မွန်မြင့်မရိုက်ခဲ့သည့် "ကျွန်မက နှင်းဆီပါမောင်" ရုပ်ရှင်ကား ပြပြီ

အားလုံးသိကြတဲ့အတိုင်း ဒါရိုက်တာဝိုင်းက သူရိုက်ကူးမယ့် 'ကျွန်မက နှင်းဆီ ပါမောင်'ရုပ်ရှင်ဇာတ်ကားကို 'အာဒံရယ်၊ ဧ၀ရယ်၊ ဒဿ ရယ်' ဇာတ်ကားမှာ သူနဲ့ လက်တွဲပြီး အကယ်ဒမီရခဲ့တဲ့ သက်မွန်မြင့်နဲ့ ရိုက်ကူးဖို့ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမဲ့ မူရင်းဝတ္ထုထဲမှာ မပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေဖြစ်တဲ့ မင်းသားရဲ့ ပါး၊ နှုတ် ခမ်း၊ နားနဲ့ရင်ဘတ်တို့ကို နမ်းပြီးသရုပ်ဆောင်ရမယ့်အခန်း ပါဝင်တာကြောင့် ဇာတ်ကားရိုက်ကူးဖို့သက်မွန်မြင့်က ငြင်းဆန်ခဲ့ပါတယ်။

စာရေးဆရာမ ပုညခင်ရဲ့ဝတ္ထုကို အခြေခံပြီး ရိုက်ကူးတာဖြစ်တာကြောင့် စာရေးဆရာမကလည်းမြန်မာ့ယဉ်ကျေးမှုအရ ရိုက်မပြသင့်တဲ့အခန်းတွေ ကို ဖြုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒါရိုက်တာ ၀ိုင်းက လက်မခံခဲ့ပါဘူး။ အခုတော့ ကန့်ကွက်မှုတွေ ရှိခဲ့တဲ့ 'ကျွန်မက
နှင်းဆီပါမောင်' ရုပ်ရှင်ဇာတ်ကားကြီးကို ပြီးခဲ့တဲ့စနေနေ့က မင်္ဂလာစံပြရုပ်ရှင်ရုံမှာ အထူးပွဲအနေနဲ့
ဧည့်ပရိသတ်များကို ပြသနိုင်ခဲ့ပါပြီ။

ဘ၀ရဲ့ အလှည့်အပြောင်းတွေကို ခါးစည်းခံခဲ့ရတဲ့ ထားသခင်အဖြစ် အကယ်ဒမီ ဖွေးဖွေးက
တကယ့်ကိုပီပီပြင်ပြင်နဲ့ ပိုင်နိုင်စွာသရုပ်ဆောင်ခဲ့တာကြောင့် ဇာတ်ကားကြည့်ခဲ့ရတဲ့စာရေးသူ
ကတော့ ထားသခင်နေရာက ဖွေးဖွေးနဲ့တောင် ပိုပြီးအံဝင်ခွင်ကျဖြစ်တယ်လို့ ခံစားမိပါတယ်။

'ကျွန်မက နှင်းဆီပါမောင်' ရုပ်ရှင်ဇာတ်ကားကြီးမှာ ထားသခင်က ဖခင်နဲ့ မိခင်တို့ရဲ့ တကွဲတပြားစီ
ဖြစ်နေတဲ့ အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ဖခင်ရဲ့အမေ လောင်းကစားကို ခုံမင်တဲ့ အဘွား
သူဌေးမကြီး ဒေါ်ထားခင်ရဲ့ အရိပ်အောက်မှာ ကြီးပြင်းခဲ့ရတဲ့ မြေးမလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။

ဘွားအေရဲ့အလို လိုက်မှုနဲ့ ငယ်ရွယ်စဉ်ကတည်းက တစ်ပါးသူအပေါ် အဆင့်အတန်း ခွဲခြားဆက်ဆံ
ပြီး မောက်မာတဲ့ ကလေးမလေးတစ်ယောက်ပေါ့။

တစ်နေ့မှာ သူမတို့ ပိုင်ဆိုင်တဲ့ ပြင်ဦးလွင်က မဟူရာစံအိမ်ကြီးကို သွားရောက်လည်ပတ်ရင်း
ခြံထဲမှာ အလုပ်လုပ်တဲ့ စိုင်းခွန်းသဆိုတဲ့ ရွယ်တူကောင်လေးနဲ့ အလုပ်သမား၊ အလုပ်ရှင်
ဆက်ဆံရေးပုံစံနဲ့ တွေ့ဆုံခဲ့ပါတယ်။

