မိမိနှစ်သက်ရာ Games Software လေးများ တောင်းဆိုနိုင်ပါတယ်

Saturday, March 30, 2013

Home plan pro full free version


Home plan pro full free version

Engineering အိမ်ဆောက်ဘာသာရပ်ကို စိတ်ဝင်စားပြီး ကိုယ်ပိုင် အိမ် ဒီဇိုင်းဆောက်လုပ်ချင်တဲ့သူတွေအတွက် တော်တော် အသုံးဝင်မယ့် ဟာလေးပါ... စိတ်ဝင်စား စမ်းကြည့်ချင်တယ်ဆိုရင် အောက်မှာ ဒေါင်းပါ.. အိမ်ဆောက် ၀ါသနာပါတယ်ဆိုရင်တော့ ဒီဟာ က အကိုးပေးပါလိမ့်မည်...




Download (3.84MB)

Tuesday, March 19, 2013

Upgrade Samsung Galaxy young to Jelly Bean 4.1.1


Upgrade Samsung Galaxy young to Jelly Bean 4.1.1

ဒေါင်းထားတဲ့  Zip ဖိုင်ကို SD card ထဲသို့ကော်ပီကူး ထည့်လိုက်ပါ ...
ပြီးရင် Recovery mode  ကိုဝင်ပါမယ် power button + Volume up + Home button ကိုတပြိုင်ထဲဖိထားပေးပါ ..

Galaxy Y လို့စာတန်းစပေါ်လာတာနဲ့တပြိုင်ထဲဖိထားတာကို release လုပ်ပေးပါ
အဲဒီအခါ Recovery mode ထဲသို့ရောက်ရှိသွားပါလိမ့်မယ် ...

ရောက်သွားရင် data/factory reset wipe ပြီးရင် cache ကို wipe လုပ်ပေးပါ ...

ထို့နောက် install from sd card ဆိုတာကိုနှိပ်လိုက်ပါ ...

ဖုန်း sd card ထဲထည့် ထားတဲ့  CWM.zip ကို ရွေးပြီး ရင် Jelly blast v3.signed.zip ဆိုတဲ့ဖိုင်ကိုရွေးပေးလိုက်ပါ ...
အဲဒီအခါမှာ လိုအပ်တဲ့ဖိုင်တွေကို စပီး အင်စတောပြုလုပ်နေပြီ ...ပြီး ရင် JVB30TA1.signed.zip ကို install လုပ် ပြီးရင် JVB30TA2.signed.zip ကိုထပ် install လုပ်ပေးပါ..  

အင်စတောပြုလုပ်ပီးပါက မိမိဖုန်းအား reboot လုပ်ပေးဖို့ system reboot now အထိ ထွက်ပြီး နှိပ်ပေးလိုက်ပါ ...

မိမိဖုန်းတွင် media scanning completed ဖြစ်တဲ့အထိစောင့်ပေးပါ ...

 ဒါဆိုလုပ်ငန်းစဉ်အားလုံးပြီးဆုံးသွားပီဖြစ်ပြီး မိမိဖုန်းလေး  ကို Launcher Holo ကို ရွေးပါ.. ဘာလို့လဲဆို တော့ ပိုလှလို့ပါ.. Samsung ကို မရွေးပါနဲ့ မလှလို့.. ပြီးရင် Error or sorry ဆိုတဲ့စာတမ်းပေါ်လာ ရင် ဘာမှမလုပ် ဘဲ ကြည့်လိုက်ပါ.. ပြီးရင်
သင့်ရဲ့ဖုန်းလေးဟာ Jelly BLAST V3 4.1.1 နဲ့ လန်းနိုင်ပါပြီ ...
သတိထားဖို့က Samsung galaxy young စာတမ်းပေါ်ပြီး ၁ မိနစ်လောက် ဘာမှမပေါ်ဘဲ မည်းနေလိမ့်မည် မစိုးရိမ်ဘဲ.. ကြည့်နေလိုက်ပါ..



