မိမိနှစ်သက်ရာ Games Software လေးများ တောင်းဆိုနိုင်ပါတယ်

Monday, September 29, 2014

Bermuda Traingle

ဘာမျူဒါတြိဂံ နှင့် ကမ္ဘာ့ရေသင်္ချိုင်းကြီးများ
------------------------------------------------

Photo: ဘာမျူဒါတြိဂံ နှင့် ကမ္ဘာ့ရေသင်္ချိုင်းကြီးများ
------------------------------------------------

ဘာမျူဒါတြိဂံဒေသသည် ကမ္ဘာ့ရေသင်္ချိုင်းများအနက် ကြောက်မက်ဖွယ် အကောင်းဆုံးဖြစ်ရုံမျှမက လျို့ဝှက်ဆန်းကြယ်၍ အသိရခက်လှသော ရေပြင်ကြီးလည်း ဖြစ်သည်။ ယင်းဒေသတွင် ရေပြင်၌ သာသင်္ဘောနှင့်လူတို့ ပျောက်ကြရသည် မဟုတ်၊ ထိုရေပြင်အထက်မှ ကောင်းကင်ပြင်တွင် ဖြတ်ကျော်ပျံသန်း သွားသော လေယာဉ်များပင် ထူးဆန်းစွာ ပျောက်ခဲ့ကြရသည်။ ထို့ကြောင့် ဗာမျူဒါတြိဂံ ဒေသကို မရဏလမ်းဆုံဟူ၍ တင်စားကြသည်။

ဘာမျူဒါတြိဂံဟူသော ပထဝီဝင်ဝေါဟာရကို ပထဝီဝင် သုသေသီတစ်ဦးဖြစ်သည့် ဗင်ဆင့် အိတ်ခ်ျဂါဒစ် ဆိုသူ က ၁၉၆၄ ခုနှစ်တွင် သူ၏ဆောင်းပါးတစ်ပုဒ်၌ အမှတ်မထင် သုံးစွဲလိုက်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုတြိဂံဒေသသည် အမေရိကန်ပြည် ဖလော်ရစ်ဒါ ကမ်းခြေမှ ပွာတိုရီကိုသို့ မျဉ်းကြောင်းဆွဲ၍ ယင်းမှ မြောက်ဘက်ရှိ ဘာမျူဒါကျွန်းသို့ဆက်လက်၍ ဆွဲသွားပြီးထိုမှတစ်ဖန် မူလ ဖလော်ရစ်ဒါ ကမ်းခြေသို့ပြန်ဆွဲ သည့် စိတ်ကူးထဲမှတြိဂံ တစ်ခုသာဖြစ်သည်။

 ယင်းဖိုခနောက်သုံးပွင့်ဆိုင်အတွင်း သက်ဆင်းမိသော ရေယာဉ်၊ လေယာဉ်ဟူသမျှ မည်သည့် သတင်းမျှ နောက်ထပ်မကြားသိရတော့ဘဲ စုပ်စမြုပ်စ ပျောက်ကွယ်ရသည်ချည်း ဖြစ်နေသည်မှာ ယခုကဲ့သို့ သိပ္ပံပညာထွန်းကားမှု အားကောင်းနေသော ခေတ်ကြီးတွင် ခေါင်းရှုပ်စရာပြဿနာတစ်ရပ်ဖြစ်နေလေသည်။
ပင်လယ်တွင်း၌ သင်္ဘောပျက်သည်ဆိုလျှင် သာမန်အားဖြင့် သင်္ဘောပေါ်မှ ဖိတ်အန်ကျလာသော ဆီကွက်ကြီးများသည် ရေပြင်တစ်ကြော၌ မိုင်ပေါင်းများစွာအထိ ပျံ့နှံ့နေတတ်သည်။ သင်္ဘောပေါ်ရှိအသုံးအဆောင် ပစ္စည်းတို့သည်လည်း ရေပေါ်တွင် ပေါလောမျောနေနိုင်ကြသည်။ နောက်ဆုံးတွင် လူသေလောင်း များပင်ရေစီး အတိုင်း ပါလာနိုင်ကြသည်။ 

ဘာမျူဒါတြိဂံဒေသ အတွင်း၌ ပျောက်သွားသော သင်္ဘောများကမူ သဲလွန်စဟူ၍ ဘာမျှမတွေ့ရတော့ချေ။ အလွန့်အလွန်ကံကြီး လွန်းသူများသာလျှင် မိမိတို့၏ သဲထိတ်ရင်ဖို အတွေ့အကြုံကို ပြန်လည်ပြောနိုင်ခဲ့ကြ သည်။ ထိုသူတို့၏ ပြောပြချက်များအရ ထိုဒေသတွင် ဖြတ် သန်းမိသော လေယာဉ်များသည် ကောင်းကင်၌ နိမ့်ချည် မြင့်ချည်နှင့် လှိုင်းပေါ်မှ လှေကဲ့သို့ ခံစားကြရသည်ဟု သိရ၏။ လေယာဉ်မှူးတို့သည်လည်း ရှေ့တူရူ ဆီတွင်ဘာကိုမျှမမြင်ရဘဲ ပတ်ဝန်းကျင် မြင်ကွင်းအားလုံးပျောက်ကွယ်၍ နေကြသည်။

 မိမိတို့လေယာဉ်မည်သည့် ဒေသရောက်နေသည်ကို မသိနိုင်ကြတော့ဟု ဆိုလေသည်။ လေယာဉ်စက်ခန်းထဲရှိ စက်ခလုတ် ခုံပေါ် တွင်ကိရိယာအားလုံး ရပ်ဆိုင်းနေသည်ကိုသာ တွေ့ရတတ်ကြ သည်။ ယင်းသည် ဘာမျူဒါတြိဂံဒေသတွင် အချိန် နှင့် နေရာတို့ ပျောက်နေခြင်း သဘောပင်ဖြစ်လေသည်။ ထိုမျှမက ရေဒီယို အဆက်အသွယ်လည်း လုံးဝပျောက်ကွယ်သွားကာ အသံတိတ် ကမ္ဘာလေးတစ်ခုအဖြစ် ဖန်တီးဖြစ်ပေါ်လာတတ်လေ့ရှိသည်။