မာနကြီး ခက်ထန်တဲ့ထားသခင်ရဲ့ ဗိုလ်ကျတဲ့အပြုအမူ တွေဖြစ်တဲ့ ဖိနပ်စီးခိုင်းတာ၊ ဖိနပ်ရေဆေး
ခိုင်းတာ စတာတွေကြောင့် ခွန်းသအနေနဲ့ မကျေမနပ်ဖြစ်ရပုံတွေကို ၀ါရင့်ကလေးသရုပ်ဆောင်
ဟဲဗီးဖြိုးနဲ့ ယွန်းယွန်းတို့က သဘာဝကျကျ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။

နောက်တစ်ခေါက် ပြင်ဦးလွင်ကို သွားရောက်တဲ့ အခါမှာလည်း လူပျို၊ အပျိုအရွယ်ဖြစ်နေပေမယ့်
ထားသခင်က နောက်ထပ်တစ်ကြိမ် သူ့ဖိနပ်ကို ခွန်းသအနေနဲ့ ထပ်စီးပေးရတဲ့အခြေအနေတွေ
ဖြစ်အောင်လုပ်လိုက်တဲ့အခါမှာတော့ ခွန်းသအနေနဲ့ အမျက်ဝင်လို့ ထားသခင်ကို တစ်နေ့
ပိုင်ဆိုင်ရမယ်လို့ဆိုပြီး သူမရဲ့ ရှေ့မှောက်မှာပဲ ကြုံးဝါးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထားသခင်ရဲ့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲသွားတယ်လို့ ဆိုရမှာပါ။

နိုင်ငံခြားမှာရှိတဲ့ ဖခင်ဖြစ်သူလည်း သေ၊ အဘွားရဲ့ လောင်းကစားကြွေးတွေကြောင့် ပိုင်ဆိုင်မှုတွေ
ကုန်တဲ့အပြင် အဲဒီစိတ်နဲ့ပဲ အဘွားဖြစ်သူဟာ နောက်ဆုံးမှာ ကွယ်လွန်သွားပါတော့တယ်။

တစ်ကောင်ကြွက်ဘ၀ ရောက်သွားတဲ့အခါမှာတော့ ထားသခင်ဟာ တစ်ဝမ်းတစ်ခါးအတွက်
လောကဓံရဲ့ ကြမ်းတမ်းမှုတွေကို စတင်ရင်ဆိုင်ရပါပြီ။

ပထမဦးဆုံးအလုပ်ဖြစ်တဲ့ ဖိနပ်ရောင်းတဲ့ ကောင်တာမှာ အရောင်းစာရေးမအလုပ်ကိုလည်း သူမရဲ့
ကြွပ်ဆတ်ဆတ်အမူအရာကြောင့် မလုပ်နိုင်ခဲ့ပြန်ပါဘူး။

အဲဒီအချိန်မှာပဲ သူဌေးကြီးတစ်ယောက် ဖြစ်နေပြီဖြစ်တဲ့ ခွန်းသနဲ့ တွေ့ဆုံလို့ ထားသခင်နဲ့ ခွန်းသ
တို့ နှစ်ယောက်ရဲ့ မာနနဲ့ ကလဲ့စားချေမှုတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းဆုံးတဲ့အထိ တစ်ယောက်ကိုတစ်ယောက် ကလဲ့စားချေ၊ အနိုင်ယူမှုတွေကြားမှာပဲ
ပြီးဆုံးသွားမလား၊ ကလဲ့စားချေမှုတွေကနေ အချစ်စစ်အဖြစ်ပဲ ပြောင်းလဲနိုင်မလားဆိုတာကို
မကြာခင် ရုံတင်လာတဲ့အခါမှာတော့ သွားရောက်ကြည့်ရှုပြီး အဖြေထုတ်ကြပါလို့။

