မိမိနှစ်သက်ရာ Games Software လေးများ တောင်းဆိုနိုင်ပါတယ်

Friday, July 26, 2013

သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခြင်းအတွက် နစ်နာကြေးတောင်းသူ ရေနံချောင်းတောင်သူ ၂ ဦးကို တရားစွဲ




ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက် လိုင်းဖြတ်သန်းခြင်းအတွက် နစ်နာကြေး အသနားခံတင်ပြခဲ့သူ ရွှေတုတ်ကန် ကျေးရွာမှ တောင်သူ ၂ ဦးအား ယခင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းမှ တရားလိုပြု ၍ ရေနံချောင်းမြို့နယ်တရား ရုံးသို့ တရားစွဲဆိုကြောင်း သတင်းရရှိ သည်။

''ကျွန်တော်တို့က အမှန်မို့လို့ အမှန်အတိုင်း တင်ပြတောင်းဆိုတာပါ။ ဘာမှ လိမ်လည်ခဲ့တာ မရှိပါဘူး။ လျော်ကြေးရဖို့ မြေတစ်ကွက် တစ် သောင်း ငါးထောင်နှုန်းနဲ့ တောင်းလို့ ဦးသူတော်က မပေးနိုင်လို့ မပေးခဲ့တာ။ ပေးနိုင် တဲ့ လက်ထုတ်ကန်ကွင်းနဲ့ ဝန် ရိုးကွင်းမြေယာပိုင်းအတွက် လျော်ကြေး ရတယ်ဗျာ။ မပေးတဲ့အပိုင်း မရဘူး။ ဒါ ကို အမှန်တင်ပြတာကို ကျွန်တော်တို့ကို ပြစ်မှု ဥပဒေပုဒ်မ (၁၈၂) နဲ့ တရားစွဲ တယ်'' ဟု တောင်သူကိုသန်းဦးမှ ပြော ပြသည်။ ပြစ်မှုကြီး အမှတ် (၅၂၆) ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈၂) အရ ရွှေတုတ်ကန်ကျေး ရွာမှ တောင်သူ ဦး သန်းဦးနှင့် ဦးသူတော်တို့အား မြို့နယ် တရားရုံးတော်မှ ကြားနာစစ်ဆေးခံရန် လက်ခံခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ တရားစွဲဆိုရခြင်းမှာ တောင်သူ ၂ ဦးမှ ၄င်းတို့၏ ယာမြေပေါ် တွင် တရုတ်မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက် လိုင်း ဖြတ်သန်းရာတွင် အများနည်းတူ မြေယာနစ်နာကြေး မရရှိသဖြင့် နိုင်ငံတော်သမ္မတနှင့် သက် ဆိုင်ရာသို့ အဆင့်ဆင့် တင်ပြ တိုင်တန်း ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ တိုင် တန်းရာတွင် တင်ပြမှုများ တွင်မှန်ကန် မှု မရှိ မိမိရယူလိုမှု ဆန္ဒတစ်ခုတည်း ဖြင့် အာဃာတတရား ရှေ့ ထားပြီး လိမ် လည်တိုင်တန်းသည်ဟု ဆိုကာ မကွေး ခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ (၇-၆-၂ဝ၁၂) နေ့စွဲပါစာအမှတ်၊ ၂/ ၂၈-၂/ဦး၎ (၂၆၁၉)ဖြင့် တရားစွဲဆိုရန် ညွှန်ကြားစာထွက်ရှိခဲ့သည်ဟု သိရသည်။