ဘာမျူဒါတြိဂံကဲ့သို့ အုတ်အော် သောင်းနင်းမဖြစ်သော်လည်း အလားတူ ကြောက်မက်ဖွယ် ကောင်း သော ရေသင်္ချိုင်းကြီး တစ်ခုလည်း ရှိပေသေးသည်။ ယင်းမှာ ပစိဖိတ်သမုဒ္ဒရာတွင်းမှ ဗိုနင်ကျွန်းစု၏ အရှေ့ ဘက်တွင်ရှိ သည်။ ဂျပန်ပြည်မှဆိုလျှင် တောင်ဘက်ကျသည်။ ထို့ကြောင့် ယင်းရေသင်္ချိုင်းထဲတွင် ဂျပန်ငါးဖမ်း သင်္ဘောများ အများဆုံး ပျောက်ဆုံးခဲ့ကြရသည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ အမေရိကန် လေတပ် အခြေစိုက်စခန်း ထားရှိရာ ဂူအမ်ကျွန်း နှင့် ဂျပန်ပြည်တို့အကြား ကူးလူးပျံသန်းကြသော အမေရိကန် စစ်လေ ယာဉ်တို့ပါ ထပ်မံပျောက်ဆုံးကြရပြန်သည်။

သိပ္ပံပညာဖြင့် ဖြေရှင်း၍ မရသေးသော ကိစ္စရပ်များ လေ့လာရေး အသင်းကြီးကို တည် ထောင်ခဲ့သော အိုင်ဗန်တီဆင်ဒါ့ဆန် ဆိုသူ သုတေသီ၏အလိုအရ ကမ္ဘာ့သမုဒ္ဒရာခုနစ်စင်းတို့တွင် အန္တရာယ်ကြီးသော ရေသင်္ချိုင်း ကြီးပေါင်း ၁၂ ခုရှိသည်ဟု သိရသည်။ ထိုစာရင်းမှ အထက် ပါ ရေသင်္ချိုင်းကြီး နှစ်ခု ကိုနုတ်လိုက်သော် ဆယ်ခုကျန် သည်။ ယင်းတို့သည် ကမ္ဘာ့မြောက်ဘက်ခြမ်း၌ငါးခု၊ တောင် ဘက်ခြမ်း၌ငါးခု စီရှိကြသည်။ မြောက်ဘက်မှ ရေသင်္ချိုင်းကြီး များသည် လောင်ဂျီတွဒ် ၇၂ ဒီဂရီခန့်တွင် ဗဟိုပြုလျက် ရှိသည်။

အချို့သော သိပ္ပံပညာရှင်တို့ကမူ ထိုရေသင်္ချိုင်းများရှိရာ ဒေသတစ်ဝိုက်၌ သံလိုက်ဆွဲအားများ ပြင်း ထန်စွာကျရောက် နေလိမ့်မည်ဟု ထင်မြင်ကြသည်။ အချို့ကလည်း အာကာသ ထဲမှ ကော့စမစ်ရောင်ခြည်တို့က စုပ်ယူလိုက်သဖြင့် အငွေ့ဖြစ် ပြီး ပျောက်ကွယ်သွားခြင်းဖြစ်သည်ဟု ယူဆကြသည်။
အမှန်ဆိုသော် အာကာသထဲမှ ကျလာသော ဓာတ်မှုန် တို့ကား မျိုးမည်မခွဲခြား နိုင်လောက်အောင်ပင် များပြားရှုပ်ထွေး ကြပါပေ၏။ ထိုဓာတ်မှုန်တို့သည် အချိန်နှင့်အမျှ လူတို့နေရာ ဤကမ္ဘာကို ထိမှန်ကျရောက် လျက်ရှိသည်။ ယင်းတို့အနက် အချို့မှာ အလွန်ထူးခြားဆန်းကြယ်သော ဂုဏ်သတ္တိရှိကြလေသည်။

နျူထရီနိုခေါ် ဓာတ်မှုန်သည် ယင်းဓာတ်မှုန်ကျရောက်ရာ နယ်ပယ်တွင် မြေဆွဲအားမရှိဘဲပျောက်နေ တတ်သည်။ လျှပ်စစ် ဓာတ် အဖိုအမတို့လည်းမရှိပေ။ ဒြဗ်ကိုလည်း အကောင်အထည် ပျောက်သွားစေနိုင်သည်။ အချုပ်အားဖြင့် ရူပဗေဒ ဂုဏ်သတ္တိ အားလုံးပင် ယင်းနျူထရီနိုစက်ကွင်း နယ်ပယ်တွင် ပျောက်ကွယ်နေနိုင်ပေသည်။ ဘာမျူဒါတြိဂံရေပြင်တစ်ဝိုက်၌ နျူထရီနိုစက်ဝန်း ဖြစ်ပေါ်နိုင်သလောဟု အချို့သိပ္ပံပညာရှင်တို့က ယူဆကြသည်။

Ref: Bermuda Triangle

Credit to ကမ္ဘာ့အံ့ဖွယ်နေရာများ 

Tuesday, August 19, 2014

Deep Sleep Battery Saver Pro

Deep Sleep Battery Saver Pro 2.3

အထွေထွေထူးထူး မရေးတော့ဘူး.. အားလုံးသိပြီးသားထင်တယ်...  play store မှာ ဒေါ်လာ ၃.၃၃ ပေးရမှာ ဖြစ်ပြီး ဒီမှာ တော့ free ပေါ့ဗျာ....