Monday, March 18, 2013

Android ဖုန်းထဲ ကို မြန်မာစာထည့်နည်း နောက်တနည်း

 




1. အရင်ဆုံး ကျွန်တော်ပေးထားတဲ့ rar file လေးကို extract လုပ်လိုက်ပါ။ APK File သုံးခုနဲ့ အတူ Zawgyi-One.tffဆိုတာ ထွက်လာလိမ့်မယ်။ အဲဒါတွေအားလုံးကို ဖုန်းရဲ့  SD Memory Card ထဲထည့်လိုက်ပါ။

2. ပြီးရင် FontChanger.apk လေးကို ဖုန်းမှာ install လိုက်လိုက်ပါ။ Super user request လာတောင်းရင် Allow ပေးလိုက်ပါ။ FontChanger ကို install လုပ်ပြီးရင် မိမိရဲ့  ဖုန်း Memory Card ထဲမှာ .fontchanger ဆိုတဲ့ folder လေးတစ်ခု တိုးလာလိမ့်မယ်။

အဲဒီ Folder ထဲကို Zawgyi-One.tff file ကို File Manager နဲ့ပဲဖြစ်ဖြစ်၊ ကွန်ပျူတာမှနေတစ်ဆင့် ဖြစ်စေ အဆင်ပြေတဲ့နည်းနဲ့  copy ကူးထည့်လိုက်ပါ။ မကူးတတ်ဘူးဆိုရင် ဒီနည်းလေးနဲ့လည်းလုပ်နိုင်ပါတယ်..
1. Root Explorer ထဲကို 
2. SD card ကို ရှာ ပြီးရင် အဲဒီထဲက  Zawgyi-One.tff ကိုရှာပြီး အဒီပေါ်မှာ ၃ စကန့်လောက်နှိပ် ပြီး copy လုပ် ပြန်ထွက်
3. / အထိပြန်ထွက်ပြီး font changer ကိုရှာ ပြီးရင် ၀င်ပြီး copy ထားတဲ့ Zawgyi-One.tff ကို paste လုပ် ပါ..

3. ပြီးရင် ဖုန်းမှာ FontChanger App လေးကိုဖွင့်လိုက်ပါ။ အဲဒီ App ထဲမှာ Zawgyi One ဆိုပြီး တွေ့ ရလိမ့်မယ်

4. Font Changer App ထဲမှာZawgyi-One ကိုရွေးပေးလိုက်ပါ။ ပြီးရင် Apply ကိုနှိပ်လိုက်ပ
5. Reboot လုပ်ခိုင်းပါလိမ့်မယ်။ reboot လုပ်ပြီးပါက သင့်ဖုန်းရဲ့  System Font ဟာ Zawgyi-One ဖြစ်သွားပါပြီ။ Zawgyi Font သုံးထားတဲ့ website တွေကိုလဲ အဆင်ပြေစွာ ကြည့်ရှုနိင်ပါလိမ့်မယ်

6. Font သွင်းပြီးသွားပြီ ဆိုတော့ ဒီတစ်ခါ keyboard အလှည့်ပါ။ မြန်မာ စာရိုက်နိင်ဖို့ အတွက် Myanmar Keyboard သွင်းရပါမယ်။ ကျွန်တော်ပေးထားတဲ့ rar file ထဲမှာ MyanDroid Soft Keyboard နဲ့ iTextMM Keyboard နှစ်ခု ပါ ပါတယ်။ နှစ်ခုစလုံးက  မြန်မာ keyboard တွေပါပဲ။ အဲဒီ နှစ်ခုလုံးကို install လုပ်လိုက်ပါ။ ပြီးရင် Settings >> Language & Keyboard >> MyanDroid Soft Keyboard နဲ့  iTextMM Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။ Keyboard ပြောင်းချင်ရင်တော့ Input Method ကနေသွားပြောင်းလို့ ရပါတယ်။ အားလုံးလဲ သိကြမယ်ထင်ပါတယ်။ အသေးစိတ်မရေးတော့ပါဘူး။
ကျွန်တော်ကတော့ iTextMM ကိုပိုကြိုက်တယ်။ သူက Prediction ပါတယ်ဆိုတော့ စာရိုက်ရတာ ပိုအဆင်ပြေတယ်။
ကျွန်တော်ပြောတဲ့ step တွေအားလုံး လုပ်ပြီးသွားရင်တော့ သင့်ဖုန်းဟာ Myanmar Font နဲ့  Myanmar Keyboard ပါ ရရှိသွားပါပြီ။  Contacts တွေ SMS တွေအားလုံး မြန်မာလို ဖတ်လို့ ၊ ရိုက်လို့ ရသွားပါပြီ။


ဒီတစ်ခါတော့ Android ဖုန်းတွေအတွက် မြန်မာ font နဲ့  keyboard သွင်းနည်း တင်ပေးလိုက်ပါတယ်။ မြန်မာ font သွင်းဖို့ အတွက် အရင်ဆုံး သင့်ရဲ့ ဖုန်းဟာ root လုပ်ပြီးသား ဖြစ်ရပါမယ်။ Root မလုပ်ဘဲနဲ့  မြန်မာ font သွင်းလို့ မရပါဘူး။ Root လုပ်နည်းတွေကိုလဲ ဒီ blog လေးမှာ တင်ပေးထားပြီးသားပါ။


