မိမိနှစ်သက်ရာ Games Software လေးများ တောင်းဆိုနိုင်ပါတယ်

Wednesday, February 13, 2013

Gilisoft Video Editor






 Gilisoft Video Editor လေးပါ.. Video Cropping, Video Cutting and Video အစုံ စိတ်ကြိုက် လုပ်နိုင်တဲ့ all in one Video Editor လေး ပါ.. စမ်းကြည့်ပါလို့ တိုက်တွန်းပါရစေ.. မိမိကိုယ်တိုင် အမြဲသုံးနေတဲ့ Software လေးပါ.. အထူးသဖြင့် video cutting ရယ် cropping ဟာဆိုရင် ဒီsoftware ဟာ ပြီးပြည့်စုံတယ်လို့ဆိုချင်ပါတယ်..full free version လေးပါ..

  Download

သျှမ်းအမျိုးသားနေ့၌ ကျေးလက် အမျိုးသမီးတဦးအား အစိုးရစစ်တပ်က မုဒိန်းကျင့်

၆၆ နှစ်မြောက်သျှမ်းပြည်အမျိုးသားနေ့ အခါသမယ၌ သျှမ်းပြည်အလယ်ပိုင်း  ကျေးသီးမြို့နယ် ကျေးလက် အမျိုးသမီး တဦးအား  မြန်မာစစ်သားတဦးက  ဓါးပြတိုက် မုဒိန်းကျင့်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၇ ရက်ည သန်းခေါင်အချိန်တွင် အမည်မဖော်လိုသူ သျှမ်းအမျိုးသမီး (အသက် ၂၆ နှစ် ) နေအိမ်အား တံခါးခေါက်၍ အကူအညီတောင်းခဲ့သဖြင့် အဆိုပါ အမျိုးသမီးက တံခါးဖွင့်ကြည့်သည်နှင့် တပ်သားမောင်ဦး (အသက် ၃၀ ခန့်)က  အမျိုးသမီး အား ဓါးထောက်ကာ ပိုက်ဆံ ၇၀,၀၀၀ ကျပ် တောင်းကြောင်း၊ ထိုစဉ် အခန်းထဲ၌ အိပ်နေသော အမျိုးသမီး၏ ၂ နှစ်သား အရွယ် ကလေးက ငိုသဖြင့် ကလေးသွားချော့ရန် အခန်းထဲဝင်သွားစဉ် အမျိုးသမီးအား ဓါးဖြင့်ထောက်၍ အဓမ္မပြု ကျင့်လိုက်ကြောင်း ကာယကံရှင် အမျိုးသမီးက ပြန်လည်ပြောပြသည်ဟု ထိုရွာသို့ သွားရောက်တည်းခိုသည့် မိုင်းနောင်ဒေသခံက ဆက်လက်ပြောဆိုသည်။
“အဲဒီစစ်သားက ၁၂ နာရီခွဲကနေ ၂ နာရီအထိ မုဒိန်းကျင့်ပြီးတော့ အိပ်ပျော်သွားတာနဲ့ ကောင်မလေးက တိတ်တဆိတ် ထွက်လာပြီး ရွာသားတွေကို လာတိုင်တယ်။ ဒါနဲ့ရွာသားတွေက နယ်ထိန်းတွေကိုခေါ်ပြီး သူ့အိမ်ကို သွားဝိုင်းတယ်။ သူ့ကို ဖမ်းချုပ်လိုက်တယ်။ အခု အမှုဖွင့်ထားတယ်။ ဒီမနက် သူ့ရဲ့ တပ်ရင်းဗိုလ် လာကြည့်ပြီး ရိုက်နှက်ဆုံးမ သွားတယ်” ဟု ဆိုသည်။
၎င်းနှင့်ပတ်သက်၍ ကျေးသီးမြို့ရဲစခန်းသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းကြည့်ရာ အမည်မဖော်လိုသည့် ရဲအရာရှိ တဦးက “ရွာသားတွေက ရဲစခန်းကိုလာတိုင်တယ်။ ကောင်မလေးကိုလည်း ဆေးရုံကိုခေါ်သွားပြီး စစ်ဆေးတယ်။ ဆိုင်ရာသက်သေ အချက်အလက် တွေကိုလည်း ရန်ကုန်ကို ထပ်ပို့ပြီး စစ်ဆေးဦးမယ်” ဟု ပြောဆိုသည်။
အဆိုပါအမျိုးသမီးမှာ အိမ်ထောင်ကွဲနေသူတဦးဖြစ်ပြီး အခင်းဖြစ်ပွါးသည့်ညက ၎င်း၏ မိခင်က အလှူမင်္ဂလာ ဆောင်အိမ် သို့သွားရောက် ကူညီနေသဖြင့် နေအိမ်၌ ၎င်းနှင့်အတူ အသက် ၂ နှစ်အရွယ်နှင့် အသက် ၆ နှစ်အရွယ် ကလေး  ၂ ဦးသာကျန်ရစ်ခဲ့ကြောင်း ရွာသားများကပြောသည်။
ခလရ ၁၃၁ တပ်ရင်းမှူးမှာ ခရီးလွန်နေသဖြင့် ယခုလောလောဆယ် ဒုတပ်ရင်းမှူး ဗိုလ်မှူး ထွန်းထွန်းနောင်က စခန်းထိုင်ထားကြောင်း၊ ၎င်းတို့တပ်စခန်းသို့ ဗျူဟာမှူးလည်းရောက်ရှိနေကြောင်း နီးစပ်သူတဦးကပြောသည်။
မိုင်းနင်အုပ်စု နောင်ယုမ်း ရွာသည် ကျေးသီးမြို့နယ်၏တောင်ဘက် ၁ မိုင်အကွာတွင် တည်ရှိသည်။