Download

♪ အရေးကြီးတဲ့ဖုန်းဝင်လာရင် လက်မလွတ်စေဖို့ Essential Calls v1.0 APK ♫

♪ အရေးကြီးတဲ့ဖုန်းဝင်လာရင် လက်မလွတ်စေဖို့ Essential Calls v1.0 APK ♫
==============================================

Photo: အရေးကြီးတဲ့ဖုန်းဝင်လာရင် လက်မလွတ်စေဖို့ Essential Calls
==============================================

အိပ်စက်အနားယူချိန်၊ အစည်းအဝေးခန်းထဲရောက်နေချိန်တွေမှာ ဖုန်းရဲ့ Ring သံမမြည်အောင် Silent or Vibrate စတဲ့ ဖန်ရှင်တွေကိုစမတ်ဖုန်းတွေမှာထည့်သွင်းပေးထားကြပါတယ်။ ဒါပေမယ့်လည်းအရေးကြီးတဲ့ ဖုန်းတွေကိုမသိလိုက်ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဖုန်းကို Silent or Vibrate လုပ်ထားပေမယ့် ဒီလိုအရေးကြီးတဲ့ ဖုန်းတွေဝင်လာရင် Ring သံမြည်ပြီးသိရှိအောင်ပြုလုပ်ပေးနိုင်တာက Essential Calls ပါ။ 
Essential Calls ကိုအင်စတောလုပ်ပြီးရင် အရေးကြီး Contact များကိုသတ်မှတ်ပေးရမှာပါ။ အဲဒီ Contact တွေကနေဖုန်းဝင်လာရင်  Silent or Vibrate လုပ်ထားရင်တောင် Ring သံနဲ့ အသိပေးမှာပါ။ ဒီလိုလုပ်ဖို့ + Button ကို နှိပ်ပါ။ Phone Book ထဲမှ Contact ကိုရွေးချယ်ချင်ရင် From Phone Book ကို နှိပ်ပါ။ Contact အသစ်တစ်ခုထည့်သွင်းချင်ရင် Custom Contact ကို နှိပ်ပြီးနာမည်နဲ့ ဖုန်းနံပါတ်ထည့်သွင်းပေးပါ။ 
 
ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကိုတစ်ချက်နှိပ်ပါ။ On activation switch to: မှာ Silent mode or Vibrate mode ကိုရွေးချယ်နိုင်ပါတယ်။ အောက်ခြေမှ Activate ကို နှိပ်ရင် ပြောင်းလဲပေးမယ့် Mode ကိုရွေးခိုင်းတာပါ။ Ringer volume မှာ Auto ကို Default အားဖြင့် ရွေးချယ်ထားပါတယ်။ အမှန်ခြစ်ကို ဖြုတ်ပြီး Volume ကိုသင့်စိတ်တိုင်းကျ သတ်မှတ်နိုင်ပါတယ်။ Activate လုပ်ထားရင် App အိုင်ကွန်ကို Notification Bar မှာ ပြပေးမှာပါ။ မပြပေးစေချင်ရင် On activation show notification မှာအမှန်ခြစ်ဖြုတ်ပေးပါ။ Settings အားလုံးကို နှစ်သက်သလိုသတ်မှတ်ပြီးရင် အောက်ခြေမှ Activate ကို နှိပ်ပါ။ 
 
Essential Calls ကိုအသုံးမပြုချင်ရင် Deactivate ကို နှိပ်ပေးနိုင်ပါတယ်။

Essential Calls ဟာအမြဲတမ်းအသုံးပြုရမယ့် App တစ်ခုတော့ မဟုတ်ပါဘူး။ အနားယူတဲ့အချိန်၊ အစည်းအဝေးခန်းထဲရောက်နေချိန်တွေမှာတောင် အရေးကြီးဖုန်းတွေကိုလွတ်မသွားရအောင် ကူညီပေးနိုင်ပါတယ်။ App ကို Free နဲ့ Premium နှစ်မျိုးပြုလုပ်ပေးထားပါတယ်။ Free Version မှာလူနှစ်ယောက်ကိုသာအရေးကြီး Contact အဖြစ်သတ်မှတ်နိုင်ပါတယ်။ Premium Version မှာတော့ လူအကန့်အသတ်မရှိထည့်သွင်းနိုင်ပါတယ်။ 
Essential Calls ကို Android 2.2 နဲ့ သူ့အထက်မှာအသုံးပြုနိုင်ပါတယ်။ 

http://goo.gl/GNtPWx

အိပ်စက်အနားယူချိန်၊ အစည်းအဝေးခန်းထဲရောက်နေချိန်တွေမှာ ဖုန်းရဲ့ Ring သံမမြည်အောင် Silent or Vibrate စတဲ့ ဖန်ရှင်တွေကိုစမတ်ဖုန်းတွေမှာထည့်သွင်းပေးထားကြပါတယ်။ ဒါပေမယ့်လည်းအရေးကြီးတဲ့ ဖုန်းတွေကိုမသိလိုက်ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဖုန်းကို Silent or Vibrate လုပ်ထားပေမယ့် ဒီလိုအရေးကြီးတဲ့ ဖုန်းတွေဝင်လာရင် Ring သံမြည်ပြီးသိရှိအောင်ပြုလုပ်ပေးနိုင်တာက Essential Calls ပါ။ Essential Calls ကိုအင်စတောလုပ်ပြီးရင် အရေးကြီး Contact များကိုသတ်မှတ်ပေးရမှာပါ။ အဲဒီ Contact တွေကနေဖုန်းဝင်လာရင် Silent or Vibrate လုပ်ထားရင်တောင် Ring သံနဲ့ အသိပေးမှာပါ။ ဒီလိုလုပ်ဖို့ + Button ကို နှိပ်ပါ။ Phone Book ထဲမှ Contact ကိုရွေးချယ်ချင်ရင် From Phone Book ကို နှိပ်ပါ။ Contact အသစ်တစ်ခုထည့်သွင်းချင်ရင် Custom Contact ကို နှိပ်ပြီးနာမည်နဲ့ ဖုန်းနံပါတ်ထည့်သွင်းပေးပါ။ ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကိုတစ်ချက်နှိပ်ပါ။ On activation switch to: မှာ Silent mode or Vibrate mode ကိုရွေးချယ်နိုင်ပါတယ်။ အောက်ခြေမှ Activate ကို နှိပ်ရင် ပြောင်းလဲပေးမယ့် Mode ကိုရွေးခိုင်းတာပါ။ Ringer volume မှာ Auto ကို Default အားဖြင့် ရွေးချယ်ထားပါတယ်။ အမှန်ခြစ်ကို ဖြုတ်ပြီး Volume ကိုသင့်စိတ်တိုင်းကျ သတ်မှတ်နိုင်ပါတယ်။ Activate လုပ်ထားရင် App အိုင်ကွန်ကို Notification Bar မှာ ပြပေးမှာပါ။ မပြပေးစေချင်ရင် On activation show notification မှာအမှန်ခြစ်ဖြုတ်ပေးပါ။ Settings အားလုံးကို နှစ်သက်သလိုသတ်မှတ်ပြီးရင် အောက်ခြေမှ Activate ကို နှိပ်ပါ။ Essential Calls ကိုအသုံးမပြုချင်ရင် Deactivate ကို နှိပ်ပေးနိုင်ပါတယ်။ Essential Calls ဟာအမြဲတမ်းအသုံးပြုရမယ့် App တစ်ခုတော့ မဟုတ်ပါဘူး။ အနားယူတဲ့အချိန်၊ အစည်းအဝေးခန်းထဲရောက်နေချိန်တွေမှာတောင် အရေးကြီးဖုန်းတွေကိုလွတ်မသွားရအောင် ကူညီပေးနိုင်ပါတယ်။ App ကို Free နဲ့ Premium နှစ်မျိုးပြုလုပ်ပေးထားပါတယ်။ Free Version မှာလူနှစ်ယောက်ကိုသာအရေးကြီး Contact အဖြစ်သတ်မှတ်နိုင်ပါတယ်။ Premium Version မှာတော့ လူအကန့်အသတ်မရှိထည့်သွင်းနိုင်ပါတယ်။ Essential Calls ကို Android 2.2 နဲ့ သူ့အထက်မှာအသုံးပြုနိုင်ပါတယ်။ http://goo.gl/GNtPWx

