နိုင်ငံတကာ အလံ အ၀ိုင်းလေးတွေ လိုအပ်သူတွေအတွက်
Friday, April 6, 2018
Saturday, September 10, 2016
Photoshop CS3, CS4, CS5, CS6 Portable Version များ နှင့် Photoshop အသုံးပြုနည်းစာအုပ်များ
တောင်းထားလို့ Photoshop CS3, CS4, CS5, CS6 လေးတွေပြန်လည်မျှဝေပေးလိုက်ပါတယ်...။
အားလုံး Portable Version တွေပါ...။
Photoshop Portable CS3
>>> DOWNLOAD <<<
Photoshop Portable CS4
>>> DOWNLOAD <<<
Photoshop Portable CS5
Photoshop Portable CS6
>>> DOWNLOAD <<<
Topaz Clean v3.0.1 for Adobe Photoshop
Photoshop ကမ္ဘာသို့ အလည်တခေါက်
Photoshop CS3 အသုံးပြုနည်း
Adobe Photoshop CS4 အသုံးပြုနည်း
Adobe Photoshop CS5 အသုံးပြုနည်း
Adobe InDesignCS6 အသုံးပြုနည်း
Adobe InDesign CS6 အသုံးပြုနည်း (မြန်မာလို)
Adobe PhotoShop 7.0 အသုံးပြုနည်းPhotoshop CS Tools များအကြောင်း
Adobe PageMaker အသုံးပြုနည်း
Photoshop Note1
Photoshop Note2
Tuesday, September 6, 2016
မော်လမြိုင်မြို့ မြိုင်သာယာ ၃၈ လမ်းက ရင်နင့်စရာ ဖြစ်စဉ်

-------------------------------------------------------------
သနားစရာကောင်းပါတယ်
5.9.2016 ရက်နေ့
မော်လမြိုင်မြို့ မြိုင်သာယာ ၃၈ လမ်း အိမ်အမှတ် ၆၅၃ ယဉ်နုကြေးအိုး ဆီချက်ဆိုင် အနောက်လမ်း နေအိမ်ထဲ မှာ အပျိုကြီး လူပျိုကြီး မောင်နှမ နှစ်ယောက် နေထိုင် ပါတယ်။ အမဖြစ်သူက အသက် ၈၀ ကျော် မောင်ဖြစ်သူ က အသက် ၇၀ ကျော်။ အဖွားဖြစ်သူက လေဖြန်းနေပြီး ကျန်းမာရေးမကောင်း မထနိုင်။ မောင်ဖြစ်သူကလည်း အသက်အရွယ် ကြီးရင့် နေသော် လည်း အစ်မဖြစ်သူကို ပြုစုပြီး နေထိုင်ကြတယ် လို့သိရပါတယ်။
မြင်ရတဲ့ မြင်ကွင်းက ရင်နင့်စရာ။ ပြုစုနေရတဲ့ မောင်ဖြစ်သူက နေအိမ်နောက်ဖေးခန်းမှာ ပက်လက် အနေအထားနဲ့ ပုတ်ပွပြီး သေဆုံးနေတယ်။ မောင်ဖြစ်သူ ရဲ့ အလောင်းနားမှာ အစ်မဖြစ်သူရဲ့ မစင်ခွက်လို့ ယူဆရတဲ့ မစင်ခွက်။ အမဖြစ်သူ အဖွားအပျိုကြီးက အိပ်ခန်းထဲက ကုတင်ပေါ်မှာ မထနိုင်ပဲ အသက် မျော့မျော့လေး ကျန်တော့တယ်။ မောင်ဖြစ်သူ သေဆုံးပြီးကတည်းက အစာရေစာ မစားရပဲ ဒီတိုင်း အားပြတ်နေရတဲ့ပုံ။
