မိမိနှစ်သက်ရာ Games Software လေးများ တောင်းဆိုနိုင်ပါတယ်

Saturday, October 20, 2018

YoutubeGet 6.8.3 + key

YoutubeGet patchYoutubeGet 6.8.3 + keyYoutubeGet 6.8.3 + key With this simple program you can quickly and easily download videos from the popular YouTube site, you can also quickly convert them to the format you need, for example,YoutubeGet 6.8.3 + key you can transfer video to MP4, AVI, MOV and so on, you can download YoutubeGet crack below.The program can download video after a connection failure, you can convert the video to view it later on mobile devices, the downloaded video can then be YoutubeGet 6.8.3 + keywritten to media of a different type, if you copied the link, then it will be automatically intercepted after it hits the clipboard.  has a video browser, in general it is very easy to use the program, you just need to copy the URL and the product will prompt you to download the movie immediately.


License: ShareWare
Language: English
Size: 38 MB
OS: Windows
How to Install:
1). Instructions are included in ReadMe.txt if needed.
2). Thats all, Done & enjoy.

Download YoutubeGet 6.8.3 + key

YoutubeGet 6.8.3 + key.zip

Friday, September 21, 2018

The Shining - 1980

 
၁၉၈၀ ခုနှစ်က အရမ်းအောင်မြင်ခဲ့တဲ့ Drama/ Horror
ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားဟာ နာမည်ကျော် The Shawshank Redemption ဇာတ်ကားရဲ့

မူရင်းစာရေးဆရာ Steven King ရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ကို

ရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။
Rating အရ IMDb 8.4/10 နဲ့ RT 88% ရရှိခဲ့တာပါ။
Old but Gold ပါပဲ….????
ဇာတ်လမ်းကတော့………..
ဘဝမှာ အောင်မြင်မှုမရခဲ့တဲ့ ကျောင်းဆရာလူထွက် ဖခင်တစ်ယောက်…
ခင်ပွန်းနဲ့သားကို ချစ်တတ်လွန်းတဲ့မိခင်တစ်ယောက်….
ထူးခြားတဲ့ပါရမီတစ်ခုကို ပိုင်ဆိုင်ထားပြီး
ချစ်ရာကောင်းတဲ့ ကောင်လေးတစ်ယောက်…..
အဲဒီသုံးယောက်ပေါင်းစပ်ထားပြီး မပြည့်စုံတဲ့ မိသားစုတစ်ခုဟာ
မကြာသေးမီအချိန်ကပဲ ဆိုးရွားတဲ့
လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တဲ့၊ ရာသီဥတုဆိုးတဲ့ဆောင်းတွင်း ကာလမှာ
ပိတ်ထားရပြီး အင်ဒီးယန်းတွေရဲ့ သုဿန်မြေဟောင်းပေါ်မှာ
တည်ဆောက်ထားတဲ့ ကော်လိုရာဒိုက
ရှေးဟောင်းဟိုတယ်တစ်ခုမှာ ဆောင်းတွင်းဘက် ဟိုတယ်အစောင့်
အလုပ်ကို လက်ခံခဲ့ပြီးတဲ့နောက်မှာတော့……..

ဒီဇာတ်ကားမှာ အော်စကာဆုအတွက်
ရာထားခံရမှုအများဆုံးနဲ့၊ အော်စကာဆု ၃ ဆု ဆွတ်ခူးခဲ့သူဖြစ်တဲ့
Jack Nicholson က ခေါင်းဆောင်ပါဝင်ထားပြီး ထိပ်တန်း
Horror Movies List မှာပါဝင်တဲ့ ဇာတ်ကားကောင်း
ဇာတ်ကားဟောင်းဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။


StillWater

မြန်မာစာတမ်းထိုး




Tuesday, September 18, 2018

The Blind Side - 2009



IMDb….7.7

Imdb (7.7) အထိရရှိခဲ့သော ဇာတ်ကားဖြစ်ပါသည်။Michael Oher ၏ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားသည့်

Biography , Drama , Sport ဇာတ်ကားတစ်ကားဖြစ်သည်။

Michael Oher (Quinton Aaron) သည် အိမ်ခြေမဲ့ လူမည်းကလေးငယ်တစ်ဦးဖြစ်သည်။မိဘမဲ့ကျောင်းမှခေါ်ယူခြင်းခံရပြီး