ဒီ Post လေးကို အသေးစိတ်ရှင်းပြထားတဲ့အတွက် သေချာလေးဖတ်စေချင်ပါတယ်။ အသုံးတည့်စေမယ့် Application လေးတစ်ခုပါ။

အိပ်စက်အနားယူချိန်၊ အစည်းအဝေးခန်းထဲရောက်နေချိန်တွေမှာ ဖုန်းရဲ့ Ring သံမမြည်အောင် Silent or Vibrate စတဲ့ ဖန်ရှင်တွေကိုစမတ်ဖုန်းတွေမှာထည့်သွင်းပေးထားကြပါတယ်။ ဒါပေမယ့်လည်းအရေးကြီးတဲ့ ဖုန်းတွေကိုမသိလိုက်ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဖုန်းကို Silent or Vibrate လုပ်ထားပေမယ့် ဒီလိုအရေးကြီးတဲ့ ဖုန်းတွေဝင်လာရင် Ring သံမြည်ပြီးသိရှိအောင်ပြုလုပ်ပေးနိုင်တာက Essential Calls ပါ။
Essential Calls ကိုအင်စတောလုပ်ပြီးရင် အရေးကြီး Contact များကိုသတ်မှတ်ပေးရမှာပါ။ အဲဒီ Contact တွေကနေဖုန်းဝင်လာရင် Silent or Vibrate လုပ်ထားရင်တောင် Ring သံနဲ့ အသိပေးမှာပါ။ ဒီလိုလုပ်ဖို့ + Button ကို နှိပ်ပါ။ Phone Book ထဲမှ Contact ကိုရွေးချယ်ချင်ရင် From Phone Book ကို နှိပ်ပါ။ Contact အသစ်တစ်ခုထည့်သွင်းချင်ရင် Custom Contact ကို နှိပ်ပြီးနာမည်နဲ့ ဖုန်းနံပါတ်ထည့်သွင်းပေးပါ။

ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကိုတစ်ချက်နှိပ်ပါ။ On activation switch to: မှာ Silent mode or Vibrate mode ကိုရွေးချယ်နိုင်ပါတယ်။ အောက်ခြေမှ Activate ကို နှိပ်ရင် ပြောင်းလဲပေးမယ့် Mode ကိုရွေးခိုင်းတာပါ။ Ringer volume မှာ Auto ကို Default အားဖြင့် ရွေးချယ်ထားပါတယ်။ အမှန်ခြစ်ကို ဖြုတ်ပြီး Volume ကိုသင့်စိတ်တိုင်းကျ သတ်မှတ်နိုင်ပါတယ်။ Activate လုပ်ထားရင် App အိုင်ကွန်ကို Notification Bar မှာ ပြပေးမှာပါ။ မပြပေးစေချင်ရင် On activation show notification မှာအမှန်ခြစ်ဖြုတ်ပေးပါ။ Settings အားလုံးကို နှစ်သက်သလိုသတ်မှတ်ပြီးရင် အောက်ခြေမှ Activate ကို နှိပ်ပါ။

Essential Calls ကိုအသုံးမပြုချင်ရင် Deactivate ကို နှိပ်ပေးနိုင်ပါတယ်။

Essential Calls ဟာအမြဲတမ်းအသုံးပြုရမယ့် App တစ်ခုတော့ မဟုတ်ပါဘူး။ အနားယူတဲ့အချိန်၊ အစည်း အဝေးခန်းထဲရောက်နေချိန်တွေမှာတောင် အရေးကြီးဖုန်းတွေကိုလွတ်မသွားရအောင် ကူညီပေးနိုင်ပါတယ်။ App ကို Free နဲ့ Premium နှစ်မျိုးပြုလုပ်ပေးထားပါတယ်။ Free Version မှာလူနှစ်ယောက်ကိုသာအရေးကြီး Contact အဖြစ်သတ်မှတ်နိုင်ပါတယ်။ Premium Version မှာတော့ လူအကန့်အသတ်မရှိထည့်သွင်းနိုင် ပါတယ်။ Essential Calls ကို Android 2.2 နဲ့ သူ့အထက်မှာအသုံးပြုနိုင်ပါတယ်။

Credit to : Myanmar Digital Life Journal

Download

မိမိဆီဖုန်းဝင်လာရင် " ဖုန်းမအားသေးပါလို့ဖြေဆိုပေးမယ့် - I'm busy, now v1.0.3.1 APK

  မိမိဆီဖုန်းဝင်လာရင် " ဖုန်းမအားသေးပါလို့ဖြေဆိုပေးမယ့်  - I'm busy, now v1.0.3.1 APK 