ထိုညွှန်ကြားစာအရ ရေနံချောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ၏ ကိုယ်စားမြို့နယ်ဒုဦးစီးမှူးမှ လက်မှတ်ရေး ထိုးကာ ရွှေတုတ်ကန်ကျေး ရွာ အုပ်ချုပ် ရေးမှူးဟောင်း၊ ရွာခွဲရွာ အိမ်မှူး၊ မြေစာ ရင်းဦးစီးဌာန မှ မြေတိုင်းစာရေး ၂ ဦး အားတရားလိုပြုလုပ်တိုင်ကြားရန်အမိန့် စာအမှတ် ၂/၁၃-၁/ဦး ၄ (၇၅၃) ဖြင့် ၂ဝ၁၂ ခုနှစ်ဇွန်လ ၁၄ရက်တွင်ညွှန်ကြား ခဲ့ခြင်း ဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးနှင့် မြို့နယ်အုပ်ချုပ်ရေးတို့ ၏ ညွှန်ကြားချက် စာ တစ်နှစ်အကြာတွင်မှ တရားစွဲဆိုခြင်း ဖြစ်သည်။ ယခုအခါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းလည်း စတင်ဆောင် ရွက်နေပြီ ဖြစ်သည်။

အမှုအား စတင်စစ်ဆေးကြားနာ နိုင်ရန်အလို့ငှာ ဇူလိုင် ၂၄ ရက် သို့ ပြန် လည် ဆင့်ဆိုလိုက်ပြီး တရားစွဲဆိုခံ တောင်သူများအနေဖြင့် မမှန်မကန် တရားစွဲဆိုထားခံရမှုအပေါ် နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာ တိုင်းခရိုင်ဌာန အသီးသီးသို့ အကူအညီတောင်းခံစာ များ ပေးပို့၍ တရားမျှတမှု ဖြစ်အောင် တင်ပြတောင်းဆိုသွားမည်ဟု သတင်း ရရှိသည်။

ဦးမင်း

Popular Myanmar News Journal

ဆေးရုံထဲသို့ အရက်ပုလင်းနှင့် ဆိုင်ကယ်စီး ဝင်လာသော ဆရာဝန် သတင်း ဖြစ်ရပ်မှန်



၂၁ ရက်နေ့   ည ၉ နာရီလောက်မှာ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့  ကျောက်ဆည်ဆေးရုံကို accident ဖြစ်တဲ့ လူနာနှစ်ယောက် ရောက်လာပြီး လူနာများ၏ အခြေအနေမှာ ဦးခေါင်းထိထား၍ ကောင်းစွာ သတိမရကြောင်း သိရပါတယ်။

အဆိုပါလူနာ များနှင့် ပါလာသော ယာဉ်ထိမ်းရဲ နှစ်ယောက်မှာ ဆရာဝန်စမ်းသပ် ခန်းထဲသို့ ဝင်လာပြီး လူနာများအား လှုပ်နိုးပြီး၊ နာမည်၊ အသက် စသည်တို့ ကို မေးတဲ့အခါ တာဝန်ကျ ဆရာဝန်များထဲမှ ဆရာဝန်တယောက်က လူနာက ကောင်းကောင်း သတိမရသေးသဖြင့်၊ အရေးပေါ် အခြေအနေဖြစ်ကြောင်း ဆရာဝန် အခန်း အပြင်မှ စောင့်ရန်ပြောသဖြင့်၊ အရက်လည်း မူးနေတဲ့ ယာဉ်ထိမ်းရဲ ၂ပွင့် ဦးအေးကိုကိုမှ အခန်းအပြင်ဘက်သို့ ထွက်သွားရ၍ မကျေနပ်ကြောင်း ပြောဆိုနေခဲ့ပါတယ်။

အဲဒီအချိန်မှာ ဒေါက်တာ ဇော်သူအောင်မှ ဆိုင်ကယ်ထားရန် ပြင်ပလူနာ ဌာနဆောင်ထဲသို့ တက်လာစဉ်၊ ယာဉ်ထိမ်းရဲများ ပိတ်နေ၍ လမ်းဖယ်ပေးရန် ဆိုင်ကယ်ဟွန်းတီးတဲ့အခါ၊ ယာဉ်ထိမ်းရဲ ဖြစ်သူများမှ ဖယ်မပေးဘူးလို့ ဆိုပါတယ်။