မွေးစားမိဘအိမ်များမှလည်း ထွက်ပြေးလာသည်။ အကြိမ်ပေါင်းများစွာ လမ်းဘေးတွင် နေထိုင်ပြီး အိမ်ယာမဲ့ဘဝနှင့်ရှင်သန်သည်။

သူငယ်ချင်း၏ အဖေဖြစ်သူသည် ကျောင်းတစ်ကျောင်းမှ ဘောလုံးအသင်းနည်းပြဖြစ်ပြီး Michael ၏ လှုပ်ရှားမှူ့များကိုမြင်တွေ့ကာ

ကျောင်းအသင်းအတွက်ခေါ်ယူသွားခြင်းခံရသည်။ကျောင်းသင်ခန်းစာများတွင်လည်း ဆရာများက စာသင်မရသော

ကလေးဟုမှတ်ချက်ပြုခံရသည်။

Michael အတွက် နွေးထွေးသောမိသားစုတွင် နေထိုင်ခွင့်ရခဲ့သည်။ ပညာသင်ခွင့်ရခဲ့သည်။

ကစားပွဲများတွင်
ဝင်ရောက်ကစားရန်အခွင့်အရေးများရခဲ့သည်။

The Blind Side ဇာတ်ကားထဲတွင် Michael သည် မည်သို့မည်ပုံ ကြီးပြင်းရင့်ကျက်လာမည်နည်း ၊

ကစားပွဲများကြားထဲမှ
အခက်အခဲများ ၊ တစ်ဘဝလုံးတွင်ရရှိသော ဒုတိယအခွင့်အရေးဖြစ်သည့် ကျောင်းအသင်းကရွေးချယ်ခံရမည်လား။
အမေရိကန်နိုင်ငံ၏ လူဖြူ လူမည်း ခွဲခြားမှူ့များကို Michael တစ်ယောက်မည်ကဲ့သို့ ကြံ့ကြံ့ခံမည် ၊
မျှော်လင့်ချက်မဲ့နေသော အိမ်ယာမဲ့ လူမည်းကလေးငယ် ဘဝမှ မည်ကဲ့သို့အောင်မြင်အောင် ပြောင်းလဲပစ်ခဲ့သည်များကိုThe Blind Side ရုပ်ရှင်တွင် ဆက်လက်ရှူ့ စားပါ ခင်ဗျာ



Jungle (2017)


ဒီကားလေးကတော့ စာရေးဆရာ Yossi Ghinsberg ရဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ပြန်လည်ပုံဖော်ပြီးအသက်သွင်းထားတာဖြစ်ပါတယ်
ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ ( Daniel Radcliffe ) ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ်နဲ့ ဓာတ်ပုံဆရာ ကယ်ဗင်တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်
၃ယောက်အတူခရီးရှေ့ဆက်ကြရင်း La Puz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်
ကားလ်က ယိုစီ့ကို တောနက်ထဲက အင်ဒီးယန်းလူမျိုးစုတွေရှိတဲ့နေရာကိုသူခေါ်သွားပေးနိုင်ကြောင်းပြောခဲ့တယ် သူကရွှေတွေလိုက်ရှာသူဖြစ်ကြောင်းလဲပြောခဲ့တယ်
ကားလ်ခေါ်တဲ့တောနက်ထဲကို ယိုစီ ကယ်ဗင် နဲ့ မားကပ်စ်တို့ ၃ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ်ခြေထောက်မှာဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေဖြစ်ခဲ့ပါတယ်
အချင်းချင်း စိတ်အခန့်မသင့်တွေဖြစ်ကာ လမ်းကိုယ်စီခွဲပြီး ခရီးဆက်ကြရင်း ဒုက္ခတွေတွေ့ကြုံရပြီး ယိုစီတစ်ယောက်ထဲ တောနက်ထဲမှာ ဘယ်လိုအသက်ရှင်ရမလဲ သူ့သူငယ်ချင်းတွေကရော ဘာတွေဖြစ်သွားလဲ သူ့ကိုပြန်လာကယ်မလားဆိုတာကိုကြည့်ရမဲ့ Survivor movie လေးပါ