Cover art
အခုတင်ပေးလိုက်တဲ့ Application လေးကိုတော့ လိုအပ်တဲ့အချိန်မှာ အသုံးပြုနိုင်အောင်ယူထားစေချင်ပါ တယ်ဗျာ။ မိမိဆီဝင်မလာစေချင်တဲ့ ဖုန်းနံပါတ်တွေကို ရွေးချယ်ပြီး ဖုန်းခေါ်လိုက်တိုင်း မအားသေးပါ လို့ဖြေ ဆိုပေးမယ့် Application လေးတစ်ခုပါ။ အသုံးပြုရတာလည်းလွယ်ကူရိုးစင်းပါတယ်။ အောက်ကပုံမှာမြင်ရ တဲ့အတိုင်း Add ဘေးနားမှာရှိတဲ့မြှားလေးကို နှိပ်ပြီး မိမိဆီမ၀င်စေချင်တဲ့ Contact List ကိုထည့်သွင်းထား နိုင်ပါတယ်။ Call Log တင်မကပါဘူး ၀င်မလာစေချင်တဲ့ Message တွေပါ ထည့်သွင်းထားနိုင်ပါတယ်ဗျာ။ File Size ကလည်း 176kb လေးပဲရှိတာဆိုတော့ အပန်းမကြီးဘူးဆိုရင်ဒေါင်းယူထားစေချင်ပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

I'm busy, now. - Block spams - screenshot    I'm busy, now. - Block spams - screenshot

I'm busy, now. - Block spams - screenshot      I'm busy, now. - Block spams - screenshot

အောက်ကလင့်ကို နှိပ်ခြင်းဖြင့် ယူပါ၇န်.................

Download

Wednesday, August 6, 2014

၁၁နှစ်အရွယ်အိမ်နီးချင်း မိန်းကလေးကို အဓမ္မ ပြုကျင့်ခဲ့တဲ့ ၁၄နှစ်သား

မြောက်ကယ်လိုရိုင်းနား မှာတော့ထိတ်လန့်ဖွယ် ဖြစ် ရပ်တစ်ခု ယမန်နှစ်က ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အသက် ၁၄နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ သူ့ရဲ့ အိမ်နီးချင်းဖြစ်သူ အသက် ၁၁နှစ်အရွယ် မိန်းကလေး ငယ်ကို သူမရဲ့အိပ်ယာထဲမှာအဓမ္မပြုကျင့်ခဲ့ပြီး နိုင်ထက် စီးနင်း ပြုခဲ့ပါတယ်။

McKenzie Mae Sessoms လို့ အမည်ရတဲ့ ငါးတန်းကျောင်းသူလေးကို သူမရဲ့အိပ်ယာမှာ ခေါင်းအုံးနဲ့ ဖိသတ်ခံထားရတာကို ယမန်နှစ် စက်တင်ဘာလ ၆ရက်နေ့ မနက်မှာ တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ဆယ်ကျော်သက်အ ရွယ် ယောက်ျားလေး တစ်ဦးကို မုဒိမ်းမှုနဲ့ လူသတ်မှုတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ကြေငြာခဲ့ပေမယ့် ဘယ်သူ ဘယ်ဝါ ဆိုတာကိုတော့ ထုတ်ဖော်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် မိသားစုတွေနဲ့ အိမ်နီးချင်းတွေကတော့ သူဟာ Antonio Trey Jones ဖြစ်ပြီး အခုဆိုရင် အသက် ၁၅နှစ်ပြည့်တော့မယ့်သူ ဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။

အဆိုပါ ကျူးလွန်မှု ဖြစ်ခဲ့စဉ်က Jones ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ ဘိုးအေ ဖြစ်သူ Howard Jones နဲ့အ တူ အသတ်ခံရတဲ့ မိန်းကလေးရဲ့ အိမ်နားမှာရှိတဲ့ အိမ်တစ်အိမ်မှာ အတူနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

ကောင်လေးရဲ့ ဘိုးအေ ဖြစ်သူကတော့ အကယ်၍ ဒီပြစ်မှုကို သူကျူးလွန်ခဲ့တယ်ဆိုရင် အခုလို သူ့ကို ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော်ကတော့ ဒါပဲပြောနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရဲမှတ်တမ်းများအရ မိန်းကလေးငယ်ကို ခေါင်းအုံးနဲ့ဖိထားပြီး အဲဒီအတွက်ကြောင့် အသက်ရှူရပ်သွား တာဖြစ်ကြောင်း မှတ်တမ်းမှာရေးသားထားပါတယ်။ ဒါ့အပြင် သူမရဲ့ အတွင်းခံဘောင်း ဘီဟာ လည်း အောက်ကို လျောကျနေပြီး သူမကိုတော့ စောင်နဲ့ အုပ်ထားတယ်လို့ ရဲမှတ်တမ်းများ အရ သိရပါတယ်။

သူမအသတ်ခံရပြီး နောက်တစ်နေ့မနက်မှာတော့ ကျောင်းသွားဖို့အတွက် သူမရဲ့ ဖခင်က လာနှိုးတဲ့အခါမှ သူမသေဆုံးနေကြောင်း တွေ့ရှိရတာ ဖြစ်ပါတယ်။ သူမတို့နေအိမ်မှာတော့ သူမအဖေ၊ အရွယ်ရောက်နေပြီ ဖြစ်တဲ့ သူမရဲ့အစ်ကို နဲ့ သူမတို့ သုံးဦးသာ နေထိုင်ကြောင်း သိရပါတယ်။ သူမရဲ့ အကိုဖြစ်သူဟာလည်း အဲဒီနေ့မနက်မှ မိသားစုအိမ်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲကနေ ပြန်လာခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Jones ဆိုတဲ့ ကောင်လေးကိုတော့ မိန်းကလေးရဲ့ ကိုယ်ပေါ်မှာ ကျန်နေခဲ့တဲ့ DNA နဲ့ တိုက်စစ်ပြီး ရလာတဲ့ အဖြေများအရ ပြစ်မှုကျူးလွန်သူ ဖြစ်ကြောင်း ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ် မတိုင်ခင်က ကောင်လေးကို မိန်းကလေးရဲ့အိမ်ကို ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့ဖူးတယ် လို့ ပြောပါတယ်။ အကြောင်းကတော့ သူဟာ မိန်းကလေးကို ရုတ်ရင်းကြမ်းကြုတ်တဲ့ သဘောပါတဲ့ ထင်မြင်ချက်တွေ ပေးတဲ့အတွက်လို့ မိန်းကလေးရဲ့ မိသားစုကပြောပါတယ်။