လိုအပ်တဲ့ files တွေကို အရင် Download ဆွဲလိုက်အုံး။ ပြီးရင် ကျွန်တော် ထုံးစံအတိုင်း step by step ရှင်းပြသွားပါမယ်... :)

1. အရင်ဆုံး ကျွန်တော်ပေးထားတဲ့ rar file လေးကို extract လုပ်လိုက်ပါ။ APK File သုံးခုနဲ့ အတူ Zawgyi-One.tffဆိုတာ ထွက်လာလိမ့်မယ်။ အဲဒါတွေအားလုံးကို ဖုန်းရဲ့  Memory Card ထဲထည့်လိုက်ပါ။

2. ပြီးရင် FontChanger.apk လေးကို ဖုန်းမှာ install လိုက်လိုက်ပါ။ Super user request လာတောင်းရင် Allow ပေးလိုက်ပါ။ FontChanger ကို install လုပ်ပြီးရင် မိမိရဲ့  ဖုန်း Memory Card ထဲမှာ .fontchanger ဆိုတဲ့ folder လေးတစ်ခု တိုးလာလိမ့်မယ်။

အဲဒီ Folder ထဲကို Zawgyi-One.tff file ကို File Manager နဲ့ပဲဖြစ်ဖြစ်၊ ကွန်ပျူတာမှနေတစ်ဆင့် ဖြစ်စေ အဆင်ပြေတဲ့နည်းနဲ့  copy ကူးထည့်လိုက်ပါ။

3. ပြီးရင် ဖုန်းမှာ FontChanger App လေးကိုဖွင့်လိုက်ပါ။ အဲဒီ App ထဲမှာ Zawgyi One ဆိုပြီး တွေ့ ရလိမ့်မယ်။

4. Font Changer App ထဲမှာZawgyi-One ကိုရွေးပေးလိုက်ပါ။ ပြီးရင် Apply ကိုနှိပ်လိုက်ပါ။

5. Reboot လုပ်ခိုင်းပါလိမ့်မယ်။ reboot လုပ်ပြီးပါက သင့်ဖုန်းရဲ့  System Font ဟာ Zawgyi-One ဖြစ်သွားပါပြီ။ Zawgyi Font သုံးထားတဲ့ website တွေကိုလဲ အဆင်ပြေစွာ ကြည့်ရှုနိင်ပါလိမ့်မယ်။

6. Font သွင်းပြီးသွားပြီ ဆိုတော့ ဒီတစ်ခါ keyboard အလှည့်ပါ။ မြန်မာ စာရိုက်နိင်ဖို့ အတွက် Myanmar Keyboard သွင်းရပါမယ်။ ကျွန်တော်ပေးထားတဲ့ rar file ထဲမှာ MyanDroid Soft Keyboard နဲ့ iTextMM Keyboard နှစ်ခု ပါ ပါတယ်။ နှစ်ခုစလုံးက  မြန်မာ keyboard တွေပါပဲ။ အဲဒီ နှစ်ခုလုံးကို install လုပ်လိုက်ပါ။ ပြီးရင် Settings >> Language & Keyboard >> MyanDroid Soft Keyboard နဲ့  iTextMM Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။ Keyboard ပြောင်းချင်ရင်တော့ Input Method ကနေသွားပြောင်းလို့ ရပါတယ်။ အားလုံးလဲ သိကြမယ်ထင်ပါတယ်။ အသေးစိတ်မရေးတော့ပါဘူး။
ကျွန်တော်ကတော့ iTextMM ကိုပိုကြိုက်တယ်။ သူက Prediction ပါတယ်ဆိုတော့ စာရိုက်ရတာ ပိုအဆင်ပြေတယ်။
ကျွန်တော်ပြောတဲ့ step တွေအားလုံး လုပ်ပြီးသွားရင်တော့ သင့်ဖုန်းဟာ Myanmar Font နဲ့  Myanmar Keyboard ပါ ရရှိသွားပါပြီ။  Contacts တွေ SMS တွေအားလုံး မြန်မာလို ဖတ်လို့ ၊ ရိုက်လို့ ရသွားပါပြီ။
thanks to visiting my blog....


