မိမိနှစ်သက်ရာ Games Software လေးများ တောင်းဆိုနိုင်ပါတယ်

Tuesday, August 30, 2016

Earn To Die

Earn To Die Desc: This is a premium version game free of cost here without ads. Earn To Die let you driving your way through hordes of zombies and allows you to earn cash to upgrade, unlock and customise new vehicles.lots of exciting features like 8 VEHICLES at your disposal, including a racing car, school bus and trucks.


Earn To Die Android Game APK
Earn To Die Requirement: It works in Android 2.1 and above all the versions of Android Smartphones.

New Features: Now it comes with improved performance to help address issues on a number of devices and fixed all bugs.
 
How to Install Game:
Step 1: Install Earn To Die APK
Step 2: Launch Game

Version: Earn To Die 1.07

Size: 40 mb

Earn To Die Android Game APK | Full Version Pro Free Download Links Below:


Official Site Link (Paid): Google Play Store

လိင်ဆက်ဆံစဉ်မှာ နာကျင်မှုကို ခံစားရတဲ့ အကြောင်းရင်းများ




တခါ တလေမှာ လိင် ဆက်ဆံစဉ် ခံစားရတဲ့ နာကျင်မှုက တော်တော်လေး ဆိုးရွား သလို သည်းခံ ဖို့လည်း ခက်ခဲ ပါတယ်။ သာမန် အားဖြင့်တော့ လိင် ဆက်ဆံ မှုဟာ ကျန်းမာရေး အတွက် အထောက် အကူဖြစ်စေတဲ့ အလေ့ အထတခု ဖြစ်ပါတယ်။ လိင် ဆက်ဆံခြင်း ကြောင့် စိတ်ဖိစီး မှုကို ထိရောက်စွာ လျှော့ချ နိုင်တဲ့ နည်းလမ်း တခု ဖြစ်သလို ကယ်လိုရီတွေကို လောင် ကျွမ်း စေတဲ့ အတွက် လန်းဆန်းခြင်း၊ နုပျိုခြင်း တွေကို ဖြစ်စေနိုင် တယ်လို့လည်း ယူဆထား တာတွေ ရှိပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံ စဉ်မှာ သက်တောင့် သက်သာ မရှိခြင်း၊ နာကျင်ခြင်းတွေ ရှိလာပြီ ဆိုရင်တော့ ဒီလို အမြင်တွေက အရေးမပါ တော့ပါဘူး။


လိင်ဆက်ဆံစဉ်မှာ နာကျင်မှုကို ခံစားရတဲ့ အကြောင်းရင်းများ


အကြောင်းရင်းတွေ အများကြီးရှိနိုင်ပေမယ့် နာကျင်မှုကို ခံစားရစေတဲ့ အဓိက အချက်တခုကတော့ စိတ်ပါပဲ။ သာယာမှု ကို ရရှိနိုင်ဖို့ အတွက် စိတ်သောကတွေကို ဖြေလျှော့ပြီး ချဉ်းကပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကို ဖြေလျှော့ထားခြင်းက လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကောင်းမွန်လာအောင် ဖြေရှင်းပေးနိုင် ပါတယ်။

လိင်ဆက်ဆံစဉ်မှာ နာကျင်မှုကို ခံစားရခြင်းက မိမိကိုရော၊ မိမိရဲ့ အဖော်ကိုပါ ပြဿနာ ရှိစေနိုင်ပါတယ်။ ဒါကြောင့် သာယာတဲ့ အိမ်ထောင်ရေး သုခကို ရရှိနိုင်ဖို့ အတွက် ဒီလိုဖြစ်စေတဲ့ အကြောင်းရင်းတွေကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေစူးစမ်းပြီး ကြိုတင်ဖြေရှင်း နိုင်ရမှာ ဖြစ်ပါတယ်။