ဒါပေမယ့်လည်း Jones မိသားစုရဲ့ အသိမိတ်ဆွေတွေကတော့ ကောင်လေးဟာ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေသူ တစ်ဦးဖြစ်ပြီး အာရုံကြောဆိုင်ရာ ရောဂါခံစားနေရတဲ့အတွက် ဒီလို ဖြစ်ရပ်မျိုး ကျူးလွန်မယ့်သူ မဖြစ်နိုင်ကြောင်းနဲ့ သူဟာ အခြားကလေးနဲ့ မတူဘဲ ခွဲခြားထားပြီး ပညာသင်ကြားနေရသူ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

ကောင်လေးရဲ့ အဘိုးကတော့ Jones ဟာ သူ့မိခင်နဲ့ အတူနေထိုင်ဖို့ သူ့ဆီကနေ ပြောင်းသွားခဲ့ ဖူးကြောင်း ပြောပါတယ်။ ပတ်ဝန်းကျင်မှ သူတွေကတော့ ကောင်လေးဟာ ချစ်စရာကောင်းပြီး ဒီလို အပြုအမှုမျိုးကို ကျူးလွန်မယ့်သူ မဖြစ်နိုင်ကြောင်းနဲ့ ရဲများက မှားယွင်းနေတာ ဖြစ်နိုင်ကြောင်း ထင်မြင်ယူ ဆချက်တွေ ကွဲလွဲနေကြပါတယ်။

မိန်းကလေးရဲ့ မိဘများကတော့ သူတို့လည်း ကောင်လေးဟာ ယခုလို ပြုလုပ်လိမ့်မယ်လို့ မထင် ထားကြောင်းနဲ့ သူတို့ရဲ့ သမီးကို ယခုလို သူတို့နဲ့ အဝေးဆုံးခွဲသွားလိမ့်မယ်သူ လို့ မယုံ ကြည်ကြောင်း ပြောပြပါတယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ယခုလို ပြစ်မှု ကျူးလွန်ခဲ့တဲ့ ကောင်လေးကို ဖမ်းဆီးပေးနိုင်ခဲ့တဲ့အတွက် တာဝန်ရှိသူများနဲ့ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ကောင်လေးကိုတော့ ဘယ်လို အပြစ်ဒဏ်ချမှတ်မယ် ဆိုတာ မသိရသေးပါဘူး။

World-Myanmar News

မင်းသားရဲ့ ပါး၊ နှုတ်ခမ်း၊ နားနဲ့ ရင်ဘတ်ကို နမ်းရမည့်အခန်းပါ၍ သက်မွန်မြင့်မရိုက်ခဲ့သည့် "ကျွန်မက နှင်းဆီပါမောင်" ရုပ်ရှင်ကား ပြပြီ

အားလုံးသိကြတဲ့အတိုင်း ဒါရိုက်တာဝိုင်းက သူရိုက်ကူးမယ့် 'ကျွန်မက နှင်းဆီ ပါမောင်'ရုပ်ရှင်ဇာတ်ကားကို 'အာဒံရယ်၊ ဧ၀ရယ်၊ ဒဿ ရယ်' ဇာတ်ကားမှာ သူနဲ့ လက်တွဲပြီး အကယ်ဒမီရခဲ့တဲ့ သက်မွန်မြင့်နဲ့ ရိုက်ကူးဖို့ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမဲ့ မူရင်းဝတ္ထုထဲမှာ မပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေဖြစ်တဲ့ မင်းသားရဲ့ ပါး၊ နှုတ် ခမ်း၊ နားနဲ့ရင်ဘတ်တို့ကို နမ်းပြီးသရုပ်ဆောင်ရမယ့်အခန်း ပါဝင်တာကြောင့် ဇာတ်ကားရိုက်ကူးဖို့သက်မွန်မြင့်က ငြင်းဆန်ခဲ့ပါတယ်။

စာရေးဆရာမ ပုညခင်ရဲ့ဝတ္ထုကို အခြေခံပြီး ရိုက်ကူးတာဖြစ်တာကြောင့် စာရေးဆရာမကလည်းမြန်မာ့ယဉ်ကျေးမှုအရ ရိုက်မပြသင့်တဲ့အခန်းတွေ ကို ဖြုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒါရိုက်တာ ၀ိုင်းက လက်မခံခဲ့ပါဘူး။ အခုတော့ ကန့်ကွက်မှုတွေ ရှိခဲ့တဲ့ 'ကျွန်မက
နှင်းဆီပါမောင်' ရုပ်ရှင်ဇာတ်ကားကြီးကို ပြီးခဲ့တဲ့စနေနေ့က မင်္ဂလာစံပြရုပ်ရှင်ရုံမှာ အထူးပွဲအနေနဲ့
ဧည့်ပရိသတ်များကို ပြသနိုင်ခဲ့ပါပြီ။

ဘ၀ရဲ့ အလှည့်အပြောင်းတွေကို ခါးစည်းခံခဲ့ရတဲ့ ထားသခင်အဖြစ် အကယ်ဒမီ ဖွေးဖွေးက
တကယ့်ကိုပီပီပြင်ပြင်နဲ့ ပိုင်နိုင်စွာသရုပ်ဆောင်ခဲ့တာကြောင့် ဇာတ်ကားကြည့်ခဲ့ရတဲ့စာရေးသူ
ကတော့ ထားသခင်နေရာက ဖွေးဖွေးနဲ့တောင် ပိုပြီးအံဝင်ခွင်ကျဖြစ်တယ်လို့ ခံစားမိပါတယ်။

'ကျွန်မက နှင်းဆီပါမောင်' ရုပ်ရှင်ဇာတ်ကားကြီးမှာ ထားသခင်က ဖခင်နဲ့ မိခင်တို့ရဲ့ တကွဲတပြားစီ
ဖြစ်နေတဲ့ အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ဖခင်ရဲ့အမေ လောင်းကစားကို ခုံမင်တဲ့ အဘွား
သူဌေးမကြီး ဒေါ်ထားခင်ရဲ့ အရိပ်အောက်မှာ ကြီးပြင်းခဲ့ရတဲ့ မြေးမလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။