အဲဒီထဲမှာ အများက လက်မခံနိုင်တဲ့ ဇာတ်ဝင်ခန်းဖြစ်တဲ့ ဇာတ်ကောင် ခွန်းသကို ထားသခင်က
နမ်းတဲ့အခန်းကလည်း မြန်မာ့မျက်စိ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ယှဉ်ရင် မရိုင်းရလေအောင် လှည့်ကွက်
တွေသုံးထားတဲ့ ဒါရိုက်တာ ၀ိုင်းရဲ့ အရည်အချင်းနဲ့ နေတိုး၊ ဖွေးဖွေးတို့ရဲ့ သဏ္ဌာန်လုပ်
သရုပ်တူအောင် အနုပညာဆန်ဆန် တင်ဆက်ထားတာကို တွေ့ရမှာပါ။

စာရေးဆရာမ ပုညခင်ရဲ့ အုပ် ၁၀၀ ပြည့် ၀တ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး နဂိုမူရင်း ၀တ္ထုမှာ
ကတည်းက ပရိသတ်အားပေးမှုကို တစ်ခဲနက်ရထားတဲ့အပြင် နာမည်ကျော် ဒါရိုက်တာဝိုင်းရဲ့
ခံစားမှုတွေကို ဖြည့်စွက်လိုက်တဲ့အခါမှာတော့ မြန်မာ့ရုပ်ရှင်ဈေးကွက်မှာ ပေါက်နေတဲ့ သာမန်
ချစ်ကြိုက်ကွဲညား ကလိထိုးရယ်ရတဲ့ ဟာသရုပ်ရှင်ဇာတ်လမ်းတွေထဲကနေ တကယ်ပဲ ကွဲထွက်လို့
နေပါတယ်။

ဒီဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ဖွေးဖွေး၊
အကယ်ဒမီ ယွန်းယွန်းနဲ့ ဟဲဗီးဖြိုးတို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်ကားကြာချိန်က ၂ နာရီ၊ မိနစ် ၂၀ ဆိုပေမယ့် နောက်ဆုံးပေါ် 4K Digital နည်းပညာနဲ့
ရိုက်ကူးထားတဲ့ ဇာတ်ကားသစ် ဖြစ်တာကြောင့် ရုပ်သံကြည်လင်ပြတ်သားမှုကို အပြည့်အဝ
ခံစားရမှာပါ။

ဒါ့ပြင် တစ်ကားလုံး အချိတ်အဆက်မိမိ ရိုက်ကူးတင်ဆက်သွားတဲ့ ဒါရိုက်တာရဲ့ အစွမ်းအစတွေနဲ့
သရုပ်ဆောင်တွေရဲ့ပီပြင်မှုကြောင့် ကြည့်ရှုတဲ့ပရိသတ်တွေ စိတ်ကျေနပ်စေမယ်လို့ ပြောချင်ပါ
တယ်။

Myanmar Times

တစ်မိနစ် ၂၅ ကျပ်နဲ့ဖုန်းခေါ်နိုင်မယ့် MPT ရဲ့ဝန်ဆောင်မှုအသစ်





မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး Operator သစ်ဖြစ်တဲ့ Ooredoo နဲ့ လက်ရှိ Operator ဖြစ်တဲ့ MPT ကတော့ Promotion အစီအစဉ်မျိုးစုံနဲ့ ပြည်သူတွေကြားကို ထိုးဖောက် လာနေပါပြီ။ Telenor ကတော့ သူ့ရဲ့အစီအ စဉ်တွေကို အခုထိပြင်ပကိုချပြခြင်းမရှိသေးပါဘူး။

အခု MPT ကနေ MPT ရဲ့မိုဘိုင်းဖုန်းကိုင်ဆောင်သူများ ကို တစ်မိနစ် ၂၅ ကျပ်နဲ့ ဖုန်းခေါ်ဆိုနိုင်မယ့် အစီအ စဉ်သစ်ကိုချပြလိုက်ပြန်ပါတယ်။

ဒီအစီအစဉ်မှာတော့မိမိနဲ့အမြဲဖုန်းပြောဖြစ်တဲ့ ဖုန်းနံ ပါတ်သုံး ခုကို ဖုန်းနံပါတ် ၁၃၃၁ ထံသို့ Message ပို့စာရင်းသွင်းထားရမယ်လို့ဆိုပါတယ်။ Message ပို့ရမယ့်ပုံစံကတော့