The Meg - 2018


2018 ထဲက ရှားရှားပါးပါး ရုံတင်ထားတဲ့ ငါးမန်းရုပ်ရှင်
The Meg ကို CM ကနေ HD Rip အဆင့် နဲ့ တင်ဆက်ပေးလိုက်ပါပြီ
ဒီရုပ်ရှင်ကားဟာ မကြာသေးခင် လ ကမှ ရုံချခဲ့တာ ဖြစ်ပြီး အစောဆုံး HD rip အဖြင့် ကြည့်နိုင်တာပါ
ရုပ်ရှင်တွင် ကိုရီးယား စာသားများ ပါရှိသဖြင့် မြန်မာစာကို နောက်ခံ အမဲ ဖြင့် တင်ဆက်ပေးထားလို့
မျက်စိနောက် သက်သာကြမှာပါ
The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဟာ
ရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်
လူတိုင်းချစ်ကြတဲ့ အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး
တရုတ်မင်းသမီးချောလေး Bingbing Li လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇတ်လမ်း ပုံစံကတော့ မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာ
ရေအောက် အနက်ဆုံးကြမ်းပြင်သို့ လေ့လာရေး အဖွဲ့ကို စေလွှတ်ပြီး
မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်…


ဒါပေမယ့် ကြောက်မက်ဖွယ်ကောင်းတဲ့ အနက်ဆုံးရေအောက်ကြမ်းပြင်မှာ
နှစ်ချို့ သတ္တ၀ါကြီးတွေ ကျတ်စားရာ ဒေသ ဖြစ်ပြီး အမျိုးအမည်မသိ
သတ္တ၀ါ အချို့ ရဲ့ တိုက်ခိုက်မှုကို ခံရပြီး ရေငုတ်ယဉ်ငယ် ဟာ
လေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်
ဒီနောက်မှာတော့ အားလုံးကို အဆက်ဖြတ်ပြီး
ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူ
ဂျိုးနက်စ် ကို သွားပင့်ရပါတော့တယ်
အင်မတန် ချေနေတဲ့ ဂျိုးနက်စ် က ပိုက်ဆံဘယ်လောက်ပေးပေး
မလိုက်ဘူးဆိုပေမယ့် အဲ့ဒီ ပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယဉ်ငယ် တွင်
သူ့ Ex ပါ ပါသွားတာကို သိခဲ့ရပြီး ကယ်ဆယ်ဖို့ လိုက်သွားပါတော့တယ်…
ဂျိုးနက်စ် တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင် မှာ ဒုက္ခရောက်နေတဲ့သူတွေကို
ဘယ်လို ကယ်တင်နိုင်မလဲ မမြင်ရတဲ့ သတ္တ၀ါကြီးတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့
ဆက်လက်ကြည့်ရှုလိုက်ကြပါစို့လား….


Mandy (2018)



နာမည်ကျော် မင်းသားကြီး နီကိုးလက်စ် ကေ့ဂ်ျ  အကြာကြီးပျောက်နေပြီးမှ
ပြန်ပေါ်လာတဲ့ ရုပ်ရှင်ကားလို့ပဲ ပြောရမလား
မင်းသားကြီးကို လွမ်းနေတဲ့သူတွေ အတွက်
အကောင်းဆုံး သရုပ်ဆောင်ထားပေးပါတယ်
ဒီ Mandy ဆိုတဲ့ ရုပ်ရှင်ကားဟာ ဘာသာရေး အစွန်းရောက် တဲ့
ပုံစံမျိုးကို ပြသထားပြီး သွေးထွက်သံယို အခန်းတွေ ၊ ညစ်ညမ်းတဲ့ အခန်းတွေ
အတော်များများ ပါဝင်လို့ နှလုံးရောဂါ ရှိသူများ ကလေးသူငယ်များ မကြည့်သင့်ပါ
မိသားစု အတူ ကြည့်ရှုရန် မသင့်တော်ပါ
ဇတ်လမ်းကို ၁၉၈၃ ခုနှစ် ၀န်းကျင် ပုံစံဖန်တီးထားပြီး
ရဒ် နဲ့ မန်ဒီ ဆိုတဲ့ လင်မယား ၂ ယောက် ဟာ
လူတွေ နဲ့ ဝေးတဲ့ နေရာတစ်ခုမှာ အိမ်လေး ဆောက်ပြီး
ပျော်ပျော်ရွှင်ရွှင် နေကြတာပေါ့…
ဒါပေမယ့် တစ်ရက်မှာတော့ ရဒ် ရဲ့ အမျိုးသမီး မန်ဒီ ကို
ဘာသာရေးအစွန်းရောက် ခေါင်းဆောင် တစ်ဦးက လမ်းတစ်နေရာမှာ
ဖြတ်ခနဲ မြင်ပြီးနောက် မနေနိုင် မထိုင်နိုင်တွေ ဖြစ်ပြီး သူ့ အနား
ခေါ်ထားချင်တာနဲ့ လူသတ် သမား အုပ်စု ကို ရဒ် နဲ့ မန်ဒီ တို့ဆီ
လွှတ်ပြီး ဖမ်းခိုင်းပါတော့တယ်…

ရဒ် နဲ့ မန်ဒီ တို့ဟာ ငရဲခန်း တမျှ ဆိုးရွားလှတဲ့
ဘာသာရေး အရူးတွေလက်က လွတ်မလား
သေပဲ သွားကြမလား ဆိုတာတော့




Monday, April 23, 2018

Online ငွေရှာနည်း

Online တွင် ငွေရှာကြမည်..