မြွေတောင် ဖားတောင်းအရေး ချင်းလူမှုအဖွဲ့ အစည်းများ တွေ့ဆုံဆွေးနွေးပွဲလုပ်

ချင်းပြည်နယ်အထက်ပိုင်း တီးတိန်မြို့နယ်ရှိ မြွေတောင်၊ ဖားတောင်တွင် သတ္တုရိုင်းတူးဖော်ရေး စီမံကိန်းများ ပြုလုပ် လာပါက ဖြစ်ပေါ်လာ နိုင်သော အကျိုးသက်ရောက်မှုများ လေ့လာ ဆန်းစစ်သည့်တွေ့ဆုံဆွေး နွေးပွဲတရပ်ကို စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် စန်းမြို့ ရပ်ကွက်ရှိ Youth Center ခန်းမတွင် မနေ့က ကျင်းပခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် သယံဇာတ တူးဖော်မှုကြောင့်ဖြစ်ပေါ် လာသော အကျိုးဆက်များကို လေ့လာခဲ့ကြပြီး၊ ချင်းတောင်တွင် အဆိုပါကဲ့သို့ သယံဇာတ တူးဖော်မှုများပြု လုပ်လာပါက ဖြစ်ပေါ်လာ နိုင်သော အကျိုးဆက်များကိုလည်း ဆွေးနွေး ခဲ့ကြသည်ဟု စီစဉ်ဆောင် ရွက်သူ အထက်ချင်းတွင်း လူငယ်များကွန်ယက်မှ ကိုဇမ်ထွမ်း က ပြောသည်။
“မြန်မာနိုင်ငံ ဒေသအသီးသီးမှာဖြစ်နေတဲ့ သယံဇာတ ဖော်ထုတ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ၊ ဖြစ်ပေါ်တဲ့ ပြဿနာတွေကို ကျနော်တို့ ချင်းလူမှု အဖွဲ့အစည်းတွေ အပေါ်ချပြတယ်၊ ကျနော်တို့ ချင်းတောင်ဒေသမှာ ဒီလိုမျိုးစီမံကိန်းတွေ ၀င်လာတယ်ဆိုရင် ဘယ်လိုမျိုးဖြစ်ပေါ်လာနိုင်သလဲ ဆိုတာကို ကျနော်တို့ ဆွေးနွေးတာ ဖြစ်ပါတယ်၊ အဲဒီကတော့ မြွေတောင်၊ ဖားတောင်ကိစ္စမှာ ဘယ်လိုမျိုး ဆိုးကျိုး ကောင်းကျိုးတွေ ဖြစ်လာနိုင်သလဲဆိုတာကို ကျနော်တို့ဆွေးနွေး တာဖြစ်ပါတယ်’’ ဟု ကိုဇမ်ထွမ်း ကပြောသည်။
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ပြောဆိုချက်အရ မြွေတောင်၊ ဖားတောင်တွင် စီမံကိန်းများ အကောင် အထည်ဖော်လာမည်ဆိုပါက ကလေးကဘော်နှင့် ချင်းတောင်တွေမှာ အက်ဆစ်မိုးများ နှစ်တိုင်းပုံမှန် ရွာချမှုဖြစ်ပေါ်လာ နိုင်ခြေရှိနေပြီး ချင်းတွင်းမြစ်ကို မှီခိုအားထားနေရသော တောင်ယာ အမြောက်အများ ပျက်စီးနိုင်ဖွယ် ရှိသည်ဟုလည်း ကိုဇမ်ထွမ်းက ပြောသည်။
“ပညာတတ်တွေရဲ့ ခန့်မှန်းချက်အရ ကလေးကဘော်နဲ့ ချင်းတောင်မှာ အက်ဆစ်မိုးတွေ နှစ်တိုင်းပုံမှန် ရွာချနိုင်တဲ့ ခြေအနေမှာရှိပါတယ်၊ စီမံကိန်းတွေ စတင်လာပြီဆိုရင် မီးခိုးလုံးတွေက ထွက်ပေါက်မရှိဘူးလေ။ ခံရမှာက ကလေးကဘော်နဲ့ ချင်းတောင်ပေါ့၊ အက်ဆစ်တွေ စွန့်ပစ်မယ်ဆိုရင် ကလေးကဘော် ချိုင့်ဝှမ်းရဲ့ ရေထွက်ပေါက်ကလည်း အများကြီး ရှိတာမဟုတ်ဘူး၊ တခုထဲဘဲရှိတယ်လို့ ပြောလို့ရပါတယ်၊ ချင်းတွင်းမြစ်ပေါ့၊ ရေထွက်ပေါက်တခုထဲဘဲ ရှိတဲ့နေရာဆိုတော့ ရေထွက်ပေါက်ကို အမှီပြုတဲ့ တောင်ယာတွေ၊ လယ်တွေ အများကြီးပျက်စီးနိုင်စရာရှိပါတယ်’’ ဟု၎င်းကပြောသည်။
နီကယ်နှင့် ခရိုမီယံ သံသတ္တုရိုင်းများ ထွက်ရှိသည်ဟု ယူရဆရသော မြွေတောင်၊ ဖားတောင်တွင် လွန်ခဲ့သော ၂၀၀၆ ခုနှစ်က တရုတ်ကုမ္ပဏီ ကင်ဘို က စမ်းသပ် တူးဖော်မှုများ ပြုလုပ်ခဲ့ပြီး နီကယ်သတ္တုရိုင်း ၁၁၀ ဒသမ ၇ သန်းတန် နှင့် ခရိုမီယံ တန် ၃ သောင်းကျော် ထွက်ရှိနိုင်ကြောင်း ကင်ဘိုကုမ္ပဏီ၏ လေ့လာမှုစစ်တမ်းအရ သိရသည်။
ယခုလက်ရှိအခြေအနေတွင် မြွေတောင် ဖားတောင် စီမံကိန်းကို မည်သည့် ကုမ္ပဏီက တူးဖော်မည်ဆို သည်ကို အတိအကျ မသိရှိသေးသော်လည်း စီမံကိန်း အကောင်အထည် ဖော်မည်ဆိုပါက ဒေသခံပြည် သူများထံ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုး ကောင်းကျိုးများကို အရင်ချပြရန် လိုအပ်ကြောင်းလည်း ကိုဇမ်ထွမ်းက ပြောသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်း ပိုင်းကစပြီး တရုတ်ကုမ္ပဏီ Asia Guiding Star Service ကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူများက မြွေတောင် ဖားတောင်ကို လာရောက် လေ့လာမှုများ ပြုလုပ်ခဲ့ကြကြောင်း ယင်းကုမ္ပဏီက မကြာခင်တွင် စီမံကိန်းများ စတင်နိုင်ဖွယ် ရှိသည်ဟုလည်း ဒေသခံများက ခန့်မှန်းကြသည်။
မနေ့ကပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလနှင့်  ကျောင်းသားလူငယ် အယောက် ၃၀ ခန့် တက်ရောက်ခဲ့ ကြသည်ဟုသိရသည်။