ထိုအခါ ဒေါက်တာဇော်သူအောင်မှ ဆိုင်ကယ်ကို လမ်းကျဉ်းကျဉ်းလေးထဲ သို့  ယာဉ်ထိမ်းရဲများ ဘေးမှကပ်ရှောင်သွားစဉ်၊ဒေါက်တာ ဇော်သူအောင် ဆိုင်ကယ်မှ ဆိုင်ကယ်ဦးထုပ်နှင့် ဦးအေးကိုကို၏ လက်ထိမိသွား ကြောင်းသိရပါတယ်။

အထဲမှ လူနာနှစ်ယောက်ကိုတော့ ရောဂါအခြေအနေ အကြောင်း တာဝန်ကျ ခွဲစိပ်ဆရာဝန်ကြီးထံ အကြောင်းကြားပြီး ဆရာဝန်ကြီး order အရ မန္တလေးဆေးရုံကြီး ဦးနောက်နှင့် အာရုံကြောခွဲစတ်ဌာနလို့ လွဲပြောင်းခိုင်း လိုက်ပါတယ်။

ထိုသို့ လွှဲပြောင်းကုသ ခြင်းကို ယာဉ်ထိမ်းရဲ ဖြစ်သူဦိးအေးကိုကိုမှ ဒီမှာပဲ ကုလို့ မရနိုင်ဖူးလား၊ ဘာဖြစ်လို့ လွှဲတာလဲလို့ ပြောပါတယ်၊ အရေးပေါ်အခြေအနေကြောင့် လွှဲပြောင်းခြင်းကို သူ့ ဘက်က ဘာကိစ္စ သဘောမတူ ဖြစ်နေရတာလဲဆိုတာကို ဆရာဝန်များမှ နားမလည်နိုင်ကြောင်း၊ ကျောက်ဆည် ဆေးရုံက ဆရာဝန်တဦးက ပြောပါတယ်။

မလွှဲလို့ မရဖူးလို့ ပြောလိုက်တော့မှ ယာဉ်ထိမ်းရဲ ဖြစ်သူ နှစ်ဦးထွက်သွားခဲ့ ပါတယ်။

ည ၁၀ နာရီလောက်မှာ ယာဉ်ထိမ်းရဲ ဖြစ်သူနှစ်ဦးနှင့် ကိုကိုလွင် ဆိုသော လူတယောက်ပါလာပြီး ၊၃ ယောက်စလုံးမှ အရက်နံ့ရပြီး တော်တော်ပင်မူးနေကြကြောင်း၊ ကိုကိုလွင် ဆိုသူမှာ ဆေးရုံထဲသို့ ဆေးလိပ်သောက် ၀င်လာပြီး သူ့ ဖုန်းဖြင့် ဓာတ်ပုံများရိုက်ကြောင်း၊ ယာဉ်ထိန်းရဲဖြစ်သူ ဦးအေးကိုကိုမှ သူ့ အားဆိုင်ကယ်ဖြင့် ဝင်တိုက်သွားသည့် ဆရာဝန်အား ခေါ်ပေးရန် ရင့်ရင့်သီးသီးပြောဆို ကြောင်း၊
ကိုကိုလွင်အား ဓာတ်ပုံ ရိုက်လို့ မရကြောင်း ပြောသောအခါ ၊ ငါက မီဒီယာသမားကွ ငါရိုက်ချင်ရင် အကုန်ရိုက်လို့ ရတယ်ကွဟု ပြောကြောင်း၊ ရောက်လာသူ ၃ ယောက်စလုံးမှ တော်တော်မူးနေ၍ ပြသနာ တက်မည်ဆိုးသော ကြောင့် ဒေါက်တာ ဇော်သူအောင်ကို ခေါ်မပေးပဲ ပြေလည်အောင် ဆရာဝန်တဦးမှ ဦးအေးကိုကိုအား ဆိုင်ကယ်ဦးထုပ်နှင့် တိုက်မိတာပဲ ခင်များလက်က ဒဏ်ရာရသွားရင် ကျွန်တော်တို့ ဒေါက်တာဇော်သူအောင် အစားတောင်းပန်ပါတယ်လို့ ပြောပါတယ်။