နာကျင်မှုဖြစ်စေတဲ့ အဓိက အကြောင်းတချို့ကတော့ …

လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်းက တခါတလေ အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်းမှာ ရောဂါပိုး ဝင်ရောက်နေတဲ့ လက္ခဏာတခုလည်း ဖြစ်နေနိုင်ပါတယ်။ ရောဂါပိုးရှိနေတယ် ဆိုရင် ပူလောင်ခြင်း၊ စူးစူးရှရှ နာကျင်ခြင်းတွေကို ခံစားရပြီး တော့ အမျိုးသမီး အနေနဲ့ ဘယ်လိုမှ သက်တောင့် သက်သာရှိတော့မှာ မဟုတ်ပါဘူး။ လိင်လမ်းကြောင်း ရေယုန်ရောဂါ က ဒီလိုနာကျင်စေတဲ့ အဓိကအကြောင်းတခု ဖြစ်ပါတယ်။

အမျိုးသမီး အင်္ဂါမှာ ကျိန်းစပ်နေတာ၊ မသက်မသာ ခံစားနေရတာတွေ ရှိရင်လည်း လိင်ဆက်ဆံစဉ်မှာ နာကျင်မှုကို ဖြစ်စေ ပါတယ်။ လိင်ဆက်ဆံမှုမှာ အသုံးပြုလေ့ရှိကြတဲ့ ပစ္စည်း တွေကလည်း အမျိုးသမီးတွေကို နေရခက်စေနိုင်ပါတယ်။ ဥပမာ အမျိုးသမီး အင်္ဂါကို သန့်စင်တဲ့ ဆေးရည်တွေ၊ ဂျယ် (Gel) နဲ့ ခရင်မ်တွေ အပြင် အနံ့ ထည့်သွင်းထားတဲ့ Tampon တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တချို့ အမျိုးသမီးတွေက ကွန်ဒုံးရဲ့ ရော်ဘာအသား၊ ထည့်သွင်းထားတဲ့ အနံ့တွေနဲ့ ဓာတ်မ တည့် တာမျိုးလည်း ရှိပါတယ်။ မိမိရဲ့ အင်္ဂါကို သန့်ရှင်းရေး အလွန်အကျွံလုပ်တဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ချေးချွတ် ဆပ်ပြာတွေ၊ အနံ့အသက် ကင်းစင်စေတယ် ဆိုတဲ့ ဆပ်ပြာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

နောက်ထပ် နာကျင်စေတဲ့ အကြောင်းတခုကတော့ အမျိုးသမီး အင်္ဂါ (မွေးလမ်းကြောင်း) တင်းကျပ်နေခြင်း ဖြစ်ပါတယ်။ လိင်ဆက်ဆံနေစဉ်မှာ တင်းကျပ်နေရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ အခြေခံ အကျဆုံးလို့ ပြောရမှာက စိတ်ပဲဖြစ်ပါ တယ်။ လိင် ဆက်ဆံနေ စဉ်မှာ စိတ်ကို တင်းထားမိတာ၊ ဒါမှမဟုတ် တခြားအကြောင်း အရာတွေဆီကို စိတ်က ရောက် နေတာမျိုး တခါတလေ ဖြစ် တတ်ပါတယ်။ အဲဒီအချိန်မျိုး ဆိုရင် လုံလောက်တဲ့ နှိုးဆွမှုရှိရင်တောင်မှ အမျိုးသမီး အင်္ဂါက ဆက်လက်ပြီး တင်းကျပ်နေ ပါလိမ့်မယ်။ ဒါကြောင့် မိမိရဲ့ လိင်ဆက်ဆံဘက် အမျိုးသားက အင်အားသုံးလာတဲ့ အခါမှာ ပြင်းထန်တဲ့ ပွတ်တိုက်မှုကနေ တဆင့် နာကျင်မှုဖြစ်စေပါတယ်။ အမျိုးသမီး အင်္ဂါ တင်းကျပ်မှုဟာ Vaginismus လို့ခေါ်တဲ့ အမျိုးသမီး အင်္ဂါက ကြွက်သားတွေ ပုံမှန်အလုပ်မလုပ်တဲ့ ရောဂါမျိုး ရှိနေရင်လည်း ဖြစ်တတ်ပါတယ်။