ဥပမာ – ADD 095888999

အထက်ပါပုံစံအတိုင်း Message တစ်စောင်ပေးပို့ပြီးတိုင်း “Success ! You can call 095888999 for 25 kyats/min until 2014-8-31″ ဆိုတဲ့ Message ကိုအသုံးပြုသူဘက်က လက်ခံရရှိမယ်လို့သိရပါတယ်။

Message သုံးစောင်အထိပေးပို့နိုင်ပြီဖြစ်ပြီး ဖုန်းနံပါတ်သုံးခု (Message သုံးစောင်) ထက်ကျော်လွန်သွားပါက “Sorry you have exceeded friend list ,you can add only 3 friends..” ဆိုတဲ့ Message ကို အသုံးပြုသူ မှလက်ခံရရှိမယ်လို့ သိရပါတယ်။

မိမိ အနေဖြင့် မည်သည့်နံပါတ်သုံးခုကို Message ပေးပို့ခဲ့သည်ကို ပြန်လည်စစ်ဆေးလိုပါက ဖုန်းနံပါတ် ၁၃၃၁ သို့ VIEW ဟူသော Message ရိုက်ပြီး ပေးပို့ရပါမည်။ အသုံးပြုသူဘက်မှ “Your friend list is= 094111222 092561238 0940261139 ” စသဖြင့် ကိုယ် သတ်မှတ်ထားခဲ့သော ဖုန်းနံပါတ် စာရင်းကို Message အနေဖြင့်ပြန်လည်လက်ခံရရှိပါမည်။

စာရင်းသွင်းထားသော ဖုန်းနံပါတ်ကို အခြားဖုန်းနံပါတ်တစ်ခုခုဖြင့် အစားထိုးပြောင်းလဲလိုပါက MODIFY (ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးမည့်ဖုန်းနံပါတ်အသစ်) တို့ကိုရိုက်ပြီး ဖုန်းနံပါတ် ၁၃၃၁ သို့ Message ပေးပို့ရမည်လို့သိရပါတယ်။

ဥပမာ- MODIFY 094111222 094777888

အသုံးပြုသူဘက်မှ “Number 094777888 is now your new friend list” ဟူသည့် Message ကိုလက်ခံရ ရှိပါမည်။

ယခုဝန်ဆောင်မှုအစီအစဉ်ကို အသုံးပြုမည်ဆိုပါက ဖုန်းထဲတွင်ရှိသော ငွေလက်ကျန်ထဲမှာ ၂၅၀၀ ကျပ်ကို ၀န်ဆောင်ခအနေဖြင့်နှုတ်ယူသွားမည်ဟုဆိုသည်။ ဒီအစီအစဉ်ကို ကိုယ့်ဖုန်းမှာစတင်အသုံးပြုသည့်အချိန်မှ စ၍ ရက်ပေါင်းသုံးဆယ်တိတိအသုံးပြုနိုင်မယ်လို့သိရပါတယ်။

လောလောဆယ်တွင် GSM/WCDMA ဖုန်းများတွင်သာ တစ်မိနစ် ၂၅ ကျပ် ဖုန်းနံပါတ်သုံးခု အစီအစဉ်ကို အသုံးပြုနိင်သေးပြီး CDMA ဖုန်းများအတွက်လည်း မကြာခင် အသုံးပြုနိုင်မည်ဟုသိရသည်။