ပြီးတော့ ခင်များလက်ကိုလည်း ဓာတ်မှန်ရိုက်ပြီး ဆေးကုပေးမည်ဟု ပြောကြောင်း၊ အမှန်မှာ ဆိုင်ကယ်ဦးထုပ်ဖြင့် တိုက်မိသောကြောင့် မည်သည့် ဒဏ်ရာအနာမှ မဖြစ်ကြောင်း၊ ဦးအေးကိုကိုမှ ဒေါက်တာဇော်သူအောင်အား မခေါ်ပေးသဖြင့် ဆေးရုံရှေ့တွင် အော်ပစ်ဆဲဆို သောင်းကြမ်းနေကြောင်း၊ မီဒီယာ သမားဟုပြောသော ကိုကိုလွင်ဆိုသူမှ ငါက ၈၈ကျောင်းသားဟောင်းကွ၊ ငါကိုဘာကောင်မှတ်နေလည်း၊ မင်းတို့ ဆေးရုံတခု လုံးကို ဓာတ်ပုံရိုက်ပြီး internet ပေါ်တင်လို့ ရတယ်ကွ၊ ပါးစပ်မှ လည်းနားနှင့် မကြားဝင့်တဲ့ စကားလုံးမျိုးစုံ ဖြင့်ဆဲဆိုပြီး၊ မင်းတို့ ဆေးရုံတခုလုံးကို မီးရို့ ပစ်မယ်၊ ဘာမှတ်နေလဲကွဟု ပြောကြောင်း၊ ပြသနာများ ပိုကြီးလာမည်ဆိုးသောကြောင့် အကုန်လုံးမှ ဒေါက်တာဇော်သူအောင်အား ခေါ်ပေးပြီး၊ ယာယီဆေးရုံအုပ် ဒေါက်တာဦးဌေးအောင်ကိုလည်း တာဝန်ကျ ဆရာဝန်တဦးမှ သွားခေါ်ခဲ့ပါတယ်။

ဒေါက်တာဦးဌေးအောင်ရောက်လာပြီး ပြသာနာဖြစ်သူ နှစ်ဦးအား အခန်းတွင်း သီးသန့် ဖြေရှင်းပေးကြောင်း၊ ဒေါက်တာဦးဌေးအောင်မှ ဦးအေးကိုကိုအား တာဝန်ချိန် အတွင်း ယူနီဖောင်း ဝတ်ပြီး အရက်သောက်ထားသဖြင့်မှားကြောင်း၊ ဒေါက်တာဇော်သူအောင်အား ဆိုင်ကယ်မထားရတဲ့နေရမှာ မောင်းတက်လာ၍ မှားကြောင်း ပြောပါတယ်။

ဒေါက်တာ ဇော်သူအောင်မှ ဒီနေရာတွင် ဆိုင်ကယ်မထားရသည်ကို မသိကြောင်း၊ အစဉ်အဆက်ကလည်း ဆိုင်ကယ်ထားကြ၍ မိမိလည်းထားမိခြင်းဖြစ် ကြောင်း၊ ယာဉ်ထိန်းရဲ ဦးအေးကိုကိုမှ ဒေါက်တာဇော်သူအောင်လည်း အရက်သောက်ထားကြောင်း ပြောဆိုပြီး ဆိုင်ကယ်ရှေ့ မှ ညှပ်ထားသော ဘူးကိုယူ၍ပြကြောင်း၊ အဲဒီဘူးမှာ အချိုရည်ဘူး ဖြစ်ကြောင်း ပြောပြီး ဒေါက်တာဦးဌေးအောင်နှင့် ဦးအေးကိုကိုမှ အဖုံးဖွင့်ပြီး ကြည့်ကြကြောင်း၊ အရက်အနံ့ မရပဲ အချိုရည်အနံ့ ပဲရကြောင်း၊ ဒေါက်တာ ဦးဌေးအောင်မှ ဝန်ထမ်းအချင်းချင်း ပြသနာဖြစ်တာ ရှက်စရာကောင်းလှ ကြောင်း၊ နှစ်ဦးနှစ်ဖက်တောင်းပန်ခိုင်း၍ အပြန်အလှန်လက်ဆွဲ နုတ်ဆက်ခိုင်းကြောင်း သိရပါတယ်။