အမျိုးသမီး အင်္ဂါအတွင်းမှာ ခြောက်သွေ့နေမယ်ဆိုရင်လည်း လိင်ဆက်ဆံတဲ့ အချိန်မှာ နာကျင်စေမှာ ဖြစ်ပါတယ်။ လုံလောက်တဲ့ လှုံ့ဆော်နှိုးဆွမှုမရှိဘဲ လိင်ဆက်ဆံဖို့ အလောတကြီး အားထုတ်မှုကြောင့် အမျိုးသမီး အင်္ဂါမှာ စိုစွတ်မှု မရှိတာ ဖြစ်နိုင်သလို အပေါ်မှာပြောခဲ့သလို စိတ်ကိုတင်းထားတာ၊ တခြားကို စိတ်ရောက်နေတာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ ချောဆီမပါတဲ့ ကွန်ဒုံးကို သုံးနေခဲ့ရင်လည်း ဖြစ်တတ်ပါတယ်။ မီးယပ်သွေးဆုံး ဖြစ်နေတဲ့ အမျိုးသမီး တွေနဲ့ ကလေးမွေးဖွားပြီးစ အမျိုးသမီးတွေမှာကတော့ အမျိုးသမီး အင်္ဂါခြောက်သွေ့နေမှုက ဖြစ်နေကျပါ။

ဒါကြောင့် လိင်ဆက်ဆံစဉ်မှာ နာကျင်မှုရဲ့ အကြောင်းရင်းတွေက အများကြီး ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အများစု က ကုသလို့ရပါတယ်။ ဒါမှ မဟုတ်ရင်လည်း အတိုင်းအတာတခုအထိ ပြေလည်အောင် ဖြေရှင်းလို့ ရနိုင်ပါတယ်။ ဒါကြောင့် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်ရယူပြီး သင့်တော်တဲ့ ကုသမှုခံယူခြင်း၊ မှန်ကန်တဲ့နည်းလမ်း အတိုင်း လိုက်နာ ဆောင်ရွက်ခြင်းအားဖြင့် လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရတဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

Source : onlymyhealth.com

ဧရာဝတီ-သတင်းဋ္ဌာန by Heavyrain

Original link - http://burma.irrawaddy.org/article/2015/06/27/77088.html

Friday, August 26, 2016

အိမ်ငှား အိမ်ရှင် အမေရိကားတခွင်

အိမ်ငှား အိမ်ရှင် အမေရိကားတခွင်

          

                  အမေရိကားမှာ အိမ်ငှားနေထိုင်ဖို့အတွက် အိမ်ပွဲစား ( Agent ) မလိုပါ ၊ ကိုယ်လိုချင်တဲ့အခန်း ( Apartment ) တွေ့တာနဲ့ ငှားပေးမယ့်ကုမ္ပဏီမှာ လိုအပ်တဲ့စာရွက်စာတမ်းဖြည့်စွက်ပြီး ကိုက်ညီတာနဲ့ ငွေရှင်းပြီး သော့အပ်မှာပါ ၊ အိမ်ငှားခလစဉ်မှန်မှန်ပေးနိုင်ကြောင်း အတည်တကျအလုပ်ရှိတဲ့ အထောက်အထား တော့ပြနိုင်ဖို့လိုပါတယ် ၊ လုံးချင်းအိမ် ( Single House ) ရဖို့
ကံပေါ်မူတည်ပါတယ် ၊ အိမ်ရှင်က အိမ်ဖွင့်ပြမယ့်နေ့ ( Open House ) သွားကြည့်ပြီး အိမ်ကိုဘယ်လိုထိန်းသိမ်းမယ်ဆိုတာပေါ်မူတည်ပြီး ဆက်ဆွေးနွေးကြရပါမယ် ၊ ကိုယ့်လိုဘဲကြိုက်နေသူရှိနေရင် အိမ်ရှင်က အိမ်ငှားခ မပျက်မကွက်ပေးနိုင်မယ့်သူကို ရွေးပါလိမ့်မယ် ၊ တခါတရံ ပွဲစားပါမှအဆင်ပြေတာလဲရှိပါတယ် ။
                     