Download Root Explorer v. 2.20


 အရင်တင်ခဲ့တဲ့ Root Explorer v.2.19 က သုံးမရတော့သဖြင့် version v2.20 ကိုပြန်တင်ပေးလိုက်ပါတယ်.. ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးပါသဖြင့် စိတ်ချမ်းသာစွာ Download နိုင်ပါတယ်.. ကျွန်တော့ Blog ကို လာလည် ခြင်းဖြင့် စိတ်ချမ်းသာနိုင်ကြပါစေ.။

Download Root Explorer v. 2.20

Friday, March 15, 2013

Samsung Galaxy young USB Driver



Samsung Galaxy young USB Driver ကို ရှာမရ လိုချင်တဲ့သူတွေအတွက်



 Download

Saturday, March 9, 2013

UnLock Root v 3.36 Pro ကို Full Version ရပါပြီ...

UnLock Root v 3.36 Pro ကို Full Version ရပါပြီ...

 Android ဖုန်းတွေကို Root လုပ်တဲ့နေရာမှာ သိပ်ကို စွမ်းပြီး လူတိုင်း လိုချင်နေကြတဲ့ Unlock Root နောက်ဆုံးထွက် ဗားရှင်း 3.36 Pro ကို Full Version ရပါပြီ... Unlock Root 3.36 မှာ Free Version Version နဲ့ Pro Version ရှိပါတယ်.. Unlock Root ထုတ်တဲ့ ကုမ္ပဏီက Unlock Root Pro နဲ့ Root လို့မရတဲ့ Android ဖုန်းဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူးလို့ ကြွေးကြော်ထားတာပါ.. Unlock Root Pro ကို ဒေါင်းခွင့်သာပေးထားပြီးတော့ Full Version ကို ၀ယ်ယူခွင့်သာပေးထားတာပါ.. Pro Version ကို Trial အနေနဲ့တောင် စမ်းသုံးခွင့်ပေးမထားပါဘူး.. ဖွင့်လိုက်တာနဲ့ ကီးတောင်းတော့တာပါပဲ.. ကဲ ကျွန်တော့်ဆီက Full Version ကို စိတ်ချလက်ချသာသုံးကြပေးတော့.. Full Version ဖြစ်အောင် လုပ်နည်းကို အောက်မှာ ဖေါ်ပြပေးသွားမှာဖြစ်တဲ့အတွက် သေသေချာချာ ဖတ်ပေးကြစေလိုပါတယ်..

Unlock Root is a software to help you root your Android device. The main function of this software is to obtain the highest user privileges, thus you can remove, install or uninstall any applications on your device freely and give you a clean system since you use Unlock Root. It has powerful functions and strong compatibility, and also it is very simple to operate. Nothing to worry whether your device would get bricked, because this software is stable enough.

Root your device with Unlock Root can help you:
1. Overclocking
2. Underclocking which can help save battery
3. Mods to improve battery life
4. Access to apps that might require superuser permission
5. Removal of bloatware such as apps pre-installed by manufacturers or carriers
6. Deeper customization
7. Flashing ROMs such as CyanogenMod, MIUI
8. Gaining access to features that your carrier might otherwise have charged you a fee for i.e. WiFi/USB tethering.

Pro Version:
- One-click Get Root Access Permission
- Support Android 2.2- 2.3
- Support Android 4.0-4.1
- Support Samsung Galaxy SIII (S3), Galaxy Note II (Note2)
- Support Google Nexus 4 / 7 / 10
- Support HTC One X / S,Droid DNA,EVO,Incredible,Sensation,Tattoo
- Support Amazon Kindle Fire / HD 7"

Full Version ဖြစ်အောင် လုပ်နည်း...