ဒေါက်တာ ဦးဌေးအောင်မှ အရပ်သားတွေကို တောင်းပန်စရာ မလိုကြောင်းလဲ မပြောခဲ့ကြောင်း၊ ကိုကိုလွင်နှင့် ဦးအေးကိုကိုတို့ ဆဲဆိုနေသော ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံများကို ဒေါက်တာဦးဌေးအောင်မှ ပြသနာ အကျယ်အကျယ်ဖြစ်မည်ဆိုးသဖြင့် ပြန်ဖျက်ခိုင်းလိုက်ကြောင်းလည်း ကျောက်ဆည် ဆေးရုံ တာဝန်ကျ ဆရာဝန်များ ပြောပြချက် အရ သိရပါတယ်။

ဆက်လက်ပြီး တာဝန်ကျ ဆရာဝန်တဦးမှ ဒေါက်တာဦးဌေးအောင်က လူနာများကို ဆဲဆိုရတဲ့ အကြောင်းအရင်း သိချင်ရင် အချိန်မရွေးလာရောက် စုံစမ်းနိုင်ကြောင်း၊ အလာကား သက်သက် မဆဲကြောင်း၊ ပြီးတော့ လူနာများကို ကြက်သား၊နို့ ၊ငါးဆန်ပြုတ် တနေ့ သုံးနှပ် နေ့ တိုင်းကျွေးကြောင်း၊ မြန်မာနိုင်ငံမှာ ဒီလိုမျိုး လူနာတွေကို ဆန်ပြုတ်နေ့ တိုင်းတိုက်တဲ့ ဆေးရုံမျိုးတွေကို လက်ချိုးရေလို့ ရကြောင်း၊ ကျောက်ဆည်ဆေရုံကြီးကို တက်ဖူးတဲ့ လူနာတွေကို ကြိုက်တဲ့လူ မေးလို့ ရနိုင်ကြောင်း၊ ငွေရေးကျေးရေး အရုပ်အရှင်း ကိစ္စမရှိကြောင်း၊ ဆင်းရဲသောလူနာများကို တက်နိုင်သလောက် ဆေးအလာကားပေးကြောင်း၊ ဆေးရုံဆင်းချိန်တွင် အလှူငွေကောက်ခံခြင်းကို မတက်နိုင်လျှင်လုံးဝမထည့် ခိုင်းကြောင်း၊ အဲဒါကြောင့် ၁၅နှစ်လုံးလုံး ဒီမှာမြဲနေတာဖြစ်ကြောင်း၊ ကြိုက်တဲ့ အချိန် ကျောက်ဆည်ဆေးရုံကို လာပြီးတော့ မေးမြန်းနိုင်ကြောင်း ထံမံပြောဆိုသွားပါတယ်။

by Myanmar News Now

Saturday, June 22, 2013

ဖားကန့် မြေပြိုမှု ၃ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မနေ့ညနေ ၄ နာရီလောက်က ပုဂ္ဂလိက မှော်လုပ်ကွက်ဟောင်းတစ်ခုမှာ ရေမဆေးကျောက်ရှာဖွေနေတဲ့ လုပ်သားတွေ မြေတူးနေရင်း တွင်းပြိုကျမှုကြောင့် ၃ ဦး သေဆုံးခဲ့ပြီး ၇ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မျက်မြင်တစ်ဦးဖြစ်သူ ဦးဇော်မိုးထက်က RFA ကို အခုလို ပြောပါတယ်။