                အလုပ်ဖြစ်ပြီဆိုရင် အိမ်လခ ၁ လစာနဲ့  စပေါ်ငွေ ၁ လစာ စုစုပေါင်း  ၂ လ စာအရင်ချပေးထားရပါတယ် ၊ အိမ်ငှားထွက်သွားတဲ့အချိန် အိမ်မှာ အပျက်အစီးမရှိရင် စပေါ်ငွေကို ဥပဒေအရ ပြန်အမ်းရမှာပါ ၊ အပျက်အစီးရှိခဲ့ရင်လဲ ကျသင့်ငွေနှုတ်ပြီး ပိုငွေပြန်အမ်းပါလိမ့်မယ် ၊ အိမ်ကပြောင်း ၊ ထွက်ချင်ရင် ၁ လ ကြိုအကြောင်းကြားရပါတယ် ၊ အိမ်ငှားခကို သက်တမ်း ၁ နှစ်စာ စာချုပ်ချုပ်လေ့ရှိပြီး လချင်းပေးစံနစ်ပါ ၊ မြန်မာပြည်ကလို တစ်နှစ်စာကြိုပေးတာမျိုး မတွေ့ရပါဘူး ၊ ဈေးနှုန်းတက်မယ်ဆိုရင် အိမ်ငှားကုမ္ပဏီမှ မန်နေဂျာ ( Superintendence ) က ၁ လ ကြိုတင်အကြောင်းကြားပါလိမ့်မယ် ၊ အိမ်ငှားနေရင်းနဲ့ အိမ်သာပိတ် ၊ ရေယို ၊ ရေပိုက်ပျက် စတဲ့ အခက်အခဲများကို ကိုယ်တိုင်ပြင်စရာမလိုပါဘူး ၊ မန်နေဂျာရုံးကိုအကြောင်းကြားရင် ပြင်ပေးရမှာက သူတို့တာဝန်ပါ ။                                     
House for Rent


               လုံးချင်းအိမ်မှာ ၁ ခန်းထဲ ငှားနေရတာကတော့ရှင်းပါတယ် ၊ အိမ်ရှင်နဲ့အပေးအယူတည့်ရင် တက်နေရုံပါဘဲ ၊ အိမ်ပိုင်ရှင်က မြန်မာဆိုရင် ပိုပြီး ပြောလို့ဆိုလို့ကောင်းသွားပါပြီ ၊ သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာမယ် ၊ သတ်မှတ်ချိန်ထက်အိမ်ပြန်နောက်မကျဘူးဆိုရင် အဲဒီအိမ်မှာမြဲအောင်နေနိုင်ပါပြီ ၊ စီးကရက်မသောက်တတ်ရင် ပိုကောင်းတာပေါ့ဗျာ  ၊ ခွေးမွေး ၊ ကြောင်မွေး ကိစ္စတွေပါလာရင်တော့ မငှားခင်ကတည်းက ကြိုတင်ဆွေးနွေးထားမှရပါလိမ့်မယ် ၊ ပြီးတော့  ၁ ခန်းထဲ ( Room Share ) ငှားနေရင် ကိုယ့်လိုမျိုး ဘဝတူတွေနဲ့ မျှနေ ၊ မျှသုံး စရာတွေရှိတော့ တော်တော် ကိုယ်ချင်းစာတတ်ရမှာပါ ၊ ဥပမာ  ရေခဲသေတ္တာထဲ ကိုယ်ဝယ်ထည့်ထားတဲ့ အစားအသောက် နောက်တစ်ရက်မနက်ကျတော့ ရှာမတွေ့တော့တာမျိုး ၊ ရေချိုးခန်း ၊ အိမ်သာမအားတာမျိုး တို့ ကို ဆိုလိုတာပါ ၊ ကိုယ့်လွတ်လပ်ခွင့်ဆုံးရှုံးနိုင်တာကလဲ သည်းခံစရာအကြောင်းတစ်ခုပါ ၊ အိမ်ရှင်က ခန ခန အိမ်ကိုလာစစ်ဆေးရင်လဲ စိတ်ရှည်ရပါမယ် ၊ အခန်းဖော် ( Roommate ) မှာ ကလေးငယ်ရှိလို့ ဆူညံရင်လဲ အလိုက်သင့်နေနိုင်ရပါမယ် ၊ အလုပ်ကအပြန်ပင်ပန်းလို့နားချင်ရင်တော့ ဘယ်သူ့ကိုမှ အားမနာပါနဲ့ ဝင်သာအိပ်လိုက်ပါတော့ ။                                           