ငွေရှာနိုင်တဲ့ Online အမိုးမိုးရှိကြသည့် အထဲမှာ Video ကြည့်ရင်း ငွေရှာမည့် နည်း တခုလည်း အပါအ၀င်ဘဲဖြစ်ပါတယ်.. ဒီလိုငွေရှာတဲ့အခါမှာ Video ကို ကြည့်ရင်း သူမေးတဲ့ မေးခွန်းလေးဖြေပေးရပါတယ်.. ဒီအထဲမှာ ၈မိနစ် တခါ ကြည့်ရတဲ့ Flamzy, တနေ့တခါကြည့်ရတဲ့ Baymack ရယ် Snuckls ရယ် ဟာ ကျနော် အကြိုက်ဆုံးပါဘဲ..

ငွေကတော့ ၀.၂ ရတာနဲ့ Paypal အကောင့်ထဲကို ထုတ်ရင်တန်းထုတ်ပေးပါတယ်.. Paidvert တို့ Clix တို့ထက် ပိုကောင်းမွန်တယ်လို့ခံစားမိပါတယ်..

မိမိကြည့်ရတဲ့ ကြော်ငြာပြီးရင် Entries 1 ခုစာ ရပြီးတော့ အဲဒီဟာက Lucky draw လုပ်ပေးတာဖြစ်ပါတယ်.Flamzy ကတော့ တနေကုန်လုပ်လည်းရတယ်.. Snuckles and baymack ကတော့ entry တခုရရင် နောက်တနေ့ စောင့်ရပါတယ်... ကျနာ် က $450 ရပါပြီ.. ကံပါဘဲဗျ. စမ်းလုပ်ကြည့်ချင်တယ်ဆိုရင် အောက်ကလင့် ကနေ ၀င်ပေးပါဗျ. လွယ်တဲ့ အလုပ်မရှိသလို ငွေလွယ်လွယ်နဲ့မရဘူးဆိုတာ စာဖတ်သူလည်း သိမှာပါ.. ကြိုးစားပြီး အောင်မြင်တဲ့ အသီးအပွင့် ဆွတ်ခူးပါ..

https://www.flamzy.com/lawm

https://www.snuckls.com/lawm

https://www.baymack.com/lawm

ပုံက ကျနော်$450 ရတဲ့ ပုံနဲ့ 0.2 ရတုန်းက paypal ကနေထုတ်တဲ့ပုံပါဘဲ.. Video ပါအောက်မှာကြည့်ကြည့်ကြပါ..



Saturday, April 7, 2018

ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ အမေရိကန် ချမှတ်

ရုရှားခေါင်းဆောင်တွေအပါအ၀င် သမ္မတပူတင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ကုမ္ပဏီတွေကို အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှုတွေကို ဧပြီလ ၆ ရက်နေ့မှာ ချမှတ်လိုက်ပါပြီ။

ဒီစာရင်းထဲမှာ သမ္မတ ပူတင် ကိုယ်ရံတော်အပါအ၀င် သားမက်ဖြစ်သူနဲ့ သမ္မတ နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းနဲ့ သူတို့ချယ်လှယ်နေတဲ့ ကုမ္ပဏီ ဒါဇင်နဲ့ချီလည်း ပါဝင်ပါတယ်။

ဒါကြောင့်လည်း သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးက အမေရိကန်ရဲ့ တရားစီရင်ရေး အောက်မှာ အကျုံးဝင်တော့မှာ မဟုတ်ပါဘူး။