"ဒီမှာက ဒေသခံပြည်သူတွေ သူတို့ဘာသာသူတို့ လက်လုပ်ကျင်းလေးတွေပေါ့၊ သံတိုင်လေးတွေနဲ့ လုပ်ကွက်ဟောင်းတွေထဲမှာ တူးဖော်ပြီး လုပ်ကိုင်စားသောက်ကြတဲ့အချိန်မှာ မိုးရွာတော့ မြေသားတွေမခိုင်တော့ မြေပြိုပြီးတော့ မြေပိတာပေါ့၊ ၃ ယောက်ကတော့ မြေကြီးထဲကနေဖော်တာ ပွဲချင်းပြီး ဆုံးသွားတယ်ပေါ့"

ဒီလိုမြေပြိုကျမှု ဖြစ်စဉ်တွေဟာ အခုနှစ်ထဲမှာဆိုရင် သုံးကြိမ်လောက် ရှိသွားပြီလို့ သိရပါတယ်။ အခုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့တဲ့သူတွေကို ဖားကန့်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတယ်လို့ ဦးဇော်မိုးထက်က ပြောပါတယ်။

လုပ်ကွက်တွေမှာ ရေမဆေးကျောက်ရှာဖွေပြီး လုပ်ကိုင်စားသောက်နေသူတွေကို အာဏာပိုင်တွေ တားမြစ်ထားပေမယ့် တပိုင်တနိုင် ရေမဆေးကျောက်ရှာသူတွေကတော့ ဝမ်းရေးအတွက် ဆက်လက်ရှာဖွေ လုပ်ကိုင်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese

ဒုက္ခသည်တွေအိမ်ပြန်နိုင်ရေး အစိုးရတာဝန်ရှိကြောင်း ဦးအောင်မင်းပြော

အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးတွေ တက်ရောက်တဲ့ ပထမဆုံး ကမ္ဘာ့ ဒုက္ခသည်များနေ့ အခမ်းအနားတစ်ခုကို ရန်ကုန်မြို့၊ မြန်မာ့ ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေး ဗဟိုဌာန (MPC) မှာ ဇွန်လ ၂၁ ရက်၊ သောကြာနေ့က ကျင်းပခဲ့ပါတယ်။ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အစိုးရရဲ့သဘောထားဟာ ပြောင်းလဲနေပြီ ဖြစ်ပြီး ဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း ဘ၀ လုံလုံခြံခြုံနဲ့ အိမ်ပြန်လာနိုင်ရေး အတွက် အစိုးရမှာ တာဝန်ရှိတယ်လို့  ပြည်ထောင်စုဝန်ကြီးတစ်ဦးကပြောပါတယ်။ ဒုက္ခသည်တွေ အိမ်ပြန်ရေးဟာ သူတို့ကိုယ်တိုင်သာ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။ အပြည့်အစုံကို အခမ်းအနားကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရဟာ တစ်ချိန်တုန်းက ဒုက္ခသည်တွေကို အသိအမှတ်မပြုခဲ့ဘဲ သောင်းကျန်းသူ အဖျက်သမားတွေရဲ့ မိသားစု တွေဆိုပြီးတော့ ခေါ်ဆိုသုံးနှုန်းခဲ့ဖူးသလို ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေးကိစ္စကိုလည်း ဘယ်တုန်းကမှ ပြောဆို ဆွေးနွေး တာ မရှိခဲ့ဖူးပါဘူး။ အခုတော့ တိုင်းပြည်မှာ အပြောင်းအလဲတွေဖြစ်နေသလို ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ အစိုးရရဲ့သဘောထား ဟာလည်း ပြောင်းလဲနေပါပြီလို့ ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနား ကိုယ်တိုင်တက်ရောက်လာသူ သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောပါတယ်။