အိမ်သာသန့်ရှင်းရေးလုပ် ၊ ရေချိုးခန်းတိုက် ၊ အမှိုက်ပုံး အိမ်ရှေ့ထုတ် စတဲ့ အလှည့်ကျတာဝန်များကို အိမ်ခန်းဖော်နဲ့ သူတစ်လှည့်ကိုယ်တစ်လှည့်လုပ်နိုင်ရင်တော့ မြန်မာဖြစ်မှ မဟုတ်ပါဘူး ၊ လူမျိုးခြားနဲ့လဲ အဆင်ပြေအောင် အတူတွဲနေထိုင်နိုင်ပါတယ် ။ နှစ်ထပ်အိမ် ဆိုရင် တက်လိုက် ဆင်းလိုက် လုပ်ရပေမဲ့ အပေါ်ထပ်ကို ယူတာ ညဘက်ကောင်းကောင်းအိပ်ရပါတယ် ၊ အနှစ် ၄ဝ လောက်က ဆောက်ထားတဲ့အိမ်ဆိုရင် အောက်ထပ်က မှိုတက် ၊ ခြစားတာမျိုးရှိတတ်ပြီး အရမ်းအေးတဲ့အခန်းမျိုးနဲ့လဲ တိုးတတ်တယ်ဆိုတာကိုလဲ သတိထားရပါမယ် ။

            တချို့ဒေသခံလူမျိုးတွေနဲ့ ပင်စင်စားတွေက သူတို့ကိုယ်တိုင် အိမ်မှာလဲ မနေနိုင် ၊ အပန်းဖြေခရီးလဲ မကြာမကြာထွက်လိုတော့ အိမ်ကို မနေဘဲပစ်ထားရမဲ့အတူတူ ဈေးနည်းနည်း လျှော့ရင်လျှော့ပေးရပါစေ ပြုပြင်ထိန်းသိမ်းမှု ( Maintenance ) လုပ်တတ် ကိုယ်တတ်သူကို ရှာလေ့ရှိပါတယ် ၊ ကိုယ်ကလဲ အဲဒီလိုမျိုးအိမ်ရှင်နဲ့တွေ့ရင်တော့” ငြိမ့်” နေလို့ရပါပြီ  ၊ တစ်ပတ်တန်သည် တစ်လတန်သည် သန့်ရှင်းရေးလုပ်ထားပြီးတဲ့ ဓါတ်ပုံတွေကို အီးမေးကနေ မှန်မှန်ပို့နေရုံပါဘဲ ၊ ၁ လ ဒေါ်လာ ၂ဝဝဝ တန် အိမ် ၁ လုံးကို သူငယ်ချင်း ၅ ယောက်လောက်စုပြီး အပြတ်ငှားလိုက်တော့  ၁ ယောက်ကို ၄ဝဝ လောက်ဘဲ ကျတော့တာမျိုးလဲ ရှိသေးတယ် ၊ ရေဖိုး ၊ မီးဖိုး ၊ အမှိုက်ပုံးခ ၊ အင်တာနက် အားလုံးမျှရှယ်လိုက်တဲ့ အခါ အိမ်ကောင်းကောင်းလဲ နေရတယ် ၊ စိတ်တိုင်းလဲကျတယ် ၊ တစ်ယောက်ကို ၄၈ဝ လောက်ဘဲကျတဲ့ အငှားအရမ်းမျိုး ကိုလဲ ကြားဖူးပါတယ် ။  
Microwave Oven
       