1. ပထမ Setup ကို ဒေါင်းပြီး Install လုပ်ရိုးလုပ်စဉ်အတိုင်း Install လုပ်လိုက်ပါ.. နောက်ဆုံး Install ပြီးဆုံးခါနီးမှာ Run UnLock Root Pro 3.36 ဆိုတဲ့စာသားရဲ့ဘေးက အမှန်ခြစ်ကို တစ်ချက်နှိပ်ပြီး အမှန်ခြစ်ဖြုတ်ခဲ့ပြီး Finish ကိုနှိပ်ပါ...
2. ကွန်ပျူတာရဲ့ Desktop ပေါ်က Unlock Root Icon (သို့မဟုတ်) Start>UnLock Root Pro>UnLock Root Pro.exe ကို ညာကလစ်ထောက်ပြီး Open File Location ကိုနှိပ်ပါ.. XP သမားတွေကတော့ ညာကလစ်ထောက်လိုက်ရင် Open File Location မတွေ့ရတဲ့အတွက် Properties ကိုနှိပ်ပါ.. ပေါ်လာတဲ့ထဲက Find Target ကိုနှိပ်ပါ...
3. ခုဆိုရင် C:\Program Files\Unlockroot Pro အောက်ကိုရောက်နေမှာဖြစ်ပါတယ်..C: ဆိုတဲ့နေရာမှာတော့ မိတ်ဆွေများရဲ့ OS တင်တဲ့ Partition တစ်ခုခု ဖြစ်နေပါမယ်.. အဲဒီထဲမှာ Patch ဖိုင်ထဲက နှစ်ဖိုင်အနက် .unlockroot.pro.v.3.36-patch-tonyweb.exe ကို ကော်ပီကူးပြီး ဒီမှာ Paste ချပေးရပါမယ်..
4.ပြီးရင် ဒီထဲမှာပဲ .unlockroot.pro.v.3.36-patch-tonyweb.exe ကို Double Click ခေါက်လိုက်ပါ.. adb Driver မရှိသေးသူများက ဒီ (C:\Program Files\Unlockroot Pro အောက်မှာ) ပဲ adbdriverspro.exe ဆိုတာလေးကို နှိပ်ပြီး adb Driver တစ်ခါတည်းသွင်းနိုင်ပါတယ်..
5.အခု C:\Program Files\Unlockroot Pro ထဲက မထွက်သေးပါဘူး.. C:\Program Files\Unlockroot Pro ထဲမှာ Tools ဆိုတဲ့ Folder ကို Double Click ခေါက်လိုက်ပါ.. ပြီးရင် Patch ဖိုင်ထဲက reg.dat ဖိုင်ကို ကော်ပီကူးပြီး ဒီထဲမှာ Paste လုပ်လိုက်ပါ... (C:\Program Files\Unlockroot Pro\tools အောက်မှာပေါ့နှော်)
6.အခု ပိတ်လိုက်ပြီးတော့ UnLock Root Pro ကို Run လိုက်ပါ.. ဒါဆိုရင် ကီးတောင်းပါလိမ့်မယ်..
ကီးဖိုင်ထဲက စာသားလေးကို ထည့်ပြီး Go ကိုနှိပ်လိုက်ပြီး ခဏစောင့်ပါ... ဒါဆိုရင် Full Version ဖြစ်ပါပြီ...

မှတ်ချက်=> UnLock Root Pro ကို Run တိုင်း ကီးတောင်းနေမှာဖြစ်ပါတယ်... ကျွန်တော်တင်ပေးထားတဲ့ ကီးကိုသာထည့်ပေးလိုက်ပါ.. အဆင်ပြေပါတယ်...

မောင်ပေါက်ကိုတော့ မမေ့ကြနဲ့နှော်...

အဆင်ပြေကြပါစေ....

Setup Download Links: 37.31 MB 

Patch Download Links: 241 KB

Serial Key Download Links: Only txt file

How to Root Samsung Galaxy y + Install Myanmar Fonts on Android

How to Root Android and How to Install Myanmar Fonts on Android

Android ဖုံး တွေကို မြန်မာဖေါင့် ထည့်နည်း နဲ့ Root လုပ်နည်း ပြန်လည်မျှဝေပေးလိုက်ပါတယ် ...။ အားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့် ပါတယ်.....:)
့


How to Root Samsung Galaxy Y GT-S5360 
နိဒန်း ပျိုးနေတာနဲ့ ဒီ ဇတ်လမ်းလေးက အခုမှ ရောက်တယ်။ Samsung Galaxy Y ကို Root လုပ်တဲ့အခါ အပေါ်က Software တွေကို သုံးပြီး လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဖုန်းမှာ ပါတဲ့ Recovery Mode ကိုအသုံးပြုပြီး Root လုပ်ပေးရမှာပါ။ 
Step 1 > ပထမဆုံး အောက်မှာ ကျွန်တော်ပေးထားတဲ့ Update.File ကို အရင် Download ဆွဲလိုက်ပါ။ File Size က 2.15 MB လောက်ပဲ ရှိပါတယ်။ 

Downloading From MediaFire

Step 2 > update.zip file ကို download ဆွဲပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ SD-Card ထဲကို Copy ကူးထည့်လိုက်ပါ။ Copy ကူးပြီးပြီဆိုရင် SD-Card ကို ဖုန်းထဲကို ပြန်ထည့်ပြီး Power ပိတ်လိုက်ပါ။

Step 3 > တတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Recovery Mode ထဲကို ၀င်ရပါမယ်။ Recovery Mode ထဲကို ၀င်ဖို့အတွက် (Home Button + Volume up Button + Power Button ) ကို Seconds 20 လောက် ဖိနှိပ်ထားလိုက်ပါ။ 