ဖြစ်စဉ်ကို အကြမ်းဖျဉ်း သုံးသပ်ပြရရင် မောင်ဖြစ်သူ အဖိုးက အစ်မဖြစ်သူ အဖွားရဲ့ မစင်ကို ဂေါ်ပြားနဲ့ကျုံး သန်ရှင်းရေး လုပ်ပေးပြီး နောက်ဖေး မှာ သွားသွန်ပုံ ရပါတယ်။ အခန့်မသင့်လို့ ခြေချော်ကျ၍ သော်လည်းကောင်း တစုံတခု ကျန်းမာရေး အခြေအနေ ကြောင့်သော် လည်းကောင်း လဲကျသေဆုံး သွားပါလိမ့်မယ်။ အလောင်း ပုံသဏ္ဍာန် ကြည့်ရတဲ့ ပုံက အနည်းဆုံး ၄ ရက် ၅ ရက်လောက် ရှိတယ်လို့ ခန့်မှန်း ရပါတယ်။ အသက်ရှင် ကျန်ခဲ့တဲ့ အသက် ၈၀ ကျော် အဖွားကလည်း အိပ်ယာထဲက မထနိုင်။ အစားရေစာ ဘယ်လောက်များ ပြတ်တောက် နေရမလဲဗျာ။ ပြီးတော့ အလုံပိတ် တစ်ထပ်တိုက် နေအိမ်ထဲမှာ အပုပ်နံ့ တထောင်းထောင်းနဲ့ နေထိုင်နေရတယ်။ ကိုယ်တွေတောင် ဘယ်လိုမှ အနံ့မခံနိုင်ဘူး။
အပုပ်နံ့ ရနေသော်လည်း ပတ်ဝန်းကျင်က အနည်းငယ် အေးချမ်း တိတ်ဆိတ်တဲ့ နေရာဖြစ်တဲ့ အတွက် သူလိုလို ကိုယ်လိုလို ကြွက်ပုတ်လိုလို ခွေးပုတ်လိုလိုပေါ့။ နောက်ဆုံး ဘယ်လိုမှ မခံနိုင်အောင် အနံ့ထွက်တော့မှ ပတ်ဝန်းကျင်က လူတွေစုပြီး နေအိမ်ထဲ ပြတင်းပေါက်က ချောင်းကြည့်တော့မှ အဖြစ်မှန်သိရ။ ကူကြကယ်ကြ ရတော့တာပေါ့။
အခင်းဖြစ်နေရာသို့ မော်လမြိုင် လူမှု့ကယ်ဆယ်ရေး RESCUE အဖွဲ့မှ ဖုန်းသတင်း ရရခြင်း ည 8:15 PM အချိန် ကားနှစ်စီးဖြင့် ထွက်ခွာပြီး အသက်မျော့မျော့သာ ကျန်တော့တဲ့ အဖွားအိုကို ဆေးရုံကြီးသို့ အရေးပေါ်ပြုစု ပို့ဆောင် ပေးခြင်း၊ ပုတ်ပွ သေဆုံးနေတဲ့ Deadbody ကို သယ်ဆောင် ပေးဖို့အတွက် တောင်ပေါ်လမ်းလျှောက် စေတနာ နာရေးကူညီမှု့အသင်းကားအား သွားရောက် ယူဆောင်ပြီး အလောင်းအား သယ်ဆောင်ပေးကာ မော်လမြိုင်ပြည်သူ့ ဆေးရုံကြီး OPD မှတဆင့် ရင်ခွဲရုံသို့ ပို့ဆောင် ကူညီပေးခဲ့ခြင်းများ ပြုလုပ်ပေး ခဲ့ပါတယ်။
ဖြစ်စဉ်အား သေမှု့သေခင်း ဖွင့်လှစ်ကာ မြိုင်သာယာ ရဲစခန်းမှ ဆက်လက် စစ်ဆေးနေကြောင်း ကနဦး တင်ပြပါသည်
Credit Zin Moe(ဟန်ကို)

နမ်ခမ်းမြို့နယ် မန့်ဟောင်းကူးတို့ဆိပ်တွင် စက်လှေပေါ်မှကုန်တင်ကား တစ်စီး ရွှေလီမြစ်ထဲချော်ကျ စက်လှေသမားနှင့် ကားဒရိုင်ဘာ ပျောက်ဆုံး
စက်တင်ဘာလ ၄ ရက် ၂၀၁၆