အမေရိကန် ပြည်ထောင်စုအနေနဲ့ ရုရှားအစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိချင်ပေမယ့် သူတို့ရဲ့ အပြုအမူတွေ ပြောင်းလဲဖို့အတွက် ဒီလို လုပ်ဆောင်လိုက်ရတာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး Sarah Huckabee Sanders က ပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီကို ဖြိုဖျက်ဖို့အတွက် ရုရှားတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ တခြား ဆိုးဝါးတဲ့ အပြုအမူတွေကို ပြန်လည် တုန့်ပြန်လိုက်တာဖြစ်တယ်လို့ အမေရိကန်ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီလိုအရေးယူပိတ်ဆို့မှုတွေဟာ ရုရှားတို့ သွားနေတဲ့ လမ်းကြောင်းကနေ သွေဖယ်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ပြန်လည်တုန့်ပြန်လိုက်ပါတယ်။
သမ္မတထရမ့်နဲ့ ပူတင်

တရုတ်နဲ့ ကုန်သွယ်ရေးစစ်ဖြစ်မယ့်အရေး Donald Trump ငြင်းဆို


အမေရိကန် သမ္မတ Donald Trump အနေနဲ့ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် ကုန်သွယ်အခွန်စည်းကျပ်ငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ချမှတ်သွားမယ်လို့ ခြိမ်းခြောက်မှုကို တရုတ်နိုင်ငံ ဘက်ကလည်း တုံ့ပြန်သွားမယ့်လို့ပြောကြားမှုကို သမ္မတ Donald Trump အစိုးရက တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲဆင်နွဲမှာမဟုတ်ဘူးလို့ သောကြာနေ့က ပြောဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးတင်းမာနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေချိန်မှာ ဒါဟာ ကုန်သွယ်ရေးကိုယ်စားလှယ်တွေ စိစစ်ဆောင်ရွက်ဖို့နဲ့ ပြည်သူလူထုသဘောထားမှတ်ချက်သိလိုတဲ့ အဆိုပြုချက်အပြီး အကောင်အထည်ဖော်ဖို့မရှိသေးဘူးလို့ အိမ်ဖြူတော် စီးပွားရေးအကြံပေး Larry Kudlow ကပြောပါတယ်။

တရုတ်နိုင်ငံ က အမေရိကန်ရဲ့ ဉာဏ်ပညာဆိုင်ရာ ပစ္စည်းမူပိုင်ခွင့်ကို ခိုးယူကာ အမေရိကန်ရဲ့ အဓိက စိုးရိမ်တဲ့အခြေခံ အကြောင်းအရင်းဖြစ်တယ်၊ အမေရိကန်ရဲ့ နည်းပညာတွေကို ခိုးယူတာဟာ အမေရိကန်ရဲ့အနာဂတ်နှလုံးသားကို ခိုးယူတာနဲ့ အတူတူပဲဖြစ်တယ်၊ တရုတ် သမ္မတ Xi နဲ့ သမ္မတ Trump တို့ ၂ ဦးအကြားကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ရှေ့ဆက်ဆွေးနွေးမှုတွေကနေ ပြဿနာတွေကို ဖြေရှင်းသွားနိုင်မယ်လို့ ယုံကြည်ကြောင်း စီးပွားရေးအကြံပေး Larry Kudlow ကပြောပါတယ်။

တရုတ်နိုင်ငံရဲ့ တရားဥပဒေနဲ့ မညီညွတ်တဲ့ မမျှတတဲ့ ကုန်သွယ်ရေးအလေ့အကျင့်တွေကိုတော့ အမေရိကန်အစိုးရက ပြစ်တင်ဝေဖန်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ပါလက်စတိုင်း ဆန္ဒပြသူ ၇ ဦး အစ္စရေးလ် ပစ်ခတ်လို့သေဆုံး


အစ္စရေးလ်-ဂါဇာ နယ်စပ်ဒေသမှာ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေ စုဝေးနေကြတာနဲ့အမျှ ပါလက်စတိုင်းဆန္ဒပြသူ ၇ ဦး ကို သောကြာနေ့မှာ အစ္စရေးလ်စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ လုပ်သားတွေကပြောပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၆ နှစ်အရွယ်တဦးလည်း ပါဝင်ပြီး ရုန်းရင်းဆန်ခတ် အခြေအနေအတွင်း နောက်ထပ် ပါလက် စတိုင်း ၄၀၈ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ ဂါဇာ ကျန်းမာရေးဌာနက ပြောပါတယ်။

အခုသေဆုံးသူတွေနဲ့ဆို အစ္စရေးလ်စစ်တပ်က ပစ်လို့ သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကနေ ဆိုရင် ၂၇ ယောက်ထက်မနည်း ရှိသွားပါပြီ။