Step 4 > Recovery Mode ကို ရောက်ပြီဆိုရင်တော့ Volume up and down button ကို အသုံးပြုပြီး Update From SD Card ကို ရွှေးပေးလိုက်ပါ။ ဒီနေရာမှာ Touch အလုပ်မလုပ်ပါဘူး။ Volume button နှစ်ခုနဲ့ Home Button ကို အသုံးပြုရပါမယ်။

Step 5 > SD Card ထဲရောက်သွားပြီဆိုရင် အစောက Copy ကူးထားတဲ့ update.file ကို ရွှေးပေးပါ။ ပြီး၇င် home Button ကို နှိပ်လိုက်ပါ။

Step 6> Root စလုပ်ပါလိမ့်မယ်။ ဘာတွေ ဖြစ်နေလဲ ကြည့်နေလိုက်ပေါ့ဗျာ။ ကျွန်တော်လည်း မမှတ်မိတော့ဘူး။ Root လုပ်တာ ပြီးသွားပြီဆိုရင် ဖုန်းကို Reboot လုပ်လိုက်ပါ။ 

အိုကေသွားပါပြီ ။ ဖုန်းပြန်ပွင့်လာတဲ့အခါ SuperUser စက်ရုပ်လေးရောက်နေပါ့လိမ့်မယ်။ ဒါဆို ခင်ဗျားဖုန်းကို စိတ်ကြိုက် ကလိလို့ ရသွားပါပြီ။ 

 

ဒါကတော့ Zawgyi Font နဲ့ Keyboard ထည်းနည်းပါ  

 

Facebook က အစ်ကိုတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော် ဒီ posts လေးကို ရေးလိုက်တာပါ။ 
Android ဖုန်းတွေ ၊ Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တော့ မခက်ခဲပါဘူး။ အဓိက 
အရေးကြီးတာကတော့ မိမိရဲ့ Android ကို Roots လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ 
Zawgyi Fonts ကိုထည့်တဲ့နေရာမှာ ကျွန်တော်တို့က Android System ကို လှည့်စားပြီးထည့်ပေး 
ရပါလိမ့်မယ်။ သူ့ရဲ့ အဓိက System file တွေထဲကို ၀င်ပြင်ရမှာ ဖြစ်တဲ့ အတွက် တစ်ခါမှ 
မလုပ်ဖူးရင်တော့ သေချာလေး ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။
 
ကျွန်တော် အဆင်ပြေအောင် အဆင့် (3) ဆင့်နဲ့ ရှင်းပြပေးပါ့မယ်။
Step (1)  Installing of Root Explorer
Step (2) Installing of Zawgyi Fonts
Step (3) Installing of Frozen Keyboard


Installing of Root Explorer
 
ပထမဆုံး အနေနဲ့ Root Explorer ကို Install လုပ်ပါ့မယ်။ Root Explorer ဆိုတာလဲ File Mananger 
Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သူ့ကို install လုပ်လဲ ဆိုတော့ Zawgyi Fonts 
သွင်းတဲ့နေရာမှာ ကျွန်တော်တို့က android ရဲ့ system file ထဲကို ၀င်ပြီး ထည့်ပေးရမှာပါ။ အဲဒီအတွက် 
Roots Explorer က ပိုအဆင်ပြေပါတယ်။ 
အရင်ဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ File ကို Download ဆွဲလိုက်ပါ။ အဲဒီမှာ Myanmar Fonts 
For Android ဆိုပြီး Zip File ရလာပါမယ်။

အဲဒီထဲကမှ အရင်ဆုံး Root Explorer ကို အရင်သွင်းပါမယ်။ Root Explorer ကို သွင်းဖို့အတွက် Phone 
ထဲက Unknown Source ကိုဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။ 
 
Setting > Application > Unknown Source အဲဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ။ Unknown
 Source ကို အမှန်ခြစ်ပေးလိုက်ပါ။ တစ်ကယ်လို့ သတိပေးစာ ပေါ်ခဲ့၇င်လဲ OK သာ နှိပ်ပေးလိုက်ပါ။
 
Download ဆွဲထားတဲ့ File ကို phone ရဲ့ SD Card ထဲကို ထည့်ထားပါ။
 
ကိုယ့်ရဲ့ phone ထဲက File Manager ကိုဖွင့်ပါ။ ဒါကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပုံစံ 
ကွာခြားတက်ပါတယ်။ အဲဒီ File Manager ထဲကမှတစ်ဆင့် SD Card ထဲကို copy ထည့်ထားတဲ့ Root 
Explorer.apk ကိုရှာပါ။ တွေ့ပြီဆို၇င်  အဲဒီ .apk file လေးကို နှိပ်ပြီး install ကိုနှိပ်လိုက်ယုံပါပဲ။
ဒါဆို ကျွန်တော်တို့ Roots Explorer ကို install လုပ်လို့ ပြီးသွားပါပြီ။