               တန်းလျား ၊ ကွန်ဒိုမီနီယမ် မှာ အဝတ်လှန်းခွင့်မရှိတာက မြန်မာတွေအတွက် ပြသနာပါ ၊ အများသုံး အကြွေစေ့အဝတ်လျှော်စက်မှာဘဲ သွားလျှော်ရပါတယ် ၊ တီဗွီအင်တာနာကို အပြင်လူမြင်ကွင်းမှာ  ပေးမထောင်ပါဘူး ၊ Indoor Antenna ကို အိမ်တွင်းမှာဘဲထားရပါတယ် ၊ မီးဖိုချောင်မှာ မိုက်ခရိုဝေ့အာဗင် ( Microwave Oven ) ၁ လုံးနဲ့ ၂ ထပ်ရေခဲသေတ္တာ ၁ လုံး အဆင်သင့်ပါပြီးသားပါ ၊ ရေဖိုးမပေးရတဲ့အခန်းမျိုးရှိသလို ၁ လ ရေဖိုး ဒေါ်လာ ( ၇ဝ ) လောက်ကုန်တဲ့ အခန်းမျိုးလဲ ရှိတယ် ၊ အမှိုက်ပုံးကြေး မပေးရပေမယ့် မီတာခ ၊ အင်တာနက်ခ ၊ ကြိုးဖုန်းခ ( သုံးခဲ့ရင် ) တွေကို ကိုယ်တိုင်အကုန်အကျခံရမှာပါ ၊ ကားပါကင်ခ မပေးရသလို ဧည့်သည်အတွက် Guest Parking တွေထားရှိပေးပါတယ် ၊ သူများပါကင်မှာ “ ခနလေးရပ်တာဘဲ ၊ ဘာမှမဖြစ်ပါဘူး “ ဆိုပြီး သွားတော့မရပ်လိုက်ပါနဲ့ ၊ မန်နေဂျာသိအောင် တစ်ယောက်ယောက်က သွားတိုင်လိုက်လို့ ကားဆွဲတဲ့ကား ( Tow Truck ) နဲ့ ဆွဲသွားရင် နီးစပ်ရာလေဆိပ် တစ်ခုခုမှာ ဒေါ်လာ ၃၉ဝ ပေးပြီး ပြန်သွားရွေးရဖွယ်ရှိပါတယ် ၊ ငှားခ အနေနဲ့ အိပ်ခန်း ၃ ခန်း ၊ အိမ်သာ+ရေချိုးခန်း ၂ ခန်း ဆိုရင် ၁ လကို ၁၅၅ဝ ဒေါ်လာရှိပြီး လုံခြုံရေးခြံဝန်းတံခါး ( Security Gates ) ပါတဲ့ Apartment ဆိုရင် ဒေါ်လာ ၅ဝ ခန့် ပိုပေးရပါလိမ့်မယ် ။ 

                             
                        
                      
              ကောင်းကွက်ချည်းဘဲ ပြောနေလို့မဖြစ်ပါဘူး ၊ ဆင်ခြင်ဖို့ ကိစ္စလေးတွေ ရှိပါတယ် ၊ ဒီမိုကရေစီနိုင်ငံမို့လို့ ငါလုပ်ချင်သလိုလုပ်လို့ရတယ် ၊ ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာမလိုဘူးလို့ အပိုင်တွက်ထားလို့မရပါ ၊ ကိုယ့်အခန်းမှာကိုယ် လူစုံစားပွဲသောက်ပွဲ  ( Party ) လုပ်တဲ့ အခါမျိုး ၊ တစ်ယောက်ကိုဟင်းတစ်မျိုးစီယူလာပြီးစုပေါင်းစားသောက်ပွဲ ( Potluck ) လုပ်တဲ့အခါမျိုး ၊ အသားကင် (  Barbecue ) လုပ်တဲ့အခါမျိုး ၊ လူအများလာနိုင်တဲ့မွေးနေ့ပွဲကျင်းပတဲ့အခါမျိုးမှာ
 နေ့လည်နေ့ခင်းဘက်ဆိုရင် ပြသနာမရှိပါဘူး ၊ ညနက်နိုင်တဲ့ အခြေအနေရှိရင် တိုက်ခန်းတွဲမန်နေဂျာ နဲ့ ဘေးအိမ်နီးချင်းတွေကို ကြိုတင်အသိပေးခွင့်တောင်းသင့်ပါတယ် ၊ အသံဆူဆူမလုပ်ရဘူးလို့မှာထားတဲ့ စည်းကမ်းကြီးမန်နေဂျာတွေရှိတယ်လို့ ကြားဖူးပါတယ်  ၊ ထစ်ကနဲဆို တိုင်တတ် ၊ ရစ်တတ်တဲ့ အခန်းနီးနားချင်းတွေရှိရင်လဲ သတိထားရပါမယ် ၊ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးဖြေရှင်းနည်းကတော့ ဆူညံပွဲလုပ်မယ်ဆိုရင် သူတို့ကို ကြိုတင်အကြောင်းကြားရင်းနဲ့ အစားအသောက် အရင်ပို့ပေးတဲ့နည်းပါဘဲ ။  