Thet Naing Soe – Myanmarmobileapp

Saturday, June 22, 2013

ဒုက္ခသည်တွေအိမ်ပြန်နိုင်ရေး အစိုးရတာဝန်ရှိကြောင်း ဦးအောင်မင်းပြော

အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးတွေ တက်ရောက်တဲ့ ပထမဆုံး ကမ္ဘာ့ ဒုက္ခသည်များနေ့ အခမ်းအနားတစ်ခုကို ရန်ကုန်မြို့၊ မြန်မာ့ ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေး ဗဟိုဌာန (MPC) မှာ ဇွန်လ ၂၁ ရက်၊ သောကြာနေ့က ကျင်းပခဲ့ပါတယ်။ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အစိုးရရဲ့သဘောထားဟာ ပြောင်းလဲနေပြီ ဖြစ်ပြီး ဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း ဘ၀ လုံလုံခြံခြုံနဲ့ အိမ်ပြန်လာနိုင်ရေး အတွက် အစိုးရမှာ တာဝန်ရှိတယ်လို့  ပြည်ထောင်စုဝန်ကြီးတစ်ဦးကပြောပါတယ်။ ဒုက္ခသည်တွေ အိမ်ပြန်ရေးဟာ သူတို့ကိုယ်တိုင်သာ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။ အပြည့်အစုံကို အခမ်းအနားကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရဟာ တစ်ချိန်တုန်းက ဒုက္ခသည်တွေကို အသိအမှတ်မပြုခဲ့ဘဲ သောင်းကျန်းသူ အဖျက်သမားတွေရဲ့ မိသားစု တွေဆိုပြီးတော့ ခေါ်ဆိုသုံးနှုန်းခဲ့ဖူးသလို ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေးကိစ္စကိုလည်း ဘယ်တုန်းကမှ ပြောဆို ဆွေးနွေး တာ မရှိခဲ့ဖူးပါဘူး။ အခုတော့ တိုင်းပြည်မှာ အပြောင်းအလဲတွေဖြစ်နေသလို ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ အစိုးရရဲ့သဘောထား ဟာလည်း ပြောင်းလဲနေပါပြီလို့ ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနား ကိုယ်တိုင်တက်ရောက်လာသူ သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောပါတယ်။

“အခု ကျနော်တို့အစိုးရလက်ထက်မှာ Refugee ကို လက်ခံပါတယ်။ IDP ကို လက်ခံပါတယ်။ Migrant Worker ကို ကျနော်တို့ လက်ခံပါတယ်။ ဒါတွေဟာ ကျနော်တို့ ဆွေမျိုးသားချင်းတွေပဲ ဖြစ်တယ်။ ကျနော်တို့သားသမီးတွေပဲဖြစ်တယ်။ ဒါတွေအတွက် လုပ်ရမယ့်တာဝန်က နိုင်ငံတော်အစိုးရရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အခုလည်း ခင်ဗျားတို့မြင်လိမ့်မယ်။ လုပ်ကိုင်နေတာ။ မလေးရှားမှာလည်း ပြဿနာဖြစ်တဲ့အခါကျတော့ ကျနော်တို့ဆီက ဒု-ဝန်ကြီး ဦးဇင်ယော်တို့ သွားပြီးဆောင်ရွက်တာတွေကို ခင်ဗျားတို့ မြင်တွေ့ရမှာဖြစ်တယ်။ ကျနော်ပြောချင်တာတော့ စနစ်တွေ ပြောင်းပါပြီ။ ခေတ်တွေပြောင်းပါပြီ။ အမှန်ကို အမှန်အတိုင်းပဲ လက်ခံရမှာဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့ ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ကိုယ့်အိုးအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးကြသူတွေဟာ သူတို့နယ်မြေမှာ အသက်အန္တရာယ် လုံခုံမှုမရှိ၊ ဘ၀လုံခြုံမှုမရှိလို့ ထွက်ပြေးသွားကြတာဖြစ်ပြီး လုံခြုံမှုရှိရင် ပြန်လာကြမှာဖြစ်ပြီးတော့ စနစ်တကျ ဘေးအန္တရာယ်မရှိ ဘ၀လုံလုံခြုံခြုံနဲ့ ပြန်လာနိုင် အောင်လုပ်ပေးဖို့ အစိုးရမှာတာဝန်ရှိပါတယ်လို့လည်း ၀န်ကြီးဦးအောင်မင်းက ပြောပါတယ်။ အဲဒီလိုအခြေအနေတွေ ဖန်တီး တာမှာ တိုးတက်မှု ဘယ်လောက်ရနေပြီလဲဆိုတာကိုတော့ ၀န်ကြီးဦးအောင်မင်းက -

“အခုဆိုရင် လွိုင်ကော်မှာ အစည်းဝေးလုပ်တဲ့ထဲမှာ ကျနော်တို့ ကရင်နီဖွံ့ဖြိုးတိုးတက်ရေး KNPP က ပြန်လာမယ့်အဖွဲ့တွေကို --- နယ်မြေ၊ -- ဒေသမှာ ပြန်လည်နေရာချထားပေးဖို့အတွက် နေရာလေးတွေ သတ်မှတ်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
ဒုက္ခသည်တွေ အိမ်ပြန်ရေးကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုတာတွေ၊ ပြင်ဆင်တာတွေ အခုအချိန်မှာ အတော်များများ ရှိနေ ပေမဲ့လည်း အိမ်ပြန်ဖို့အချိန်အခါ ကျမကျဆိုတာကို ဆုံးဖြတ်ရမှာဟာ ဒုက္ခသည်တွေကိုယ်တိုင်ပဲဖြစ်ပါတယ်လို့ ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ဟန်န်စ် တန်န် ဖဲလ်ဒ် (Hans tan Feld) က ပြောပါတယ်။