Installing of Zawgyi Fonts

Zawgyi Fonts Install လုပ်ဖို့အတွက် အစောက ထည့်ထားခဲ့တဲ့ Root Explorer ကိုဖွင့်ပါ။ software
 ကိုဖွင့်ဖွင့်ခြင်းမှာ Superuser Request ဆိုပြီး လာတောင်းခဲ့ရင် Allow ကိုနှိပ်ပေးလိုက်ပါ။ Root Explorer
 ဖွင့်တာနဲ့ / ထဲကို ရောက်နေပါလိမ့်မယ်။ အဲဒါက Roots လို့ ခေါ်ကြတဲ့ Directory ပါပဲဗျာ။ အဲဒီထဲကမှ 
မိမိရဲ့ SD Card ကိုရှာပါ။

SD Card ထဲကို ရောက်သွားပြီဆိုရင် Download ဆွဲထားတဲ့ Folder ထဲမှာ Zawgyi Fonts ဆိုတာ 
ပါပါတယ်။ အဲဒီထဲက DroidSans.ttf ဆိုတဲ့ File ကိုရှာပါ။

DroidSans.ttf ကို တွေ့ပြီဆိုရင် 3 စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါ။

Option တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲကမှ Copy ကိုရွှေးပြီး copy ကူးပါ။ အောက်မှာ Paste နဲ့ Cancel 
ကိုမြင်ရပါလိမ့်မယ် ဘာမှ မနှိပ်မိပါစေနဲ့ ။

Phone ထဲက Back ခလုတ်ကို နှိပ်ပြီးပဲ  / ကိုပြန်ရောက်အောင် ထွက်ခဲ့လိုက်ပါ။

/ ထဲကို ရောက်ပြီဆိုရင် system Folder ကိုရှာပါ။ အဲဒီ system folder ထဲကမှ fonts ဆိုတဲ့ folder ထဲကို 
ထပ်ဝင်ပါ။ အဲဒီ အချိန်ကျမှ paste ခလုပ်ကို နှိပ်လိုက်ပါ။

Warning Box တစ်ခု တက်လာပါလိမ့်မယ် ။ read only ဖြစ်နေလို့ copy ကူးလို့ မရဘူးလို့ ပြောတာပါ။
 အပေါ်နားက permission နေရာမှာ Mount R/W ကို တစ်ချက် နှိပ်လိုက်ပါ။ Mount R/O 
ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒါဆို Write လုပ်လို့ ရသွားပါပြီ ။ Paste ကို ပြန်နှိပ်လိုက်ပါ။

တစ်ကယ်တော့ DroidSans.ttf ဆိုတဲ့ နာမည်က Android Fonts ရဲ့ နာမည်ပါ။ ကျွန်တော်တို့က zawgyi
 fonts ကို android fonts နဲ့ အစားထိုးလှည့်စားလိုက်တဲ့ သဘောပါ။ အဲဒီအတွက် Zawgyi fonts ဆိုတဲ့
 နာမည်က DroidSans.ttf ဆိုပြီး ကျွန်တော် ပြောင်းထားလိုက်တာပါ။ စာဖတ်သူ ရှုပ်သွားမှာဆိုးလို့ 
ကျွန်တော် တစ်ခါတည်း ပြောင်းပြီး upload တင်ပေးလိုက်တာပါ။ အခု paste လုပ်လိုက်တဲ့အခါ Warning 
box တစ်ခု ထပ်တက်လာပါလိမ့်မယ်။ DroidSans.ttf ဆိုတဲ့ Fonts က ရှိပြီးသားကြီး ဖြစ်နေပါတယ်ဆိုတဲ့ 
Warning ပါ။ Overwrite လုပ်မှာ ဖြစ်တဲ့ အတွက် Yes ကိုပဲ နှိပ်ပေးလိုက်ပါ။