“အခု ကျနော်တို့အစိုးရလက်ထက်မှာ Refugee ကို လက်ခံပါတယ်။ IDP ကို လက်ခံပါတယ်။ Migrant Worker ကို ကျနော်တို့ လက်ခံပါတယ်။ ဒါတွေဟာ ကျနော်တို့ ဆွေမျိုးသားချင်းတွေပဲ ဖြစ်တယ်။ ကျနော်တို့သားသမီးတွေပဲဖြစ်တယ်။ ဒါတွေအတွက် လုပ်ရမယ့်တာဝန်က နိုင်ငံတော်အစိုးရရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အခုလည်း ခင်ဗျားတို့မြင်လိမ့်မယ်။ လုပ်ကိုင်နေတာ။ မလေးရှားမှာလည်း ပြဿနာဖြစ်တဲ့အခါကျတော့ ကျနော်တို့ဆီက ဒု-ဝန်ကြီး ဦးဇင်ယော်တို့ သွားပြီးဆောင်ရွက်တာတွေကို ခင်ဗျားတို့ မြင်တွေ့ရမှာဖြစ်တယ်။ ကျနော်ပြောချင်တာတော့ စနစ်တွေ ပြောင်းပါပြီ။ ခေတ်တွေပြောင်းပါပြီ။ အမှန်ကို အမှန်အတိုင်းပဲ လက်ခံရမှာဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့ ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ကိုယ့်အိုးအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးကြသူတွေဟာ သူတို့နယ်မြေမှာ အသက်အန္တရာယ် လုံခုံမှုမရှိ၊ ဘ၀လုံခြုံမှုမရှိလို့ ထွက်ပြေးသွားကြတာဖြစ်ပြီး လုံခြုံမှုရှိရင် ပြန်လာကြမှာဖြစ်ပြီးတော့ စနစ်တကျ ဘေးအန္တရာယ်မရှိ ဘ၀လုံလုံခြုံခြုံနဲ့ ပြန်လာနိုင် အောင်လုပ်ပေးဖို့ အစိုးရမှာတာဝန်ရှိပါတယ်လို့လည်း ၀န်ကြီးဦးအောင်မင်းက ပြောပါတယ်။ အဲဒီလိုအခြေအနေတွေ ဖန်တီး တာမှာ တိုးတက်မှု ဘယ်လောက်ရနေပြီလဲဆိုတာကိုတော့ ၀န်ကြီးဦးအောင်မင်းက -

“အခုဆိုရင် လွိုင်ကော်မှာ အစည်းဝေးလုပ်တဲ့ထဲမှာ ကျနော်တို့ ကရင်နီဖွံ့ဖြိုးတိုးတက်ရေး KNPP က ပြန်လာမယ့်အဖွဲ့တွေကို --- နယ်မြေ၊ -- ဒေသမှာ ပြန်လည်နေရာချထားပေးဖို့အတွက် နေရာလေးတွေ သတ်မှတ်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
ဒုက္ခသည်တွေ အိမ်ပြန်ရေးကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုတာတွေ၊ ပြင်ဆင်တာတွေ အခုအချိန်မှာ အတော်များများ ရှိနေ ပေမဲ့လည်း အိမ်ပြန်ဖို့အချိန်အခါ ကျမကျဆိုတာကို ဆုံးဖြတ်ရမှာဟာ ဒုက္ခသည်တွေကိုယ်တိုင်ပဲဖြစ်ပါတယ်လို့ ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ဟန်န်စ် တန်န် ဖဲလ်ဒ် (Hans tan Feld) က ပြောပါတယ်။