     ကိုယ်ပိုင်အိမ်နဲ့နေဖို့က အခြေချနေထိုင်သူအာလုံးရဲ့ အနာဂါတ်အိပ်မက် ပါ  ၊ အိမ် ၁ လုံး ဒေါ်လာ ၄ - ၅ သိန်း ဆိုတော့ တော်ရုံတန်ရှုံမဝယ်နိုင်ကြပါဘူး ၊ အနှစ် ( ၃ဝ ) ချေးငွေ ( Financing and Mortgage Payment ) နဲ့ ဝယ်နိုင်ဖို့ လိုအပ်ချက် ( Requirement ) တော်တော်များတာမို့လို့ အငှားဘဝနဲ့ဘဲ ကျေနပ်နေကြရတဲ့ မြန်မာများအဖို့တော့ “ အိမ်မက် “ လို့သာ ဆိုလိုက်ချင်ပါတော့တယ် ။




Credit to ကိုညီညီ - တောင်ကြီး
http://konyinyitaunggyi.blogspot.com

Tuesday, June 16, 2015

Clash of Clans Mod Pak v7.1

Clash of Clans Universal Unlimited Mod/Hack v7.1 APK is Here ! [With PvP]

Clash of Clans ကြိုက်သောသူများအတွက် internet Connection မလိုဘဲ စိတ်ကြိုက် ဆော့နိုင်သော Game လေးဖြစ်ပါတယ်..COC လို့လုသိများပြီး ထင်ရှားသော လူကြိုက်များသော Game လေးဖြစ်ပါတယ်..
အောက်ကလင့်မှာ Download ဆွဲပြီးဆော့ပေးလိုက်ပါ..


Clash of Clans Unlimited Gems, Gold and Elixir! No Ban!
You heard it right! We bring you the Mod/Cheat of Clash of Clans, currently,  the most trending  game. Tested many times, for stability, this mod is surely going to enhance your level of gaming ! All Credits to Vinsi

WORKS FOR BOTH : ROOT & NON-ROOT USERS !

What are the steps?
  1. Backup your Original CoC game save on Google+
  2. Uninstall the Original CoC APK
  3. Download the CoC Universal MOD APK from the link given below & extract & install
  4. First time it will download content & then play
  5. That’s all :)
PvP Added ! Now Loot Others !

Q1. How to open zip file in android ?
A1. Use ES File Explorer , link given on post

Q2. How to install game ?
A2. After extracting file, just install apk normally

Q3. Can I connect to Facebook or Google+ Account ?
A3. No , modded apk connects to our servers so you cant join with FB or G+

Q4. It says 'Login Failed !' , What to do ?
A4. This error comes when there is huge load on server , our servers are less powerful so there is downtime , you can try different times on a day


Direct Download Link
Downloads

Clash of Clans 7.1 MOD.zip (62 MB)
ES File Explorer File Manager 3.2.4.1.apk (4.6 MB) – used to open .zip file in android