နောက်ဆုံး အဆင့် တစ်ခု ကျန်ပါသေးတယ်။ အခု ကျွန်တော်တို့ overwrite လုပ်ပြီး ထည့်လိုက်တဲ့
 DroidSans.ttf ဆိုတဲ့ Fonts ကို Permission ပေးရပါမယ်။ အဲဒီအတွက် DroidSans.ttf ပေါ်မှာ 3 
စက္ကန့်လောက်ဖိထားလိုက်ပါ။ permission ကိုရွှေးပြီး အားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ ok 
ကိုနှိပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါပြီ .. အစောက ပြောင်းခဲ့တဲ့ Mount R/O ကို Mount 
R/W ဖြစ်သွားအောင် ပြန်ပြောင်းပေးခဲ့လိုက်ပါ ။ မှားဖျက်မိတဲ့ အန္တရယ်က ကာကွယ်ပြီးသားရတာပေါ့ ။ 
အခုဆိုရင် Zawgyi fonts ကို Install လုပ်ပြီးပါပြီ။ မြန်မာလို ရေးထားတဲ့ message တွေ ၊ 
website တွေကို 
ကြည့်လို့ ရသွားပါပြီ ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ့်ဘာကိုယ်တော့ စာရိုက်လို့ မရသေးဘူးဗျ ။ 
ဘာဖြစ်လို့လဲဆိုတော့ Keyboard မထည့်ရသေးဘူးလေ …. 

အခု ကျွန်တော် DroidSans.ttf ဆိုတဲ့ File ကို အစားထိုးပြီး Zawgyi Fonts ထည့်နည်းကို ပြောခဲ့ပါတယ်။ 
ကျွန်တော် upload တင်ထားတဲ့ download Folder ထဲမှာက DroidSansFallback.ttf ဆိုတဲ့ fonts 
တစ်ခုလည်း ပါပါသေးတယ် ။ အကယ်၍ တစ်ချို့ဖုန်းတွေမှာ DroidSans.ttf ကို ထည့်လို့မှ မြန်မာလို 
မပေါ်ခဲ့ဘူးဆိုရင် DroidSansFallback.ttf ကိုပါ အပေါ်က ပြောခဲ့တဲ့ နည်းအတိုင်း ထပ်ထည့်ပေးလိုက်ပါ။ 
DroidSans.ttf ကိုထည့်လို့ မြန်မာလို ပေါ်ခဲ့ရင်တော့ ထပ်မထည့်ပါနဲ့ ။ 

Zawgyi Keyboard သွင်းနည်း

Zawgyi Keyboard ထည့်သွင်းဖို့အတွက်လဲ ကျွန်တော်ပေးထားတဲ့ ထဲက FrozenKeyboard_1.1.3.apk 
ကို SD Card ထဲ ထည့်ပြီး Software ကို Install လုပ်လိုက်ပါ။ 
 
Install လုပ်ပြီးသွားရင်တော့ မိမိ Phone ထဲက Setting ထဲကို ၀င်ပါ။ A (locale and text)
 
ထဲက Frozen Keyboard ဆိုတာ နှစ်ခု ပေါ်နေပါလိမ့်မယ်။ တစ်ခုက Setting အတွက်ပါ။ 
 
အရင်ဆုံး ကျွန်တော်တို့က Frozen Keyboard ကို ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Frozen keyboard Settings 
ဆိုတာ မပါတဲ့ကောင်ကိုပဲ အမှန်ခြစ်နှိပ်ပေးလိုက်ပါ။ 
အဲဒီမှာ သတိပေးတဲ့ message တစ်ခု ပေါ်လာပါလိမ့်မယ်။ OK ကိုသာ နှိပ်ပေးလိုက်ပါ။
 
ကိုယ့်ရဲ့ မြန်မာစာ keyboard က တစ်ကယ်အလုပ်မလုပ်ကို Message မှာ စမ်းရိုက်ကြည့်ပါ။
 
Message ပို့တဲ့နေရာကို သွားလိုက်ပါ။ အဲဒီမှာ မြန်မာလို ရိုက်ဖို့ မပေါ်သေးပါဘူး ။ စာရိုက်တဲ့ 
အကွက်ကလေးမှာ 3 စက္ကန့်လောက်ဖိထားပြီး Input Method ထဲကနေမှ Frozen Keyboard ကို 
ရှာပြီး ရွေးပေးလိုက်ပါ။

အဲဒါဆိုရင်တော့ Keyboard ပုံစံ ပြောင်းသွားပါပြီ ။ အင်္ဂလိပ်ကနေ မြန်မာစာ ပြောင်းဖို့ အတွက်လဲ (ABC 
<> ကခ) ခလုတ်ကလေးနဲ့ အလွယ်တစ်ကူ ချိန်းပြီး အသုံးပြုနိုင်ပါတယ် ။ 

အဲလောက်ဆို၇င်တော့ ကိုယ့်ဘာကိုယ် စမ်းလို့ အဆင်ပြေနိုင်မယ် ထင်ပါတယ် ….. သေချာ အသေးစိတ်
 ရှင်းမပြနိုင်တာကိုတော့ နားလည်ပေးပါ ခင်ဗျာ … အားလုံးပဲ အဆင်ပြေကြပါစေ …