ဘွားအေရဲ့အလို လိုက်မှုနဲ့ ငယ်ရွယ်စဉ်ကတည်းက တစ်ပါးသူအပေါ် အဆင့်အတန်း ခွဲခြားဆက်ဆံ
ပြီး မောက်မာတဲ့ ကလေးမလေးတစ်ယောက်ပေါ့။

တစ်နေ့မှာ သူမတို့ ပိုင်ဆိုင်တဲ့ ပြင်ဦးလွင်က မဟူရာစံအိမ်ကြီးကို သွားရောက်လည်ပတ်ရင်း
ခြံထဲမှာ အလုပ်လုပ်တဲ့ စိုင်းခွန်းသဆိုတဲ့ ရွယ်တူကောင်လေးနဲ့ အလုပ်သမား၊ အလုပ်ရှင်
ဆက်ဆံရေးပုံစံနဲ့ တွေ့ဆုံခဲ့ပါတယ်။

မာနကြီး ခက်ထန်တဲ့ထားသခင်ရဲ့ ဗိုလ်ကျတဲ့အပြုအမူ တွေဖြစ်တဲ့ ဖိနပ်စီးခိုင်းတာ၊ ဖိနပ်ရေဆေး
ခိုင်းတာ စတာတွေကြောင့် ခွန်းသအနေနဲ့ မကျေမနပ်ဖြစ်ရပုံတွေကို ၀ါရင့်ကလေးသရုပ်ဆောင်
ဟဲဗီးဖြိုးနဲ့ ယွန်းယွန်းတို့က သဘာဝကျကျ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။

နောက်တစ်ခေါက် ပြင်ဦးလွင်ကို သွားရောက်တဲ့ အခါမှာလည်း လူပျို၊ အပျိုအရွယ်ဖြစ်နေပေမယ့်
ထားသခင်က နောက်ထပ်တစ်ကြိမ် သူ့ဖိနပ်ကို ခွန်းသအနေနဲ့ ထပ်စီးပေးရတဲ့အခြေအနေတွေ
ဖြစ်အောင်လုပ်လိုက်တဲ့အခါမှာတော့ ခွန်းသအနေနဲ့ အမျက်ဝင်လို့ ထားသခင်ကို တစ်နေ့
ပိုင်ဆိုင်ရမယ်လို့ဆိုပြီး သူမရဲ့ ရှေ့မှောက်မှာပဲ ကြုံးဝါးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထားသခင်ရဲ့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲသွားတယ်လို့ ဆိုရမှာပါ။

နိုင်ငံခြားမှာရှိတဲ့ ဖခင်ဖြစ်သူလည်း သေ၊ အဘွားရဲ့ လောင်းကစားကြွေးတွေကြောင့် ပိုင်ဆိုင်မှုတွေ
ကုန်တဲ့အပြင် အဲဒီစိတ်နဲ့ပဲ အဘွားဖြစ်သူဟာ နောက်ဆုံးမှာ ကွယ်လွန်သွားပါတော့တယ်။

တစ်ကောင်ကြွက်ဘ၀ ရောက်သွားတဲ့အခါမှာတော့ ထားသခင်ဟာ တစ်ဝမ်းတစ်ခါးအတွက်
လောကဓံရဲ့ ကြမ်းတမ်းမှုတွေကို စတင်ရင်ဆိုင်ရပါပြီ။

ပထမဦးဆုံးအလုပ်ဖြစ်တဲ့ ဖိနပ်ရောင်းတဲ့ ကောင်တာမှာ အရောင်းစာရေးမအလုပ်ကိုလည်း သူမရဲ့
ကြွပ်ဆတ်ဆတ်အမူအရာကြောင့် မလုပ်နိုင်ခဲ့ပြန်ပါဘူး။

အဲဒီအချိန်မှာပဲ သူဌေးကြီးတစ်ယောက် ဖြစ်နေပြီဖြစ်တဲ့ ခွန်းသနဲ့ တွေ့ဆုံလို့ ထားသခင်နဲ့ ခွန်းသ
တို့ နှစ်ယောက်ရဲ့ မာနနဲ့ ကလဲ့စားချေမှုတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းဆုံးတဲ့အထိ တစ်ယောက်ကိုတစ်ယောက် ကလဲ့စားချေ၊ အနိုင်ယူမှုတွေကြားမှာပဲ
ပြီးဆုံးသွားမလား၊ ကလဲ့စားချေမှုတွေကနေ အချစ်စစ်အဖြစ်ပဲ ပြောင်းလဲနိုင်မလားဆိုတာကို
မကြာခင် ရုံတင်လာတဲ့အခါမှာတော့ သွားရောက်ကြည့်ရှုပြီး အဖြေထုတ်ကြပါလို့။

အဲဒီထဲမှာ အများက လက်မခံနိုင်တဲ့ ဇာတ်ဝင်ခန်းဖြစ်တဲ့ ဇာတ်ကောင် ခွန်းသကို ထားသခင်က
နမ်းတဲ့အခန်းကလည်း မြန်မာ့မျက်စိ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ယှဉ်ရင် မရိုင်းရလေအောင် လှည့်ကွက်
တွေသုံးထားတဲ့ ဒါရိုက်တာ ၀ိုင်းရဲ့ အရည်အချင်းနဲ့ နေတိုး၊ ဖွေးဖွေးတို့ရဲ့ သဏ္ဌာန်လုပ်
သရုပ်တူအောင် အနုပညာဆန်ဆန် တင်ဆက်ထားတာကို တွေ့ရမှာပါ။

စာရေးဆရာမ ပုညခင်ရဲ့ အုပ် ၁၀၀ ပြည့် ၀တ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး နဂိုမူရင်း ၀တ္ထုမှာ
ကတည်းက ပရိသတ်အားပေးမှုကို တစ်ခဲနက်ရထားတဲ့အပြင် နာမည်ကျော် ဒါရိုက်တာဝိုင်းရဲ့
ခံစားမှုတွေကို ဖြည့်စွက်လိုက်တဲ့အခါမှာတော့ မြန်မာ့ရုပ်ရှင်ဈေးကွက်မှာ ပေါက်နေတဲ့ သာမန်
ချစ်ကြိုက်ကွဲညား ကလိထိုးရယ်ရတဲ့ ဟာသရုပ်ရှင်ဇာတ်လမ်းတွေထဲကနေ တကယ်ပဲ ကွဲထွက်လို့
နေပါတယ်။

ဒီဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ဖွေးဖွေး၊
အကယ်ဒမီ ယွန်းယွန်းနဲ့ ဟဲဗီးဖြိုးတို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်ကားကြာချိန်က ၂ နာရီ၊ မိနစ် ၂၀ ဆိုပေမယ့် နောက်ဆုံးပေါ် 4K Digital နည်းပညာနဲ့
ရိုက်ကူးထားတဲ့ ဇာတ်ကားသစ် ဖြစ်တာကြောင့် ရုပ်သံကြည်လင်ပြတ်သားမှုကို အပြည့်အဝ
ခံစားရမှာပါ။

ဒါ့ပြင် တစ်ကားလုံး အချိတ်အဆက်မိမိ ရိုက်ကူးတင်ဆက်သွားတဲ့ ဒါရိုက်တာရဲ့ အစွမ်းအစတွေနဲ့
သရုပ်ဆောင်တွေရဲ့ပီပြင်မှုကြောင့် ကြည့်ရှုတဲ့ပရိသတ်တွေ စိတ်ကျေနပ်စေမယ်လို့ ပြောချင်ပါ
တယ်။

Myanmar Times

တစ်မိနစ် ၂၅ ကျပ်နဲ့ဖုန်းခေါ်နိုင်မယ့် MPT ရဲ့ဝန်ဆောင်မှုအသစ်

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး Operator သစ်ဖြစ်တဲ့ Ooredoo နဲ့ လက်ရှိ Operator ဖြစ်တဲ့ MPT ကတော့ Promotion အစီအစဉ်မျိုးစုံနဲ့ ပြည်သူတွေကြားကို ထိုးဖောက် လာနေပါပြီ။ Telenor ကတော့ သူ့ရဲ့အစီအ စဉ်တွေကို အခုထိပြင်ပကိုချပြခြင်းမရှိသေးပါဘူး။

အခု MPT ကနေ MPT ရဲ့မိုဘိုင်းဖုန်းကိုင်ဆောင်သူများ ကို တစ်မိနစ် ၂၅ ကျပ်နဲ့ ဖုန်းခေါ်ဆိုနိုင်မယ့် အစီအ စဉ်သစ်ကိုချပြလိုက်ပြန်ပါတယ်။

ဒီအစီအစဉ်မှာတော့မိမိနဲ့အမြဲဖုန်းပြောဖြစ်တဲ့ ဖုန်းနံ ပါတ်သုံး ခုကို ဖုန်းနံပါတ် ၁၃၃၁ ထံသို့ Message ပို့စာရင်းသွင်းထားရမယ်လို့ဆိုပါတယ်။ Message ပို့ရမယ့်ပုံစံကတော့

ဥပမာ – ADD 095888999

အထက်ပါပုံစံအတိုင်း Message တစ်စောင်ပေးပို့ပြီးတိုင်း “Success ! You can call 095888999 for 25 kyats/min until 2014-8-31″ ဆိုတဲ့ Message ကိုအသုံးပြုသူဘက်က လက်ခံရရှိမယ်လို့သိရပါတယ်။

Message သုံးစောင်အထိပေးပို့နိုင်ပြီဖြစ်ပြီး ဖုန်းနံပါတ်သုံးခု (Message သုံးစောင်) ထက်ကျော်လွန်သွားပါက “Sorry you have exceeded friend list ,you can add only 3 friends..” ဆိုတဲ့ Message ကို အသုံးပြုသူ မှလက်ခံရရှိမယ်လို့ သိရပါတယ်။

မိမိ အနေဖြင့် မည်သည့်နံပါတ်သုံးခုကို Message ပေးပို့ခဲ့သည်ကို ပြန်လည်စစ်ဆေးလိုပါက ဖုန်းနံပါတ် ၁၃၃၁ သို့ VIEW ဟူသော Message ရိုက်ပြီး ပေးပို့ရပါမည်။ အသုံးပြုသူဘက်မှ “Your friend list is= 094111222 092561238 0940261139 ” စသဖြင့် ကိုယ် သတ်မှတ်ထားခဲ့သော ဖုန်းနံပါတ် စာရင်းကို Message အနေဖြင့်ပြန်လည်လက်ခံရရှိပါမည်။

စာရင်းသွင်းထားသော ဖုန်းနံပါတ်ကို အခြားဖုန်းနံပါတ်တစ်ခုခုဖြင့် အစားထိုးပြောင်းလဲလိုပါက MODIFY (ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးမည့်ဖုန်းနံပါတ်အသစ်) တို့ကိုရိုက်ပြီး ဖုန်းနံပါတ် ၁၃၃၁ သို့ Message ပေးပို့ရမည်လို့သိရပါတယ်။

ဥပမာ- MODIFY 094111222 094777888

အသုံးပြုသူဘက်မှ “Number 094777888 is now your new friend list” ဟူသည့် Message ကိုလက်ခံရ ရှိပါမည်။

ယခုဝန်ဆောင်မှုအစီအစဉ်ကို အသုံးပြုမည်ဆိုပါက ဖုန်းထဲတွင်ရှိသော ငွေလက်ကျန်ထဲမှာ ၂၅၀၀ ကျပ်ကို ၀န်ဆောင်ခအနေဖြင့်နှုတ်ယူသွားမည်ဟုဆိုသည်။ ဒီအစီအစဉ်ကို ကိုယ့်ဖုန်းမှာစတင်အသုံးပြုသည့်အချိန်မှ စ၍ ရက်ပေါင်းသုံးဆယ်တိတိအသုံးပြုနိုင်မယ်လို့သိရပါတယ်။

လောလောဆယ်တွင် GSM/WCDMA ဖုန်းများတွင်သာ တစ်မိနစ် ၂၅ ကျပ် ဖုန်းနံပါတ်သုံးခု အစီအစဉ်ကို အသုံးပြုနိင်သေးပြီး CDMA ဖုန်းများအတွက်လည်း မကြာခင် အသုံးပြုနိုင်မည်ဟုသိရသည်။

Thet Naing Soe – Myanmarmobileapp