Gmail့ hacking Guide pdf တင်ပေးလိုက်တယ်.. စိတ်ဝင်စားတယ်ဆိုရင် အောက်မှာ Download ဆွဲလိုက်ပေါ့..
Saturday, September 29, 2012
Gmail Hacking Guide
Hacking lam a duh deuh pawl hrang ah Gmail Hacking Guide pdf ka upload ih Nan Duh ah cun a hnui ah nan download thei ko.
Gmail့ hacking Guide pdf တင်ပေးလိုက်တယ်.. စိတ်ဝင်စားတယ်ဆိုရင် အောက်မှာ Download ဆွဲလိုက်ပေါ့..
Gmail့ hacking Guide pdf တင်ပေးလိုက်တယ်.. စိတ်ဝင်စားတယ်ဆိုရင် အောက်မှာ Download ဆွဲလိုက်ပေါ့..
AutoCad 2002
Sunday, July 1, 2012
မလေးရှားအလုပ်သမား visa တိုးမြင့်ထုတ်ပေး
နိုဝင်ဘာလ၊ ဒီဇင်ဘာလ များမှ စတင်ပြီး
မြန်မာနိုင်ငံ၊ မလေးရှား သံရုံးမှ အလုပ်သမား ဗီဇာ ထုတ်ပေးသည့် အရေအတွက်ကို
ယခုထက် တိုးမြှင့် ထုတ်ပေးမည် ဖြစ်ကြောင်း ဩဂုတ် ၂၅ ရက်က မလေးရှား
သံရုံးတွင် ကျင်းပသည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများနှင့်
တွေ့ဆုံပွဲတွင် သံရုံးမှ တာဝန်ရှိသူက ပြောဆိုခဲ့ကြောင်း ယင်းတွေ့ဆုံပွဲသို့
တက်ရောက်ခဲ့ သည့် ပြည်ပ အေဂျင်စီ လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
ယခင်က အေဂျင်စီ တစ်ခုလျှင် လုပ်သား ၁၅ ဦးနှင့် တစ်ရက်လျှင် အလုပ်သမား ဗီဇာ လူ ၂၀ဝ ဦးကို တနင်္လာနေ့မှ ကြာသပတေးနေ့ အထိ ၄ ရက် ဗီဇာ ထုတ်ပေး ခြဲ့ပီး၊ စက်တင်ဘာ ၁၉ ရက်မှ စတင်ပြီး အေဂျင်စီ တစ်ခုလျှင် လုပ်သား ၂၅ ဦး၊ တစ်နေ့လျှင် ကုမ္ပဏီ၂၀ အား တနင်္လာနေ့မှ ကြာသပတေးနေ့ အထိ ဗီဇာ ထုတ်ပေး သွားမည် ဖြစ်သည်ဟု မလေးရှားသံရုံး၏ တာဝန် ရှိသူက ထည့်သွင်း ပြောဆိုခဲ့ကြောင်း ၄င်းက ပြောဆိုသည်။ မလေးရှား သံရုံးတွင် မှတ်ပုံ တင်ထားသော ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၉၃ ခု ရှိပြီး၊ စက်တင်ဘာ ၁၆ ရက်မှ စတင်ပြီး အပတ်စဉ် သောကြာနေ့တိုင်း ကုမ္ပဏီ များအား သံရုံးမှ တာဝန်ရှိသူများ ကြီးကြပ်ပြီး သံရုံးအတွင်း မဲနှိုက်ပြီး အလှည့်ကျ လျှောက်ထားခွင့် ပေးမည် ဖြစ်သည်။
အဆိုပါ မဲနှိုက်မည့် နေ့တွင် အေဂျင်စီ၏ တရားဝင် လိုင်စင်နှင့် သက်တမ်း ရှိသော Calling Visa အပြည့်အစုံ ယူလာပြီး နံနက် ၉ နာရီမှ စတင် မဲနှိုက် ရွေးချယ်မည် ဖြစ်သည်။ ယင်းသို့ စနစ်သစ်ဖြင့် ဆောင်ရွက်ရာတွင် နာမည်ပျက် စာရင်း (Black List) တွေ့ရှိပါက ယခင်က မလေးရှား သံရုံးတွင်သာ မှတ်တမ်း ထားရှိ ထားသော်လည်း၊ ယခုအခါ အလုပ်သမား ဝန်ကြီးဌာန ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနနှင့် ယင်းအေဂျင်စီများနှင့် ဆက်သွယ် ထားသည့် မလေးရှား နိုင်ငံရှိ အေဂျင်စီ များကိုလည်း သက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီး ဌာနသို့ ဆက်သွယ်ပြီး သတင်း ပေးပို့ တိုင်ကြားမည် ဖြစ်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့သည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီက တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အမည်ပျက် စာရင်း တင်သွင်း ခံထားရသည့် အေဂျင်စီ ၃ ခု ရှိပြီး ယင်းအေဂျင်စီများ စာရင်းကို မလေးရှား သံရုံးမှ သက်ဆိုင်ရာ ဌာန များသို့ ပေးပို့ ထားပြီး ဖြစ်ကြောင်း၊ ယင်းသို့ စာရွက်စာတမ်း အတုဖြင့် လိမ်လည် လျှောက်ထားခြင်းအား ကာကွယ်ရန် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မှုခင်း တပ်ဖွဲ့ (CID) နှင့် ၂ လ လျှင် တစ်ကြိမ် ပေးပို့ စစ်ဆေး သွားမည် ဖြစ်သည်။
“နိုဝင်ဘာနဲ့ ဒီဇင်ဘာက စပြီး အလုပ်သမား ဗီဇာ ထုတ်ပေးတဲ့ အရေအတွက်ကို ထပ်ပြီး တိုးထုတ် ပေးမယ့် လို့လည်း ပြောတယ်”ဟု ၄င်းက ဆိုသည်။

မလေးရှား visa online တွင်လျောက်နိုင်
သည်လ ၁ ရက်နေ့ကစပြီး မလေးရှားသွားဖို့ ဗီဇာဝင်တဲ့ ပုံစံပြောင်းပြီး
အွန်လိုင်းကနေ အခမဲ့ ဒေါင်းလုပ်လုပ်ပြီး ရယူနိုင်တယ်လို့ သိရတယ်။ မလေးရှား
ဗီဇာအသစ် ပြောင်းတာနဲ့ ပတ်သက်ပြီး မလေးရှားသံရုံးက တာဝန်ရှိသူက “ မလေးရှား
သွားမယ့်သူတွေ အွန်လိုင်းကနေ အခမဲ့ရယူနိုင်လို့ အချိန်ကုန်သက်သာပြီး
အဆင်ပြေတယ်၊ အွန်လိုင်းကနေမယူဘဲ သံရုံးကနေယူရင် တစ်ဒေါ်လာနဲ့ ဝယ်ယူနိုင်တယ်
” လို့ ရှင်းပြတယ်။ မလေးရှား ဗီဇာအသစ်မှာ ပါဝင်တဲ့ အချက်အလက်တချို့က
(A)မှာ Particulars of Appliant ဖြစ်ပြီး သည်
ခေါင်းစဉ်အောက်မှာ နိုင်ငံ၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်၊ လိပ်စာ၊
ဖုန်းနံပါတ် စတဲ့ အချက်တွေ ပါဝင်တယ်။ (B)မှာ Particulars of Passport/
Travel Document ဖြစ်ပြီး ပတ်စ်ပို့ရဲ့ အချက်အလက်တွေ
တောင်းပါတယ်။ (C)က Name School or Inviting Company Malaysia
ခေါင်းစဉ်အောက်မှာ မလေးရှားနိုင်ငံဘက်က မိမိကို လက်ခံပေးသူရဲ့ နာမည်
အပြည့်အစုံနဲ့ ဖုန်းနံပါတ်၊ လိပ်စာတွေ တောင်းပါတယ်။ (D) Detail of
Application ဖြစ်ပြီး ဘယ်နှရက် နေထိုင်မှာလဲ၊ အလည်အပတ်ကိစ္စလား၊ အလုပ်
ကိစ္စလားဆိုတာ အသေးစိတ်ဖြည့်ပေးရမှာ ဖြစ်တယ်။ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး
အေဂျင်စီလုပ်ကိုင်သူ တစ်ဦးက “ အွန်လိုင်းကနေ ပုံစံယူလို့ရတဲ့အတွက်
အဆင်ပြေတယ်၊ အရင်ပုံစံ အဟောင်းထက် အသစ်မှာ အချက်အလက် အသေးစိတ် ပိုပါတယ် ”
လို့ ပြောပါတယ်။ မလေးရှား ဗီဇာပုံစံ အသစ်ကို www.kln.gov.my/web/mmryangon/home
မှာ အခမဲ့ ရယူနိုင်ပါတယ်။ သည်ပုံစံအသစ်က အချက်အလက် ပိုပြည့်စုံလို့
ပိုစနစ်ကျပြီး အခြားသတင်း အချက်အလက်တွေကိုလည်း သည်ဝက်ဘ်ဆိုက်မှာ ကြည့်ရှု
နိုင်တယ်လို့ သိရကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ထုတ် မော်ဒန်
ဂျာနယ်တွင် ဖော်ပြထားပါသည်။
Subscribe to:
Posts (Atom)