"အိမ်ပြန်ဖို့အချိန် ရောက်ပြီဆိုတာကို UNHCR ကပဲဖြစ်ဖြစ်၊ အစိုးရကပဲ ဖြစ်ဖြစ် ပြောလို့မရပါဘူး။ ဒါဟာ အမျိုးသား၊ အမျိုးသမီး ဒါမှမဟုတ် ကလေးငယ် တစ်ဦးချင်းစီက ဆုံးဖြတ်ရမယ့်ကိစ္စပါ။ မြန်မာအစိုးရ အနေနဲ့ ကြီးမားတဲ့ အောင်မြင်တိုးတက်မှုတွေ ရထားပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ တွေရှိနေပြီး ဒါတွေအားလုံးဟာ အပြုသဘော ဆောင်တဲ့ တိုးတက်မှုတွေပါ။ ဒီအခြေအနေကနေ လူတွေ တကယ်တမ်း အိမ်ပြန် လာနိုင်တဲ့ အချိန်အခါတစ်ခုဆီ ဦးတည်မယ်လို့ မျှော်လင့်ရပါတယ်။ အချိန်အခါကတော့ သိပ်စောနေပါသေးတယ်။ မြေမြှုပ်မိုင်းဗုံးတွေ အများကြီးရှိနေသေးပြီး မိုင်းရှင်းလင်းရေး လုပ်ဖို့လိုပါတယ်။ ကိစ္စရပ်အများအပြားကို ကိုင်တွယ်လုပ်ဆောင်ရဦးမှာပါ။ ဒါပေမဲ့ မကြာခင်မှာပဲ လူတွေအိမ်ပြန်ရေး ဆုံးဖြတ်နိုင်ကြမယ့် နေ့တစ်နေ့ကို ရောက်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တကယ့် အလားအလာတွေရှိနေပြီလို့ ကျနော်ထင်ပါတယ်။"

မြန်မာနိုင်ငံက ဒုက္ခသည်အများစုကို ဒုက္ခသည်စခန်းကိုးခုမှာ လက်ခံထားတဲ့ ထိုင်းအစိုးရအနေနဲ့လည်း ဒုက္ခသည်တွေ အိမ်ပြန်ဖို့ ကိစ္စကို အလျင်စလိုနဲ့ တွန်းအားပေးတာမျိုးမလုပ်ဘဲ ဒုက္ခသည်တစ်ဦးချင်းစီက ဆုံးဖြတ်ရမယ့်ကိစ္စအဖြစ်ပဲ သဘောထားပါတယ် လို့ မစ္စတာ ဟန်န်စ် တန်န် ဖဲလ်ဒ်က ပြောပါတယ်။
အဲဒီဒုက္ခသည်စခန်းတွေကနေ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ဂျပန် အစရှိသည်အားဖြင့် တတိယနိုင်ငံတွေဆီ ရွှေ့ပြောင်းအခြေစိုက်တဲ့ အစီအစဉ်တွေ ရှိခဲ့ပေမဲ့လည်း အခုအခါမှာတော့ အဲဒီအစီအစဉ်တွေ တဖြည်းဖြည်းချင်း အဆုံးသတ်သွား တော့မယ့်အခြေအနေကို ရောက်နေပြီးတော့ မိသားစုပြန်လည်ပေါင်းစည်းရေး အထူးအစီအစဉ်တွေလောက်ပဲ ရှိလာတော့မယ်လို့ မစ္စတာဖဲလ်ဒ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အရေအတွက် ၂၀၀,၀၀၀ နီးပါး၊ ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ပေါင်း ၄၄၆,၀၀၀၊ ဒုက္ခသည်ပေါင်း ၃၅၀,၀၀၀ ပတ်ဝန်းကျင်နဲ့ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၂ သန်းလောက်ရှိတယ်လို့ ၀န်ကြီး ဦးအောင်မင်းကပြောပါတယ်။ သူတို့တွေပြန်လာကြမယ်ဆိုရင် နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ သူတို့အတွက် အကူအညီတွေ ပေး သွားမယ်လို့လည်းဆိုပါတယ်။

