Sunday, July 1, 2012
မလေးရှား visa online တွင်လျောက်နိုင်
သည်လ ၁ ရက်နေ့ကစပြီး မလေးရှားသွားဖို့ ဗီဇာဝင်တဲ့ ပုံစံပြောင်းပြီး
အွန်လိုင်းကနေ အခမဲ့ ဒေါင်းလုပ်လုပ်ပြီး ရယူနိုင်တယ်လို့ သိရတယ်။ မလေးရှား
ဗီဇာအသစ် ပြောင်းတာနဲ့ ပတ်သက်ပြီး မလေးရှားသံရုံးက တာဝန်ရှိသူက “ မလေးရှား
သွားမယ့်သူတွေ အွန်လိုင်းကနေ အခမဲ့ရယူနိုင်လို့ အချိန်ကုန်သက်သာပြီး
အဆင်ပြေတယ်၊ အွန်လိုင်းကနေမယူဘဲ သံရုံးကနေယူရင် တစ်ဒေါ်လာနဲ့ ဝယ်ယူနိုင်တယ်
” လို့ ရှင်းပြတယ်။ မလေးရှား ဗီဇာအသစ်မှာ ပါဝင်တဲ့ အချက်အလက်တချို့က
(A)မှာ Particulars of Appliant ဖြစ်ပြီး သည်
ခေါင်းစဉ်အောက်မှာ နိုင်ငံ၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်၊ လိပ်စာ၊
ဖုန်းနံပါတ် စတဲ့ အချက်တွေ ပါဝင်တယ်။ (B)မှာ Particulars of Passport/
Travel Document ဖြစ်ပြီး ပတ်စ်ပို့ရဲ့ အချက်အလက်တွေ
တောင်းပါတယ်။ (C)က Name School or Inviting Company Malaysia
ခေါင်းစဉ်အောက်မှာ မလေးရှားနိုင်ငံဘက်က မိမိကို လက်ခံပေးသူရဲ့ နာမည်
အပြည့်အစုံနဲ့ ဖုန်းနံပါတ်၊ လိပ်စာတွေ တောင်းပါတယ်။ (D) Detail of
Application ဖြစ်ပြီး ဘယ်နှရက် နေထိုင်မှာလဲ၊ အလည်အပတ်ကိစ္စလား၊ အလုပ်
ကိစ္စလားဆိုတာ အသေးစိတ်ဖြည့်ပေးရမှာ ဖြစ်တယ်။ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး
အေဂျင်စီလုပ်ကိုင်သူ တစ်ဦးက “ အွန်လိုင်းကနေ ပုံစံယူလို့ရတဲ့အတွက်
အဆင်ပြေတယ်၊ အရင်ပုံစံ အဟောင်းထက် အသစ်မှာ အချက်အလက် အသေးစိတ် ပိုပါတယ် ”
လို့ ပြောပါတယ်။ မလေးရှား ဗီဇာပုံစံ အသစ်ကို www.kln.gov.my/web/mmryangon/home
မှာ အခမဲ့ ရယူနိုင်ပါတယ်။ သည်ပုံစံအသစ်က အချက်အလက် ပိုပြည့်စုံလို့
ပိုစနစ်ကျပြီး အခြားသတင်း အချက်အလက်တွေကိုလည်း သည်ဝက်ဘ်ဆိုက်မှာ ကြည့်ရှု
နိုင်တယ်လို့ သိရကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ထုတ် မော်ဒန်
ဂျာနယ်တွင် ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
thanks for visiting