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဟောင်းကူးသို့ဆိပ်တွင် စက်လှေပေါ်မှ ကုန်တင်ကားတစ်စီး ပြုတ်ကျမှု စက်တင်ဘာ(၄)ရက် နေ့မွန်းလွဲ ပိုင်း က ဖြစ်ပွားခဲ့ကြောင်း မန့်ဟောင်းရွာသားတစ်ဦး ထံမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက်နေ့ က ရွှေလီဘက်ခြမ်း တရုတ်ပြည်ဘက် မှလာသည့် ကုန်တင်ကား တင် စက်လှေသည် မွန်းလွှဲ ၂း၃၀ က နမ့်ခမ်းမြို့ မန့်ဟောင်း ကူးတို့ဆိပ် ကမ်းကပ် သည့်အချိန် တွင်ချော်ကျခဲ့ကြောင်း၊ ကား သမားတစ်ဦးနှင့် လှေသမားတစ်ဦးပါ ရွှေလီမြစ်ထဲသို့ ကျသွားကြောင်း ၊ ဒေသခံများက စက်ကိရိယာများနှင့် လူအင်အားများပါ ၀ိုင်းဝန်းရှာဖွေ ခဲ့သော်လည်း မိုးချုပ်သည့်အထိ မတွေ့ရကြောင်း၊ အဆိုပါကားကိုရွှေ လီမြစ်ကမ်းဘေးသို့ဆယ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း မန့်ဟောင်းကူးတို့ဆိပ် အလုပ်သမား တစ်ဦးပြောသည်။

၎င်းက " စိုင်းကျော်လှ မောင်းလာတဲ့ကားလေ။ တရုတ် ပြည်ဘက်က ပျဉ်ပြားတွေ တင်လာတယ် ။ ဒီဘက်ကမ်း တက်မယ် လုပ်တော့ စက်လှေ သမား စိုင်းမိုးကျော်က စပယ်ယာလုပ်ပေးတယ် ။ တအားလေးတော့ လမ်းချော်သွားတာ။ ကားသမားရော လှေသမားပါ ရေထဲပါသွား တယ်၊ ကားဆရာက တစ်ခဏပေါ်လာခဲ့ ပေမယ့် အချိန်မမှီလိုက် ဘူး။ ပြန်မြုပ် သွားတယ်။ စက်လှေသမားက လုံးဝ ပေါ်မလာဘူး။ ဒီတ၀ိုက်ကရွာသားတွေ လာဝိုင်းကူရှာတယ်၊စက် ကိရိယာရော လူအင်အားပါညမိုးချုပ်အထိ လိုက်ရှာပေမယ့် မတွေ့သေးဘူး၊ကားကိုေ တာ့ မြစ်ကမ်းဘေးကို ဆယ်ယူနိုင်ခဲ့ပြီ´´ဟုပြောခဲ့သည်။
၂ ဘက်ကမ်းကိုသွားလာဆက်သွယ်သည့် စက်လှေနှင့်ကားများ လူများ သည် ရွှေလီမြစ်အတွင်း နှစ်စဉ်နှစ်တိုင်း ရေနစ်သေ ဆုံးမှု ဖြစ်ပွား ခဲ့သည်ဟု ဒေသတွင်းနေလူထုကပြောသည်။
၂၀၁၅ခု ဧပြီလ သင်္ကြန်ကာလအတွင်းကလည်း မန့်ဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ သား လည်း အဆိုပါရွှေလီမြစ်ထဲတွင်ရေနစ်သေဆုံး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဓါတ်ပုံ- ကုန်ကားကျသွားသည့်နေရာ (Photo: TMMG)
သျှမ်းသံတော်ဆင့် / (S.S.M & S.L )
Panglong(Burmese)
https://www.facebook.com/Panglong.burmese
Subscribe to:
Posts (Atom)