Tuesday, February 12, 2013

Windows 7 product keys များ

Windows7 Home Basic, Home Premium, Ultimate Activation Product and Serial Key


Microsoft Windows7 Beta 32 bit

serial numbers, keygen, cracks, serial key

This Serial keys for Microsoft Windows7 Activation. After applying please give me comment.

GG4MQ-MGK72-HVXFW-KHCRF-KW6KY

Microsoft Windows7 Home Basic

serial numbers, keygen, cracks, serial key

This Serial keys for Microsoft Windows7 Home Basic Activation. After applying please give me comment.

Home Basic E   OEM VTKM9-74GQY-K3W94-47DHV-FTXJY
Home Basic N    OEM MD83G-H98CG-DXPYQ-Q8GCR-HM8X2
Home Basic     OEM YGFVB-QTFXQ-3H233-PTWTJ-YRYRV

Microsoft Windows7 Home Premium

serial numbers, keygen, cracks, serial key

This Serial keys for Microsoft Windows7 Home Premium Activation. After applying please give me comment.

Home Premium E OEM    76BRM-9Q4K3-QDJ48-FH4F3-9WT2R
Home Premium OEM         RHPQ2-RMFJH-74XYM-BH4JX-XM76F

Microsoft Windows7 Ultimate

serial numbers, keygen, cracks, serial key

This Serial keys for Microsoft Windows7 Ultimate Activation. After applying please give me comment.

Ultimate E OEM             TWMF7-M387V-XKW4Y-PVQQD-RK7C8
Ultimate N OEM      HTJK6-DXX8T-TVCR6-KDG67-97J8Q