ဇွန်လ ၂၀ ရက်နေ့က ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပတာဖြစ်ပြီး ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းနဲ့အတူ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး မစ္စတာ အာရှော့က် နီဂမ်းမ်း (Ashok Nigam)၊ UNHCR ဌာနေကိုယ်စားလှယ် မစ္စတာ ဟန်န်စ် တန်န် ဖဲလ်ဒ်၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ စသည်အားဖြင့် တက်ရောက်ခဲ့ကြပါတယ်ခင်ဗျား။

ကိုကျော်ကျော်သိန်း (ဗွီအိုအေ)

ကလေးမှာ နောက်ထပ် ရဲနှစ်ဦး အရေးယူခံရ

ကလေးမြို့က ရဲတခိျု့ တရားမဝင် လုပ်ငန်းတွေနဲ့ ဆက်နွယ်နေလို့ စစ်ဆေး အရေးယူနေချိန်မှာပဲ နောက်ထပ် ရဲ ၂ ဦးဟာ ကားပိုင်ရှင် တစ်ဦးကို ခြိမ်းခြောက် ငွေညှစ်နေတဲ့ အမှုနဲ့ ဖမ်းဆီး အရေးယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲ ၂ ဦးဟာ ကား ၂ စီးပိုင်တဲ့ ယာဉ်ပိုင်ရှင် တစ်ယောက်ကို ခြိမ်းခြောက် ငွေတောင်းနေတုန်း တာဝန်သိ လူငယ်တွေက ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့လို့ အဲဒီ ရဲ ၂ ယောက် အဖမ်းခံလိုက်ရတာလို့ ဖမ်းဆီးမိဖို့အရေး အကူအညီပေးခဲ့တဲ့ အထက်ချင်းတွင်းဒေသ လူငယ်ကွန်ယက် အဖွဲ့ဝင် ကိုကျော်သက်ဝင်းက ပြောပါတယ်။

ကလေးမြို့မရဲစခန်းကလည်း ရဲ ၂ ဦးကို ဖမ်းဆီး စစ်ဆေးနေတဲ့အကြောင်း ဘီဘီစီကို အတည်ပြု ပြောပါတယ်။

ကလေးမြို့ ပတ်ဝန်းကျင်မှာ လိုင်စင်မဲ့ကားတွေ အသုံးပြုပြီး လက်နက်မှောင်ခိုမှု မူးယစ်ဆေးရောင်းဝယ်မှုတွေ လုပ်တဲ့ သူတွေထဲမှာ နယ်မြေခံရဲအရာရှိတွေ ပါနေတယ်ဆိုပြီး နေပြည်တော်ရဲချုပ်က စေလွှတ်တဲ့ အထူးရဲတပ်ဖွဲ့တွေ စစ်ဆေးမှုတွေ လုပ်နေတဲ့အချိန်မှာ နောက်ထပ် ရဲ ၂ ဦး အရေးယူခံရတာလည်း ဖြစ်ပါတယ်။

လတ်တလော ကလေးမြို့မှာ လိုင်စင်မဲ့ကား ၂၅ စီးကို သိမ်းဆည်းထားပြီး ရဲအရာရှိ ၁၀ ဦးထက်မနည်းကို အထူးခုံရုံးဖွဲ့ပြီး စစ်ဆေးနေ တယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Monday, October 8, 2012

ဧ၀ရက် တောင်တက်မယ့် ကမ္ဘာ လှည့် တွေ လေယာဉ် ပျက်ကျ

    
    
    နီပေါနိုင်ငံရှိ ကမ္ဘာ့ကျော်အမြင့်ဆုံး မောင့်အဲ ဗရက်စ် တောင်တက်ရန်အတွက် ကမ္ဘာ့လှည့်ခရီးသည်တို့စီးနင်းလိုက်ပါလာသော စီတာလေကြောင်းလိုင်းပိုင် ပန်ကာ(၂)လုံးတပ်လေယာဉ်သည် မြို့တော် ခတ္တမန္ဒူလေဆိပ်မှLukla လေဆိပ်တို့ ပျံသန်းခဲ့ရာ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ရှိခရီးသည်အားလုံးသေဆုံးခဲ့ရသည်။သောကြနေ့က
လေယာဉ်ပျက်ကျခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်ဗြိတိသျှလူမျိုး(၇)ဦး၊ တရုပ်လူမျိုး(၅)ဦး သေဆုံးခဲ့ကြောင်းနီပေါရဲတပ်ဖွဲ့
မှ အတည်ပြုပြောဆိုခဲ့သည်။