နယ်စပ်ခြံစည်းရိုး ကျိုးပေါက်မသွားအောင် တားဖို့အတွက် အစ္စရေးလ်စစ်သားတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ၊ ကျည်အစစ်တွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။ ဆန္ဒပြသူတွေကလည်း ခြံစည်းရိုးနားမှာ မော်တော်ကားတာယာတွေကို မီးရှို့တာကြောင့် ကောင်းကင်မှာ အမည်းရောင် မီးခိုးလုံးကြီးဖြစ်နေပါတယ်။

ပါလက်စတိုင်းဆန္ဒပြသူတွေဟာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ၊ မီးလောင်ဗုံးတွေ အများအပြားနဲ့ ပစ်ပေါက်ခဲ့ကြသလို ဆန္ဒပြသူ တချို့ဟာ နယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ကြတယ်လို့ အစ္စရေးလ်စစ်တပ်ကပြောပါတယ်။

အစ္စရေးလ်နဲ့ ဂါဇာကမ်းမြောင်ဒေသကို ပိုင်းခြားထားတဲ့ ခြံစည်းရိုးကနေ မီတာ ၂၀၀ ၃၀၀ လောက်အဝေးမှာ ပါလက်စတိုင်း ဆန္ဒပြသူတွေက တဲတွေထိုးပြီး စခန်းချနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဖားကန့်နားမှာ KIA နဲ့ တပ်မတော် တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နဲ့ ၁၀ မိုင် အကွာ တံတားညီနောင် ပျားအုံဒေသ အနီးမှာ ဧပြီလ ၆ ရက်နေ့ မနက် အစောပိုင်းက စလို့ ကချင် လွတ်လပ်ရေး တပ်ဖွဲ့ KIA နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ညနေ ၄ နာရီလောက်အထိ ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

KIA တပ်ရင်း အမှတ် ၆ နဲ့ အစိုးရ တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၂၅၅ တို့ ဖြစ်ခဲ့ကြတဲ့ အဲဒီတိုက်ပွဲတွေမှာ လက်နက်ကြီးတွေနဲ့အတူ လေကြောင်း တိုက်ခိုက်မှုတွေလည်း ပါဝင်ပြီး မြစ်ကြီးနားနဲ့ ဖားကန့် ကားလမ်း ကိုလည်း နမ့်တိမ်း ဂိတ်နားက စပြီး ပိတ်ထားတဲ့အတွက် ကားတွေ ရာချီ ပိတ်မိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှု အပါအဝင် အခုလို တိုက်ပွဲတွေ ဖြစ်ခဲ့တာကို KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကလည်း အတည်ပြုခဲ့ပေမယ့် တိုက်ပွဲ အသေးစိတ်နဲ့ ဒဏ်ရာနဲ့ အသေအပျောက် စာရင်းကိုတော့ မသိရသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဖားကန့်က အခုလို တိုက်ပွဲ အခြေအနေတွေကြောင့် မြစ်ကြီးနားနဲ့ ဖားကန့်ဘက်က အသီးသီး လာကြတဲ့ ကုန်တင်ကားတွေလည်း လှည့်ပြန်သွားရတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ဖားကန့်မှာ မြင့်မားနေပြီးသား ကုန်ဈေးနှုန်းတွေ ထပ်တက်မှာကို ဒေသခံတွေနဲ့ ရေမဆေးကျောက် ရှာသူတွေက စိုးရိမ်နေကြပါတယ်။

၂၀၁၃ နှစ်ကလည်း အခုလို တိုက်ပွဲတွေ ဖြစ်ခဲ့လို့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့ဖူးတယ်လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။

ကချင်ပြည်နယ် တနိုင်းဒေသဘက်မှာ KIA တပ်ရင်း ၁၄ က ပယင်းကျောက် ရှာသူတွေကို ထွက်ပေးဖို့ ပြောဆိုခဲ့တာဟာ စစ်ရေး ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုထားပါတယ်။

ဒါပေမယ့် အဲဒီ KIA တပ်ရင်း ၁၄ ရှိတဲ့နေရာမှာ တပ်မတော်ဘက်က ထိုးစစ်ဆင်ပြီး နေရာယူထားတဲ့အတွက် တိုက်ပွဲတွေ အချိန်မရွေး ထပ်ဖြစ်နိုင်သေးကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။

BBC Burmese
KIA နဲ့ တပ်မတော် အကြား တိုက်ပွဲတွေ အချိန်မရွေး ထပ်ဖြစ်နိုင်