"အိမ်ပြန်ဖို့အချိန် ရောက်ပြီဆိုတာကို UNHCR ကပဲဖြစ်ဖြစ်၊ အစိုးရကပဲ ဖြစ်ဖြစ် ပြောလို့မရပါဘူး။ ဒါဟာ အမျိုးသား၊ အမျိုးသမီး ဒါမှမဟုတ် ကလေးငယ် တစ်ဦးချင်းစီက ဆုံးဖြတ်ရမယ့်ကိစ္စပါ။ မြန်မာအစိုးရ အနေနဲ့ ကြီးမားတဲ့ အောင်မြင်တိုးတက်မှုတွေ ရထားပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ တွေရှိနေပြီး ဒါတွေအားလုံးဟာ အပြုသဘော ဆောင်တဲ့ တိုးတက်မှုတွေပါ။ ဒီအခြေအနေကနေ လူတွေ တကယ်တမ်း အိမ်ပြန် လာနိုင်တဲ့ အချိန်အခါတစ်ခုဆီ ဦးတည်မယ်လို့ မျှော်လင့်ရပါတယ်။ အချိန်အခါကတော့ သိပ်စောနေပါသေးတယ်။ မြေမြှုပ်မိုင်းဗုံးတွေ အများကြီးရှိနေသေးပြီး မိုင်းရှင်းလင်းရေး လုပ်ဖို့လိုပါတယ်။ ကိစ္စရပ်အများအပြားကို ကိုင်တွယ်လုပ်ဆောင်ရဦးမှာပါ။ ဒါပေမဲ့ မကြာခင်မှာပဲ လူတွေအိမ်ပြန်ရေး ဆုံးဖြတ်နိုင်ကြမယ့် နေ့တစ်နေ့ကို ရောက်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တကယ့် အလားအလာတွေရှိနေပြီလို့ ကျနော်ထင်ပါတယ်။"

မြန်မာနိုင်ငံက ဒုက္ခသည်အများစုကို ဒုက္ခသည်စခန်းကိုးခုမှာ လက်ခံထားတဲ့ ထိုင်းအစိုးရအနေနဲ့လည်း ဒုက္ခသည်တွေ အိမ်ပြန်ဖို့ ကိစ္စကို အလျင်စလိုနဲ့ တွန်းအားပေးတာမျိုးမလုပ်ဘဲ ဒုက္ခသည်တစ်ဦးချင်းစီက ဆုံးဖြတ်ရမယ့်ကိစ္စအဖြစ်ပဲ သဘောထားပါတယ် လို့ မစ္စတာ ဟန်န်စ် တန်န် ဖဲလ်ဒ်က ပြောပါတယ်။
အဲဒီဒုက္ခသည်စခန်းတွေကနေ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ဂျပန် အစရှိသည်အားဖြင့် တတိယနိုင်ငံတွေဆီ ရွှေ့ပြောင်းအခြေစိုက်တဲ့ အစီအစဉ်တွေ ရှိခဲ့ပေမဲ့လည်း အခုအခါမှာတော့ အဲဒီအစီအစဉ်တွေ တဖြည်းဖြည်းချင်း အဆုံးသတ်သွား တော့မယ့်အခြေအနေကို ရောက်နေပြီးတော့ မိသားစုပြန်လည်ပေါင်းစည်းရေး အထူးအစီအစဉ်တွေလောက်ပဲ ရှိလာတော့မယ်လို့ မစ္စတာဖဲလ်ဒ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အရေအတွက် ၂၀၀,၀၀၀ နီးပါး၊ ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ပေါင်း ၄၄၆,၀၀၀၊ ဒုက္ခသည်ပေါင်း ၃၅၀,၀၀၀ ပတ်ဝန်းကျင်နဲ့ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၂ သန်းလောက်ရှိတယ်လို့ ၀န်ကြီး ဦးအောင်မင်းကပြောပါတယ်။ သူတို့တွေပြန်လာကြမယ်ဆိုရင် နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ သူတို့အတွက် အကူအညီတွေ ပေး သွားမယ်လို့လည်းဆိုပါတယ်။

ဇွန်လ ၂၀ ရက်နေ့က ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပတာဖြစ်ပြီး ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းနဲ့အတူ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး မစ္စတာ အာရှော့က် နီဂမ်းမ်း (Ashok Nigam)၊ UNHCR ဌာနေကိုယ်စားလှယ် မစ္စတာ ဟန်န်စ် တန်န် ဖဲလ်ဒ်၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ စသည်အားဖြင့် တက်ရောက်ခဲ့ကြပါတယ်ခင်ဗျား။

ကိုကျော်ကျော်သိန်း (ဗွီအိုအေ)