       Lukla လေဆိပ်သည် မောင့်အဲဗရက်စ်တောင်တက်ရန်အတွက် တောင်တက်ဝါသနာရှင် ကမ္ဘာလှည့်ခရီးသည်တို့အကြားတွင် ထင်ရှားကျော်ကြားသော တောင်ပေါ်မြို့ဖြစ်သည်။
ဗြိတိသျှလူမျိုး ခရီးသွားအုပ်စုတွင် အသက်(၂၇)နှစ်အရွယ်မှ (၆၀)နှစ်အရွယ်ထိပါဝင်ပြီး မောင့်အဲဗရက်တောင်မြေပြင်
စခန်းမှ တောင်ရက် (၁၆)ရက်ခရီးစဉ်ဝယ်သူများဖြစ်ကြောင်းကို ခရီးသွားအေဂျင်စီမှတဆင့်သိရှိရသည်။
လေယာဉ်ပျက်မကျခင်တွင် လေယာဉ်မှူးမှ မြေပြင်လေဆိပ်နှင့်အဆက်အသွယ်ရရှိပြီး ငှက်အုပ်နှင့် တိုက်မိကြောင်းသတင်း ရရှိခဲ့သော်လည်း အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ လေယာဉ်ပျက်ကျရာအနီးမှမျက်မြင်မြင်တွေ့
တွ့ရသူတဦးက လေယာဉ်သည်အရေးပေါ်ဆင်းသက်ရန်ကြိုးစားသော်လည်း လေထဲတွင်မီးတောက်မြင်ရပြီး
ပေါက်ကွဲ မှုဖြစ်ကာထိုးကျလာကြောင်းပြောပြခဲ့သည်။

   အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် လေယာဉ်ပျက်အတွင်းမှ ရုပ်အလောင်း (၁၉)လောင်းတွေ့ရှိရကြောင်းကို အေအက်ပီသတင်းတွင်ဖေါ်ပြထားသည်။နီပေါနိုင်ငံသည် ဆင်းရဲသောနိုင်ငံတခုဖြစ်ပြီး လေကြောင်းလိုင်း(၁၆)
လိုင်း၊လေဆိပ်ပေါင်း(၄၉)ခုတည်ရှိသည်။ နီပေါနိုင်ငံသည် တောင်တက်သမားစိတ်ဝင်စားဖွယ်ရာ ကမ္ဘာ့အမြင့်ဆုံးတောင်(၁၄)လုံးအနက် (၈)လုံးတည်ရှိနေသောကြောင့် ကမ္ဘာ့တောင်တက်သမားတို့ဖြင့် နှစ်စဉ်ပွင့်လင်းရာသီတွင်
စည်ကားနေတတ်သည်။ပြီးခဲ့သည် (၂)နှစ်အတွင်းတွင် နီပေါနိုင်ငံအတွင်း၌ လူသေဆုံးစေသော လေယာဉ်ပျက်ကျမှု (၆)ကြိမ်ရှိခဲ့သည်။

   ပြီးခဲ့သည် မေလအတွင်းကလေယာဉ်ပျက်ကျမှုတွင် ခရီးသည်အားလုံးမသေဆုံးဘဲ ၈၅ဦးအသက်မသေလွတ်မြောက်ခဲ့ပြီး ခရီးသည်(၁၅)ဦးသာသေဆုံးသော ဖြစ်ရပ်တခုလည်းရှိခဲ့သည်။ နီပေါနိုင်ငံ၏ လေကြောင်းလိုင်းများစိတ်မချရမှု၊အန္တရာယ်ရှိမှုအကြောင်းကို နိုင်ငံတကာမှ စိုးရိမ်မကင်းဖြစ်ရကြောင်း ပြောဆိုမှုများသည် နီပေါနိုင်ငံခရီးသွားအတွက်ထိခိုက်မှုရှိလာနိုင်ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။